ကျန်းမာတဲ့ မိန်းမကိုယ်ရဲ့ အပြင်ဘက်မှာ စွတ်စိုမှု အနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒီလိုစွတ်စိုမှသာ မိန်းမကိုယ် ယားယံတာမျိုး မဖြစ်မှာပါ။ ဒါ့အပြင် ချောဆီအဖြစ်နဲ့ လိင်ဆက်ဆံနေစဉ် ပွန်းပဲ့ထိခိုက်ခြင်း မဖြစ်အောင်၊ သုက်ပိုးများကို မိန်းမကိုယ်တွင်း အချိန်ကြာမြင့်စွာ ရှင်သန်စေပြီး မျိုးအောင်စေဖို့လည်း ကူညီပေးပါတယ်။ ဒါကြောင့် မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်လာရင် မခြောက်လွန်း၊ မစိုလွန်းတဲ့ pH7 ပမာဏကို ထိန်းဖို့ လိုတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။