backup og meta

သားအိမ်ခေါင်း ကျန်းမာရေးအတွက် ဘာတွေ စားကြမလဲ

သားအိမ်ခေါင်း ကျန်းမာရေးအတွက် ဘာတွေ စားကြမလဲ

သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အတော်လေး အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သားအိမ်ခေါင်းမှာ သားအိမ်ခေါင်းကင်ဆာအပြင် တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ သားအိမ်ခေါင်းပိုးဝင်တာမျိုးပေါ့။  နေထိုင်စားသောက်မှုတွေကို သေချာလေး ဂရုစိုက်ပေးတာကလည်း သားအိမ်ခေါင်း ကျန်းမာရေးကို ဂရုစိုက်ရာ ရောက်ပါတယ်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်း ကျန်းမာရေးအတွက် ဘာတွေ စားကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

သားအိမ်ခေါင်း ဆိုတာ

သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။ သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။

သားအိမ်ခေါင်းက ဘာတွေ လုပ်ပေးလဲ

သားအိမ်ခေါင်းက အရေးကြီးတဲ့ တစ်ခုမကသော တာဝန်တွေကို လုပ်ဆောင်ပေးနေတာပါ။

  • ရာသီစက်ဝန်းအတွင်းမှာဆိုရင် သန္ဓေအောင်စေဖို့အတွက် သားအိမ်ခေါင်း အချွဲမြှေးတွေကို ထုတ်ပေးပြီး သုက်ကောင်တွေ မိန်းမကိုယ်ထဲကနေ သားအိမ်ဆီကို ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။
  • မီးဖွားချိန်မှာ ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် ပြင်ပကို ရောက်ရှိအောင် ပို့ဆောင်ပေးဖို့ လမ်းကြောင်းဖွင့်ပေးပါတယ်။
  • သားအိမ်ထဲကို ဘက်တီးရီးယားတွေနဲ့ ပြင်ပကအရာတွေ ဝင်ရောက်တာမျိုး မရှိအောင် ကာကွယ်ပေးပါတယ်။

သားအိမ်ခေါင်း ကျန်းမာရေးအတွက် ဘာတွေ စားကြမလဲ

နေ့စဉ် စားသောက်မှုပုံစံထဲမှာ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးပေးတာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်း ကျန်းမာရေးအတွက် ဘာတွေ စားကြမလဲ ဆိုတာကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။

  • ဖရုံသီး

ရွှေဖရုံသီး၊ ကျောက်ဖရုံသီးတို့လိုမျိုး ဖရုံသီးတွေမှာ ဘီတာကယ်လ်ရိုတင်းလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ဗီတာမင် A ရရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။

အထူးသဖြင့် ရွှေဖရုံသီးမှာ ဘီတာကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုထဲမှာ ဖရုံသီး ပါဝင်အောင် စားသုံးပေးပါ။

  • ဂရိတ်ဖရုစ်

ဂရိတ်ဖရုစ်မှာ သားအိမ်ခေါင်း ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ lycopene ပါဝင်နေပါတယ်။ ဂရိတ်ဖရုစ်ထဲမှာ ကာရိုတီးနွိုက်နွယ်ဝင် ဘီတာကယ်လ်ရိုတင်း ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ကူးစက်မှုကို ကုသရာမှာလည်း အသုံးပြုကြပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ပန်းရောင်သမ်းနေတဲ့ ဂရိတ်ဖရုစ်စားပေးလို့ ရပါတယ်။

  • ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ သားအိမ်ခေါင်း ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ lycopene ပါဝင်နေပါတယ်။ အကြောင်းကတော့ ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်နွယ်ဝင် ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့်ပါ။ ဒီအာဟာရဓာတ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ကူးစက်မှုကို ကုသရာမှာလည်း အသုံးပြုကြပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ခရမ်းချဉ်သီးကို စားပေးလို့ ရပါတယ်။

  • ပန်းဂေါ်ဖီစိမ်း

ဖောလိတ်လို့ သိကြတဲ့ ဗီတာမင် B9 ပါဝင်နေတဲ့ ပန်းဂေါ်ဖီစိမ်းက မျိုးဆက်ပွားစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးသလို သားအိမ်ခေါင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ပန်းဂေါ်ဖီစိမ်းကို စားပေးလို့ ရပါတယ်။

  • ငရုတ်ပွ

ငရုတ်ပွမှာ ဗီတာမင် C ပါဝင်နေတာကြောင့် အအေးမိတာကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ဗီတာမင် C ကြွယ်ဝတာက သားအိမ်ခေါင်းကို ကျန်းမာစေသလို သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ငရုတ်ပွကို စားပေးလို့ ရပါတယ်။

  • ဟင်းနုနွယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ ဗီတာမင် C နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို သန်စွမ်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဟင်းနုနွယ်မှာ အမျိုးသမီးတွေ ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ဟင်းနုနွယ်ရွက်ကို စားပေးဖို့ အကြံပြုပါရစေ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Cervix https://my.clevelandclinic.org/health/body/23279-cervix#:~:text=What%20is%20the%20purpose%20of,make%20pregnancy%20and%20childbirth%20possible. Accessed Date 2 January 2022

What to Know About Cervix Function and Female Health https://www.verywellhealth.com/what-is-the-cervix-3520584 Accessed Date 2 January 2022

Lifestyle habits increase cervical cancer risk for emergency service workers https://policehealth.com.au/lifestyle-habits-increase-cervical-cancer-risk-emergency-service-workers Accessed Date 2 January 2022

5 foods for a healthy cervix https://blog.providence.org/nutrition/5-foods-for-a-healthy-cervix Accessed Date 2 January 2022

5 Nutrition Tips for a Healthy Cervix https://blog.theralogix.com/nutrition-tips-healthy-cervix/ Accessed Date 2 January 2022

ယခုပုံစံ

05/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Cervarix

သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement