သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

အမျိုးသမီးအများအပြားဟာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကို ပြန်လည်ရရှိဖို့၊ကလေးမွေးပြီး ဒါမှမဟုတ် အသက်အရွယ်ကြီးလာချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့အတွက် မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းကို ပြုလုပ်ကြလေ့ရှိပါတယ်။

ဒီလိုခွဲစိတ်လိုက်ခြင်းအားဖြင့် မိန်းမကိုယ်ကို ပြန်လည်တင်းကြပ်သွားစေပြီး တွဲကျတာ၊ပုံပျက်တာမျိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်တဲ့အတွက် ခွဲစိတ်မှုမခံယူမီ ဒီအချက်ကို သေချာစွာ ထည့်သွင်းစဉ်းစားရပါမယ်။

မိန်းမကိုယ်ခွဲစိတ်ပြုပြင်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက အရမ်းကြီး သိသာထင်ရှားများပြားလှတာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် မိန်းမကိုယ်တဝိုက်မှာ နီရဲရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်မှုခံယူပြီး ရက်အနည်းငယ်အတွင်းမှာ နာကျင်တာမျိုး၊အဖြူဆင်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ဒီလက္ခဏာတွေဟာ မကြာခင်မှာပဲ ပျောက်ကွယ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ မိန်းမကိုယ်ခွဲစိတ်ပြုပြင်ပြီးရင် တွေ့ကြုံရမယ့် နောက်ထပ်ပြဿနာတခု ရှိပါသေးတယ်။ ဒါကတော့ သင့်မိန်းမကိုယ်ရဲ့ အာရုံခံစားနိုင်စွမ်း ကာလကြာရှည် ဆုံးရှုံးတာ ဒါမှမဟုတ် အမြဲတမ်း ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ် (မိန်းမကိုယ်မှာရှိတဲ့ တစ်ရှူးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲသွားလို့ ဖြစ်ပါတယ်)။

ဒါပေမယ့် ဒီလိုပြဿနာမျိုးဟာ အင်မတန်ဖြစ်ခဲပြီး ဖြစ်ခဲ့ရင်လည်း ခွဲစိတ်ထားတဲ့ နေရာမှာပဲ အာရုံခံစားနိုင်စွမ်းဆုံးရှုံးတာမျိုး ဖြစ်တတ်တာပါ။ ခွဲစိတ်လိုက်လို့ သင့်မိန်းမကိုယ် အရမ်းကြီးတင်းကျပ်သွားတယ်ဆိုရင် သင့်အနေနဲ့ မိန်းမကိုယ်တဝိုက်မှာ အနည်းငယ်ကသိကအောင့် ခံစားရပါလိမ့်မယ်။

တခုရှိတာက အထက်မှာ ပြောခဲ့သလို မိန်းမကိုယ်ရဲ့ အာရုံခံစားနိုင်စွမ်းဆုံးရှုံးသွားမယ်ဆိုရင်တော့ သင့်အနေနဲ့ လိင်ဆက်ဆံတဲ့အခါ သာယာမှုကို ခံစားရတော့မှာ မဟုတ်ပါဘူး။

ဒါ့အပြင် အခြားသော ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ မိန်းမကိုယ်ခွဲစိတ်ပြုပြင်ခြင်းဟာ ဆီးအိမ်အောက်ခြေပိုင်း (ဆီးထွက်တဲ့နေရာ) နဲ့ စအို၊အူမကြီးအဆုံးပိုင်း အစရှိတဲ့ နေရာတွေက တစ်ရှူးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ခွဲစိတ်ပြီးနောက်မှာ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း မနေထိုင်ရင် ဒါမှမဟုတ် ဆေးထိုး၊ဆေးသောက်ဖို့ ပျက်ကွက်ရင် ပြင်းထန်ဆိုးရွားတဲ့ ကူးစက်ပိုးဝင်ခြင်းတွေကိုလည်း ခံစားရစေနိုင်ပါတယ်။

မိန်းမကိုယ်ခွဲစိတ်ပြုပြင်ခြင်းရဲ့ အဖြစ်များဆုံး ပြဿနာကတော့ ခွဲစိတ်မှုရလာဒ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်လိုချင်တဲ့ အနေအထား၊ဖြစ်ချင်တဲ့ ပုံစံနဲ့ပတ်သက်ပြီး ခွဲစိတ်မှု မပြုလုပ်ခင်မှာ ဆရာဝန်နဲ့ သေချာစွာဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။

ဒါမှသာ သင့်ဆရာဝန်အနေနဲ့ သင်ဖြစ်ချင်တဲ့ အနေအထားအတိုင်း အတတ်နိုင်ဆုံး ထပ်တူကျအောင် ခွဲစိတ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

အခြားသော ခွဲစိတ်ကုသမှုတွေ နည်းတူပါပဲ၊ မိန်းမကိုယ်ပြုပြင်ခွဲစိတ်တာဟာလည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို မလွှဲမရှောင်သာ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီလိုမျိုး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်ဖို့အတွက် ခွဲစိတ်မှုမပြုလုပ်ခင်မှာ ဆရာဝန်နဲ့ ရိုးသားပွင့်လင်းစွာ အသေးစိတ် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါ့အပြင် ရလာဒ်ကောင်းတွေကို ရရှိဖို့အတွက် ခွဲစိတ်ပြီးတဲ့အခါမှာလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာဖို့လည်း လိုပါလိမ့်မယ်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်း ရက်အရေအတွက်

(days) ရက်

28

ရာသီရက်စုစုပေါင်း

(days) ရက်

7

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Potential risks and complications of vaginal rejuvenation.

http://www.plasticsurgeons.com/article/body/vaginal-surgery/potential- risks-and- complications-of-
vaginal-rejuvenation. Accessed July 18, 2016.
Vaginal rejuvenation.

http://www.smartbeautyguide.com/procedures/body/vaginal-rejuvenation.
Accessed July 18, 2016.
Non-surgical vulvo-vaginal rejuvenation.

http://www.consultingroom.com/Treatment/Non-Surgical-
Vulvo-Vaginal- Rejuvenation. Accessed July 18, 2016.

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 23/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။