ကံကောင်းစွာနဲ့ပဲ မွေးလမ်းကြောင်းပြင်ခြင်းနည်းကအမျိုးသမီးတွေ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
မွေးလမ်းကြောင်းပြင်ခြင်းဆိုတာဘာလဲ
ရေဒီယိုလှိုင်းသို့မဟုတ် ပြင်းအားနည်း လေဆာအလင်းတန်းကိုသုံးကာ အမျိုးသမီးအင်္ဂါရဲ့ ငယ်ရွယ်မှုကိုပြန်လည်ဆောင်ကြဉ်းပေးခြင်းဖြစ်တယ်။ အန္တရာယ်နည်းပြီး အလွန်ကိုအာနိသင်ရှိသော နည်းဖြစ်ပါတယ်။ ဦးတည်ချက်နှစ်ခုရှိပြီး – မွေးလမ်းကြောင်းကျဉ်းပေးတာနဲ့ မိန်းမအင်္ဂါအရောင်ဖျော့ပေးတာ တို့ဖြစ်တယ်။
အမျိုးသမီးတွေအသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်တွေနည်းလာပြီး မွေးလမ်းကြောင်းဆန့်ကျုံ့သတ္တိလျော့လာပါတော့တယ်။ ကလေးမွေးခြင်းနဲ့ သိသိသာသာအလေးချိန်ကျဆင်းသွားခြင်းတို့ဟာလည်း မွေးလမ်းကြောင်းကျယ်သွားစေပြီး ကာမဘဝကို ကျေနပ်နှစ်သက်စရာမကောင်းအောင် ဖြစ်သွားစေတတ်ပါတယ်။
ထိုပြဿနာတွေအတွက် မွေးလမ်းကြောင်းပြင်သည့်နည်းကိုသုံးနိုင်ပါတယ်။ မွေးလမ်းကြောင်းပြင်ခြင်းဟာအောက်ပါပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်-
- အသက်ကြီးခြင်း၊ ကလေးမွေးခြင်းတို့ကြောင့် မွေးလမ်းကြောင်းကျယ်သွားခြင်း
- စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတို့ကြောင့် နာကျင်ရောင်ရမ်းခြင်း
- လိင်လမ်းကြောင်းခွဲစိတ်မှုတစ်ခုခုကြောင့် အမာရွတ်ကျန်နေခြင်း
- ဆီးမထိန်းနိုင်ခြင်းနှင့် နည်းမှန်မှန်နဲ့ မိန်းမကိုယ်ခွဲစိတ်ပြုပြင်လိုသူများအတွက်
ဘယ်လိုအလုပ်လုပ်သလဲ
မိန်းမကိုယ်ပြင်ခြင်းဆိုတာ အိုမင်းခြင်းကိုဆန့်ကျင်ပြီး ဆဲလ်များကြီးထွားဖြစ်ပေါ်ခြင်းကိုအားပေးပါတယ်။ နည်းအများစုက လိုအပ်တဲ့ဧရိယာမှာ ရေဒီယိုလှိုင်းသုံးပြီးပြုပြင်ကြပါတယ်။ ထိုကြိမ်နှုန်းလှိုင်းတွေက မွေးလမ်းကြောင်းအပူချိန်ကိုမြှင့်ပြီး ကော်လဂျင်ထွက်နှုန်းတက်စေပါတယ်။ လအနည်းငယ်ကြာနိုင်ပြီး တစ်ချိန်လျှင် ၁၀ မိနစ် ၁၅ မိနစ်ကြာနိုင်ပါတယ်။