backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသမီးလစဉ်သုံး Tampon သုံးစွဲပြီး ရေကူးခြင်းကအဆင်ပြေနိုင်ခြင်းရှိ/မရှိ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသမီးလစဉ်သုံး Tampon သုံးစွဲပြီး ရေကူးခြင်းကအဆင်ပြေနိုင်ခြင်းရှိ/မရှိ

အမျိုးသမီးလစဉ်သုံးTampon ဆိုသည်မှာ

-Tamponသည် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကဲ့သို့ပင်အမျိုးသမီးများ၏ ရာသီသွေးကိုစုပ်ယူနိုင်သော ပစ္စည်းဖြစ်ပါသည်။Tamponများကို နူးညံ့သောဝါဂွမ်းဖြင့် ပြုလုပ်ထားပြီးရှည်မျောမျော ပုံစံဖြစ်သည်။ အချောင်းပုံစံပြုလုပ်ထားသဖြင့် မိန်းမကိုယ်အတွင်းသို့ လွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ရာသီသွေးကို ချက်ချင်းစုပ်ယူနိုင်သဖြင့် သင့်ကို ခြောက်သွေ့သန့်ရှင်းစေပါသည်။Tamponများကို စုပ်ယူအားပေါ် မူတည်၍အရွယ်အစား အမျိုးမျိုး ရရှိနိုင်ပါသည်။ နီးစပ်ရာ စူပါမားကတ်၊ဆေးဆိုင်များနှင့် စတိုးဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူရှိနိုင်သည်။

Tampon ၏အရွယ်အစားကိုရွေးချယ်နည်း

-သင့်ရာသီသွေးပမာဏအပေါ် မူတည်၍ နှစ်သက်သလိုရွေးချယ်နိုင်ပါသည်။ သို့သော် ယခုမှစ၍ Tamponသုံးသူဖြစ်ပါက အရွယ်အစားသေးသေးကို သုံးမှသာ ထည့်သွင်းအသုံးပြုရလွယ်ကူပေလိမ့်မည်။

သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ

-သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ ဘက်တီးရီးယားပိုးဝင်ခြင်း၏ နောက်ဆက်တွဲရှားပါးသော အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် staphylococcus မျိုးနွယ် ရောဂါပိုးကြောင့်ဖြစ်သည်။ အထူးသဖြင့် Tampon အသုံးပြုသော ဆယ်ကျော်သက်အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိပါသည်။Tampon ကိုယ်တိုင်ကTSS ဖြစ်စေခြင်းတော့ မဟုတ်ပါ။Tampon သုံးခြင်းဖြင့် မိန်းမကိုယ်အတွင်းတွင် ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားရန်နေရာ ဖန်တီးပေးသကဲ့သို့ရှိပြီး ထိုရောဂါပိုးများက ရောဂါဖြစ်စေခြင်းဖြစ်သည်။ ငယ်ရွယ်သော အမျိုးသမီးများတွင် TSS ကိုတိုက်ဖျက်နိုင်သော ပဋိဇီဝပစ္စည်းများ နည်းပါးသဖြင့် ရောဂါဖြစ်ရန် ပိုမိုလွယ်ကူရခြင်းဖြစ်သည်။

Tampon သုံးရာတွင်သတိပြုသင့်သော အချက်များ

  • Tamponသုံးသူတိုင်း TSS ဖြစ်မည်ဟုမဆိုလိုပါ။ သို့သော် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုကောင်းမွန်သဖြင့် အောက်ပါအချက်များကို လိုက်နာပါက သင်၏မိန်းမကိုယ် အပါအဝင် ခန္ဓါကိုယ်ကို TSS ရောဂါဖြစ်နိုင်ခြေမှ လျှော့ချပေးပါသည်။
  • Tampon မသုံးမီနှင့် သုံးပြီး အချိန်တွင် လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ။
  • လက်သည်းရှည်များက နူးညံ့သော ကိုယ်တွင်း အစိတ်အပိုင်းများကို စုတ်ပြဲစေနိုင်သဖြင့် လက်သည်းများကိုဂရုစိုက်ပါ။
  • အချိန် ၈ နာရီကျော်ထက် ကြာ၍ Tampon မသုံးရပါ။ မိန်းမကိုယ်တွင်းတွင် ကြာကြာထားပါက ရောဂါပိုးများ
  • ပေါက်ဖွားနိုင်သဖြင့် အနည်းဆုံး ၄ နာရီနှင့် ၆ နာရီခြားတစ်ခါ လဲလှယ်ပေးပါ။
  • မိမိနှင့် သင့်တော်မည့် အမျိုးအစားကိုသာ ရွေးချယ်ပါ။ ရာသီသွေးနည်းသူ ဖြစ်ပါက သေးငယ်သော Tamponသာသုံးပါ။ စုပ်ယူမှုနည်းသော Tampon သည် ရောဂါပိုးဝင်နိုင်ခြေနည်းသည်။ သို့သော် ရာသီသွေး များသူဖြစ်ပါက စုပ်ယူမှု အားကောင်းသော Tamopn များသုံးနိုင်ပါသည်။
  • လစဉ်သုံး ဂွမ်းထုပ်ကို ညဘက်၊ Tamopn ကို နေ့ဘက် စသဖြင့် အဆင်ပြေသလို သုံးပါ။
  • ရာသီလာသော ရက်များတွင်သာ Tampon ကိုအသုံးပြုပါ။
  • ရာသီသွေးပေါ်သောရက်များတွင် ရေကူးချိန်၌ Tamopn သုံးခြင်းကို မစိုးရိမ်ပါနှင့်။ သင့်ခန္ဓါကိုယ်၏ ပုံစံအတိုင်း Tampon က အံဝင်ခွင်ကျ ရှိနေမည်ဖြစ်သဖြင့် ယိုစိမ့်မှုဖြစ်မည်ကို စိုးရိမ်ရန်မလိုပါ။
  • အမျိုးသမီးလစဉ်သုံး အခြားပစ္စည်းများကဲ့သို့ပင် Tampon သည်လည်း အဆင်ပြေသင့်တော်သော ပစ္စည်းဖြစ်ပါသည်။

နည်းလမ်းမှန်ကန်စွာ အသုံးပြုခြင်းဖြင့် သင့်ကို သက်တောင့်သက်သာရှိစေပြီး ရောဂါပိုးအန္တရာယ်မှလည်း ကာကွယ်ပေးပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement