သွေးဆုံးချိန်မှာ အရင်က ရှိခဲ့တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ နည်းသွားတဲ့အတွက် သွေးဆုံးကိုင် ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ သာမန်အားဖြင့်တော့ သွေးဆုံးကိုင် ဝေဒနာတွေက lifestyle modification လို့ ခေါ်တဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းရုံနဲ့ သက်သာလာတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်က သူများနဲ့မတူဘဲ သွေးဆုံးကိုင် လက္ခဏာတွေကို မခံစားနိုင်တော့ဘူးဆိုရင် ဟော်မုန်း အစားထိုး ကုသမှုကို ခံယူနိုင်ပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက ကိုယ်က ဟော်မုန်းအစားထိုးဖို့ လိုတဲ့သူလား။ ဘာနည်းလမ်းတွေ ရှိလဲ။ ဘေးထွက်ဆိုးကျိုး ဘာတွေ ရှိနိုင်လဲ စတာတွေကို ကြိုတွေးထားဖို့ လိုပါတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။