ဟော်မုန်းကြောင့်ခေါင်းကိုက်ခြင်း

    ဟော်မုန်းကြောင့်ခေါင်းကိုက်ခြင်း

    အမျိုးသမီးတော်တော်များများဟာသူတို့ရဲ့ဘဝသက်တမ်းမှာတစ်ကြိမ်ဒါမှမဟုတ်၂ကြိမ်လောက်တော့ဟော်မုန်းမညီမျှမှုကြောင့်ခေါင်းကိုက်တာကိုခံစားရဖူးပါတယ်။ ဖြစ်ရပ်တော်တော်များများမှာခေါင်းကိုက်တာနဲ့ရာသီသွေးဆင်းတာတို့ကြားမှာသိသာတဲ့ဆက်စပ်မှုရှိနေတယ်ဆိုတာကိုသတိထားမိခဲ့ပါတယ်။

    ရာသီသွေးပေါ်ချိန်မှာခေါင်းကိုက်တာဟာရာသီသွေးပေါ်နေချိန်အတွင်းရက်အတော်ကြာကြာခံစားရလေ့ရှိသလိုရာသီသွေးပေါ်ချိန်ရဲ့ပထမ၃ရက်အတွင်းမှာလည်းခံစားရနိုင်ပါတယ်။ ဟော်မုန်းမညီမျှမှုကြောင့်ခေါင်းတစ်ခြမ်းကိုက်ရတဲ့အကြောင်းအရင်းကတော့အီစထရိုဂျင်ဟော်မုန်းပမာဏရုတ်တရက်ကျဆင်းသွားတာကြောင့်ဖြစ်ပါတယ်။ ရာသီသွေးပေါ်ချိန်မှာခံစားရလေ့ရှိတဲ့ခေါင်းကိုက်ဝေဒနာဟာတစ်ခါတလေမှာ ပြင်းထန်လေ့ရှိပြီးတစ်ခါတလေအမျိုးသမီးတွေအနေနဲ့သူတို့ရဲ့နေ့စဉ်လုပ်ဆောင်နေကျလုပ်ဆောင်မှုတွေကိုတောင်မလုပ်ဆောင်နိုင်တာမျိုးအထိဖြစ်တတ်ပါတယ်။

    ရာသီသွေးပေါ်တာကပဲဟော်မုန်းမညီမျှမှုကြောင့်ခေါင်းကိုက်ရတဲ့တစ်ခုတည်းသောအကြောင်းအရင်းမဟုတ်ပါဘူး။ သားဆက်ခြားဆေးတွေကလည်းခေါင်းကိုက်တာကိုခံစားရစေနိုင်ပါတယ်။ အချို့အမျိုးသမီးတွေမှာတော့သားဆက်ခြားဆေးသောက်သုံးမှသူတို့အနေနဲ့ပိုမိုနေထိုင်ကောင်းသွားတာမျိုးလည်းရှိပါတယ်။ သားဆက်ခြားဆေးသောက်သုံးနေတာကိုရပ်တန့်လိုက်တဲ့အခါခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကမကြာခဏဆိုသလိုခံစားရတာကိုတွေ့ရပါတယ်။ သွေးဆုံးတာနဲ့ကိုယ်ဝန်ဆောင်တာကလည်းဟော်မုန်းမညီမျှမှုကြောင့်ခေါင်းကိုက်တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေါင်းကိုက်ဝေဒနာကကိုယ်ဝန်ဆောင်မီးဖွားကာနီး၆လအတွင်းမှာသက်သာပျောက်ကင်းသွားပြီးမွေးဖွားလာမယ့်ကလေးငယ်အပေါ်မှာအန္တရာယ်ဖြစ်စေတာမျိုးမရှိပါဘူး။

    တကယ်လို့ဟော်မုန်းကြောင့်ဖြစ်တဲ့ခေါင်းကိုက်ဝေဒနာခံစားနေရတယ်လို့သံသယရှိပါက ဖြစ်နိုင်ခြေရှိတဲ့ဆက်စပ်အကြောင်းအရာကိုစစ်ဆေးဖို့အတွက်ရာသီသွေးပေါ်ချိန်၃ကြိမ်ထက်မနည်းကိုရေးမှတ်ထားပါ။ အဆိုပါရေးမှတ်ထားတာကကုသမှုမှာများစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

    သွေးတွင်းသကြားဓါတ်ပမာဏကျဆင်းတာကိုထိန်းသိမ်းဖို့အတွက်နေ့ဘက်မှာပေါ့ပေါ့ပါးပါးစားလို့ရတဲ့သရေစာလေးတွေစားပေးတာကလည်းခေါင်းကိုက်တာကိုသက်သာလျော့ပါးစေပါတယ်။ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံချမှတ်ရေးဆွဲတာနဲ့လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းအားဖြင့်စိတ်ဖိစီးမှုမရှိအောင်လုပ်ဆောင်တာနဲ့အိပ်ရေးဝဝအိပ်စက်တာတွေလုပ်ဆောင်ပေးဖို့လည်းအကြံပြုလိုပါတယ်။ အရမ်းကိုအလုပ်များလွန်းတဲ့ဘဝနေထိုင်မှုပုံစံကကျန်းမာရေးအပေါ်မှာဆိုးဆိုးဝါးဝါးထိခိုက်လွှမ်းမိုးနေပါတယ်။ ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲလိုက်တာကခေါင်းကိုက်ဝေဒနာကိုသက်သာစေဖို့အတွက်လိုအပ်နေတဲ့တစ်ခုတည်းသောအရာဖြစ်နိုင်ပါတယ်။

    အမျိုးသမီးတွေအားလုံမှာမတူကွဲပြားတဲ့အနေအထားတွေရှိပါတယ်။ တစ်ယောက်အတွက်အလုပ်ဖြစ်ပေမယ့်အခြားတစ်ယောက်အတွက်အလုပ်မဖြစ်တာမျိုးလည်းရှိနေနိုင်ပါတယ်။ အထက်မှာဖော်ပြထးတဲ့နည်းတွေအတိုင်းလုပ်ဆောင်ကြည့်ပေမယ့်တိုးတက်ကောင်းမွန်လာတာမရှိဘူးဆိုရင်အီစထရိုဂျင်ဟော်မုန်းအားဖြည့်ဆေးတွေ၊ ခေါင်းကိုက်ပျောက်ဆေးတွေသောက်သုံးဖို့လို၊မလိုကိုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ရာသီသွေးပေါ်ခါနီးကာလမှာဟော်မုန်းမညီမျှမှုကြောင့်ခေါင်းကိုက်တာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့အနေအထားတစ်ရပ်ပါ။ ဟော်မုန်းအစားထိုးတဲ့ကုထုံးကဟော်မုန်းပမာဏညီမျှအောင်ထိန်းညှိပေးခြင်းဖြင့်ခေါင်းကိုက်ဝေဒနာသက်သာအောင်အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 28/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။