backup og meta

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ကဘာလဲ။

ဆီးကျိတ်ကြီးခြင်းဆိုသည်မှာအမျိုးသားတွေမှာ ဆီးကျိတ်ဂလင်းကြီးလာတာကို ဆိုလိုပါတယ်။ ဆီးကျိတ်ဂလင်းဆိုတာ အမျိုးသားမျိုးပွားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သစ်ကြားသီး အရွယ်အစားရှိပါတယ်။ အမျိုးသားတွေ သန္ဓေအောင်ဖို့ အတွက် အရေးပါတဲ့အရည်တစ်မျိုးကို ထုတ်ပေးပါတယ်။ ကြီးထွားမှုကာလကို နှစ်ပိုင်းခွဲထားပြီး ပထမပိုင်းက လုူပျိုဖော်ဝင်စမှာ စပြီး ဒုတိယပိုင်းကတော့ အသက်၂၅၀န်းကျင်မှုာ စပါတယ်။ ဆီးကျိတ်ကြီးခြင်းကို များသောအားဖြင့်ဒုတိယပိုင်းကာလမှ တွေ့ရပါတယ်။ ဆီးကျိတ်ဂလင်းဟာ ဆီးစွန့်ပြွန်အထက်ပိုင်း ပတ်ပတ်လည်မှာ ရှိနေပါတယ်။ ဆီးကျိတ်ဂလင်းကြီးလာတဲ့အခါမှာ ဆီးစွန့်ပြွန်ကိုသွားဖိမိပြီး ဆိးမစွန့်နိုင်တဲ့အတွက်ကြောင့် ဆီးအိမ်တင်းလာ နိုင်ပါတယ်။ အချိန်တွေကြာလာတဲ့အခါမှာ ဆီးအိမ်နံရံတွေလျော့ရဲလာပြီး အာရုံကြောတွေက ဆီးအိမ်ကိုမထိန်းချုပ်နိုင်တဲ့အတွက် ဆီးမထိန်းနိုင်ခြင်းစတဲ့ ဆီးသွားခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

အမျိုးသားတွေမှာသာဖြစ်တဲ့ တွေ့ရများတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်၅၀ကျော်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးလာတဲ့အမျှ ဖြစ်နိုင်ချေများလာပါတယ်။ အသက်၅၁ နဲ့ ၆၀ ကြားအမျိုးသား ၅၀ ရာခိုင်နှုန်း နဲ့ အသက်၈၀ ကျော် အမျိုးသား ၉၀ ရာခိုင်နှုန်းမှာ ဆီးကျိတ်ကြီးရောဂါ ဖြစ်နိုင်ချေရှိနေပါတယ်။

လက္ခဏာများ

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

တွေ့ရများတဲ့လက္ခဏာတွေကတော့

  • ဆီးစသွားဖို့နဲ့ ဆီးရပ်လိုက်ဖို့ခက်ခြင်း (ဆီး တစ်စက်၊တစ်စက် ကျနေခြင်း)
  • ဆီးသွားချင်နေခြင်း အထူးသဖြင့် ညဘက်တွေမှာ
  • ဆီးနည်းခြင်း
  • ဆီးကျန်တယ်လို့ ခံစားရခြင်း
  • ဆီးစွန့်ပြီးချိန်နောက် တစ်ခါ ထပ်စွန့်လိုခြင်း၊ ဆီးသွားလျှင်နာခြင်း
  • ညဘက်မှာဆီးသွားဖို့ နှိုးနေခြင်း၊ ခဏခဏဆီးသွားခြင်း ရုတ်တရက်ထိန်းချုပ်လို့မရအောင် ဆီးသွားချင်စိတ်ဖြစ်ခြင်း ကဲ့သို့သော ဆီးအိမ်ပြဿနာများ

အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့ အခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။

သင့်မှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေလားဆိုပြီး စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြဆွေးနွေးသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

အောက်ပါအချက်တွေထဲက တစ်ခုခုရှိခဲ့မယ်ဆိုရင် ဆရာဝန်နဲ့သွားပြသင့်ပါတယ်။

ဆီးလုံးဝမသွားနိုင်ခြင်း

  • ဆီးသွားလျှင်နာခြင်း
  • 38°C ထက် အပူကြီးခြင်း ဖျားခြင်း ချမ်းတုန်ခြင်း ကိုက်ခဲခြင်း
  • ထိခိုက်မှုမရှိဘဲ ခါး၊ နံရိုးအောက်နေရာ အောင့်ခြင်း
  • ဆီးထဲမှာ သွေးပြည်ပါခြင်း
  • ဆီးသွားလျှင် ပူခြင်း
  • သုက်လွှတ်လျှင် နာခြင်း
  • ဆီးမထိန်းနိုင်ခြင်း
  • ဆီးသွားခြင်းနဲ့ဆိုင်တဲ့ပြဿနာတွေ ရက်သတ္တပတ်ကြာ(သို့) လနဲ့ချီ ခံစားရခြင်း

အကြောင်းရင်းများ

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ။

အမျိုးသားတွေမှာ အသက်ကြီးလာတဲ့အမျှ ဖြစ်နိုင်ချေများလာပါတယ်။ ဘာကြောင့်ဖြစ်လဲမပြောနိုင်သေးပေမဲ့ ပော်မုန်းမညီမျှမှုတွေ ဆဲလ်ကြီးထွားမှုဆိုင်ရာပြောင်းလဲမှုတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ အသက် ၆၀ အောက်အမျိုးသားတွေမှာ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်ချေရှိပြီး ခွဲစိတ်ဖို့ လိုလောက်တဲ့အထိပြင်းထန်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

အများကြီးရှိပါတယ်။

  • အသက်အရွယ်(အသက်၄၀အောက် အမျိုးသားတွေမှာ ဆီးကျိတ်ဂလင်းကြီးခြင်း လက္ခဏာတွေ တွေ့ရခဲပါတယ်။ အသက်၆၀ အမျိုးသားသုံးပုံတစ်ပုံ နဲ့ အသက်၈၀ အမျိုးသားတစ်ဝက်မှာ လက္ခဏာမပြင်းထန်ရာကနေ ဆိုးဆိုးရွားရွားပြသည်အထိ ဖြစ်နိုင်ပါတယ်။
  • မိသားစုရာဇဝင် (သင့်ရဲ့သွေးချင်းထဲမှာ ဒီရောဂါမျိုးရှိနေတယ်ဆိုရင် သင့်မှာဖြစ်နိုင်ချေများပါတယ်။
  • လူမျိုး (လူဖြူတွေနဲ့လူမည်းတွေမှာ ဖြစ်နိုင်ချေများပါတယ် လူမည်းတွေဟာ လူ့ဖြူတွေထက် အသက်ငယ်ငယ်မှာလည်း လက္ခဏာပြနိုင်ပါတယ်။)
  • အမျိုးအစား၂ဆီးချိုရောဂါ၊ နှလုံးရောဂါသွေးလည့်ပတ်မှုနဲ့ ဆိုင်တဲ့ရောဂါ၊ နှလုံးသွေးတိုးကြောင့် သောက်ရတဲ့ဆေး beta blockers ကဲ့သို့သော ဆေးတွေသောက်နေရခြင်း
  • ပန်းသေပန်းညှိုးရောဂါ
  • လူနေမှုပုံစံ (အဝလွန်ခြင်း၊ လှုပ်ရှားမှုမရှိခြင်း)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရဲ့လက္ခဏာတွေ ကျန်းမာရေးအခြေအနေတွေနဲ့ ကိုယ်ခန္ဓါစမ်းသပ်စစ်ဆေးမှူတွေမှတစ်ဆင့် အတည်ပြုနိုင်ပါတယ်။ အခြားစစ်ဆေးမှုတွေကတော့

  • စအိုထဲလက်နှိုက်စမ်းခြင်း (စအိုထဲကိုလက်ချောင်းထည့်ပြီး ဆီးကျိတ်ဂလင်းအရွယ်အစားစမ်းခြင်း ဖြစ်ပါတယ်။)
  • ဆီးစစ်ခြင်း (ကူးစက်ပိုးရှိမရှိစစ်ဆေးခြင်း)
  • သွေးစစ်ခြင်း (ကျောက်ကပ်ပြဿနာရှိမရှိစစ်ဆေးခြင်း)
  • ဆီးကျိတ်ဂလင်းဆိုင်ရာ ပဋိဓါတ် (PSA) ကိုစစ်ခြင်း (သွေးထဲမှာများနေသည်ကို ကြည့်ခြင်းဖြင့် ဆီးကျိတ်ဂလင်း ကြီးနေကြောင်း သိနိုင်ပါတယ်။)
  • ဦးနှောက်နဲ့အာရုံကြောပိုင်းစမ်းသပ်ခြင်း (ဦးနှောက်နဲ့အာရုံကြောပိုင်း ကောင်းကောင်းအလုပ်လုပ်နိုင် မလုပ်နိုင်ကြည့်ခြင်း)
  • ဆီးအိမ်ထဲမှန်ပြောင်းထည့်ခြင်း (ဆီးစွန့် ပြွန်မှတစ်ဆင့်ထည့်ြ့ပီး ဆီးအိမ်နဲ့ ဆီးစွန့်ပြွန်နှစ်ခုလုံးအတွင်းကို ကြည့်ခြင်း)
  • အသားစ စစ်ဆေးခြင်း (ဆီးကျိတ်ဂလင်း ကင်ဆာဖြစ်မဖြစ်ကြည့်ခြင်း)
  • ဆီးစွန်ြ့ပွန်နဲ့ ဆီးအိမ်ကောင်းကောင်း အလုပ်လုပ်နိုင် ၊ မလုပ်နိုင်ကြည့်ခြင်း
  • စအိုကနေ အယ်လ်ထရာဆောင်းရိုက်ခြင်း (tranducerဆိုတဲ့ ကိရိယာကတစ်ဆင့် လုူရဲ့ခန္ဓါကိုယ်တစ်ရှူးတွေဆီကိုဖြတ်ခိုင်း ပြီး ပုံရိပ်ဖော်ခြင်းဖြစ်ပါတယ်။ ဆီးကျိတ်ဂလင်း မူမမှန်ခြင်းပြဿနာများကို သိနိုင်ပါတယ်။)

သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် အကောင်းဆုံးအဖြေကိုရဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသခြင်းမှာတော့ လူနေမှုပုံစံပြောင်းခြင်း၊ ဆေးပေးကုသခြင်း၊ ခွဲစိတ်ကုသခြင်းစတာတွေ ရှိနိုင်ပါတယ်။ ဆီးကျိတ်ဂလင်းအရွယ်အစား၊ အသက်၊ ကျန်းမာရေးအခြေအနေ၊ သင်ခံစားရတဲ့ ရောဂါဝေဒနာ မသက်သာမှုပေါ် မူတည်ပါတယ။်

သုံးနိုင်တဲ့ဆေးတွေကတော့

  • Alpha blockers (ဆီးကျိတ်ဂလင်းနဲ့ ဆီးအိမ်ကြွက်သားတွေကို လျော့စေတဲ့ terazosin (Hytrin)၊ doxazosin (Cardura)၊ tamsulosin (Flomax)၊ alfuzosin (Uroxatral) silodosin (Rapaflo) ကဲ့သို့သောဆေးများ)
  • Phosphodiesterase-5 inhibitor (ဒီဆေးအမျိုးအစားတွေကိုတော့ ပန်းသေပန်းညှိုးရောဂါတွေ အတွက် အဓိကသုံးပေမဲ့ ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေအတွက်လည်း သုံးလာတာကိုတွေ့ရပါတယ်။ ဆီးလမ်းကြောင်းအောက်ပိုင်း ကြွက်သားတွေကို ပြေလျော့စေပါတယ်။ tadalafil (Ciali) ကဲ့သို့သော ဆေးမျိုးဖြစ်ပါတယ်။)
  • 5-alpha reductase inhibitors(ဆီးကျိတ်ဂလင်း ကြီးလာတဲ့အခါမှာ စုပုံလာနိုင်တဲ့ DHT ထုတ်လုပ်မှုကို တားပေးတဲ့ဆေး ဖြစ်ပါတယ်။ finasteride (Proscar) ၊ dutasteride (Avodart) ဆေးများပါဝင်ပါတယ်။
  • ပေါင်းစပ်ဆေးပေးခြင်း(ဆေးတစ်မျိုးထဲ ပေးတာထက်ပိုအကျိုးရှိပါတယ်။ finasteride နဲ့ doxazosin၊ dutasteride နဲ့ tamsulosin ၊ alpha-blockers နဲ့ antimuscurinic ။
  • လူနေမှုပုံစံပြောင်းလဲခြင်းနှင့်အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးတွေက ဆီးကျိတ်ကြီးရောဂါကိုကုသရာမှာ ဘယ်လိုအထောက်အကူပေးသလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံနဲ့အိမ်သုံးကုထုံးတွေက ဆီးကျိတ်ကြီးခြင်းကို ကုသရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေ မှာ အကူအညီပေးပါတယ်။

    • ဆီးနှစ်ခါသွားခြင်း။ ဆီးသွားနိုင်သလောက်သွားပြီးရင် ခဏနားလိုက်ပါ။ ပြီးရင်နောက်တစ်ခေါက် ဆီးထပ်သွားကြည့်ပါ။

    • ဆီးကိုမတ်တပ်ရပ်မစွန့်ဘဲ ထိုင်လျက်သာစွန့်ခြင်း

    • ဆီးမသွားအောင် အရည်တွေ မသောက်ဘဲနေခြင်းကို ရှောင်ခြင်း (ရေဓါတ်ခန်းခြောက်ခြင်းကနေတစ်ဆင့် အခြားသောပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ နေ့ခင်းပိုင်း အရည်တွေသောက်ခြင်းက ကောင်းပါတယ်။)

    • ညဘက်မှာဆီးခဏခဏသွားနေရတယ်ဆိုရင် ညနေမှာ အရည်တွေလျှော့သောက်ခြင်း၊ ညအိပ်ရာဝင်ခါနီးဆီးသွားခြင်းပြုလုပ်ပါ။

    • ဆီးခဏခဏသွားစေတဲ့ လက်ဘက်ရည်၊ ကော်ဖီအရက်စတာတွေကို ရှောင်ခြင်း

    • ဓါတ်မတည့်ခြင်းတွေကိုတားတဲ့ဆေး၊ ရင်ကျပ်ပျောက်ဆေး၊ အစာအိမ်ဆေးတွေစတဲ့ အလွယ်တကူဝယ်လို့ရနိုင်တဲ့ဆေးတွေက ဆီးသွားခြင်းကိုခက်ခဲစေနိုင်တဲ့အတွက် ရှောင်ရှားခြင်း (ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ နဲ့တိုင်ပင်၍ သောက်ခြင်း)

    သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင ်သင့်အတွက် အကောင်းဆုံးအဖြေရဖို့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာက အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    [embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Prostate Enlargement/BPH Health Center.
http://www.webmd.com/men/prostate-enlargement-bph/benign-prostatic-hyperplasia-bph-topic-overview. AccessedJul 15 2016

Benign prostatic hyperplasia (BPH).
http://www.mayoclinic.org/diseases-conditions/benign-prostatic-hyperplasia/basics/risk-factors/con-20030812. Accessed Jul 15 2016

Prostate enlargement: Benign prostatic hyperplasia.
http://www.niddk.nih.gov/health-information/health-topics/urologic-disease/benign-prostatic-hyperplasia-bph/Pages/facts.aspx. Accessed Jul 15
2016

ယခုပုံစံ

05/07/2022

Hello Sayarwon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ



Hello Sayarwon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement