HIV ၊ ကာလသားရောဂါ စသည့် တခြားသော လိင်လမ်းကြောင်းမှတဆင့်ကူးတတ်သည့် ရောဂါများနှင့် ယှဉ်တွဲပြီးလည်းဖြစ်ပေါ်တတ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။
ဘယ်လိုသိရှိနိုင်မလဲ
များသောအားဖြင့်တော့ စမ်းသပ်မှုတွေ၊ ဆီးလမ်းကြောင်းမှထွက်လာသောအရည်၊ ပြည်များကိုစစ်ဆေးခြင်းဖြင့်ဖြစ်စေ ရောဂါသတ်မှတ်လေ့ရှိပါတယ်။
- ရောဂါ၏ထင်ရှားသော လက္ခဏာများကိုစစ်ဆေးခြင်း
- အတွင်းခံမှအရည်ကိုစစ်ဆေးခြင်း
- ဆီးထုတ်ပြွန်ဝကိုစစ်ဆေးခြင်း၊ အရည်၊ ပြည်၊ သွေးများ ၊ ပြွန်ဝကျဉ်းနေခြင်းများကိုစစ်ဆေးခြင်း
- ဘတ်တီးရီးယားစစ်ဆေးခြင်း
- စသည့် တခြားလိင်လမ်းကြောင်းမှတဆင့် ကူးတတ်သော ရောဂါများအတွက် အရေပြားတွင် အနာများစစ်ဆေးခြင်း
- သုတ်ထုတ်အင်္ဂါရောင်ရမ်းမှုရှိမရှိစစ်ဆေးခြင်း
- သုတ်ပို့ပြွန်၊ သုတ်လှောင်အိတ်ရောင်ရမ်းမှုရှိမရှိ စစ်ဆေးခြင်း
Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသမှုမှာတော့ ဘတ်တီးရီးယားပိုးသတ်ဆေးနဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတို့သုံးလေ့ရှိတယ်။ သုံးလေ့ရှိသောဆေးတွေကတော့-
- Azithromycin ၊ ပဋိဇီဝပိုးသတ်ဆေးတစ်မျိုး၊ ပုံမှန်အားဖြင့် တစ်ကြိမ်သာသောက်ရသောဆေးတစ်မျိုး။
- Doxycycline ၊ ပဋိဇီဝပိုးသတ်ဆေးသောက်ဆေးတစ်မျိုး၊ တစ်ရက် ၂ ကြိမ်နှုန်းနဲ့ တစ်ပတ်ခန့်သောက်ရလေ့ရှိသည်။
- Erythromycin ၊ ပဋိဇီဝပိုးသတ်ဆေးသောက်ဆေးတစ်မျိုး၊ တစ်ရက် ၄ ကြိမ်နှုန်းနဲ့ တစ်ပတ်ခန့်သောက်ရလေ့ရှိသည်။
- Ofloxacin ၊ ပဋိဇီဝပိုးသတ်ဆေးသောက်ဆေးတစ်မျိုး၊ တစ်ရက် ၂ ကြိမ်နှုန်းနဲ့ တစ်ပတ်ခန့်သောက်ရလေ့ရှိသည်။
- Levofloxacin ပဋိဇီဝပိုးသတ်ဆေးသောက်ဆေးတစ်မျိုး၊ တစ်ရက် ၁ ကြိမ်နှုန်းနဲ့ တစ်ပတ်ခန့်သောက်ရလေ့ရှိသည်။
ကုသမှုအပြီး ရက်အနည်းငယ်အတွင်း လကဏာများသက်သာသွားလျှင်လည်း ဆေးကိုအညွှန်းအတိုင်း ပြီးဆုံးအောင်သောက်ရပါမယ်။ မပြီးဆုံးပါက ရောဂါပြန်ဖြစ်ပြီး၊ ပိုဆိုးလာနိုင်ပါတယ်။
ဆီးပြွန်ရောင်ခြင်းအတွက်ဆေးများနှင့် ဓါတ်ပြုနိုင်သော တခြားဆေးတွေကတော့-
- သွေးကျဲဆေး
- နှလုံးဆေး
- အတက်ကျဆေး တို့ဖြစ်တယ်။
လိင်လမ်းကြောင်းမှတဆင့်ကူးတတ်သောရောဂါများကြောင့် ဆီးပြွန်ရောင်ခြင်းဖြစ်ရတယ်ဆိုရင်တော့ ကာယဆက်ဆံသူပါတနာပါ ဆေးစစ်ဖို့လိုပါလိမ့်မယ်။ ဒါဟာ ကူးစက်ခြင်းနဲ့ ရောဂါပြန်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ
မှန်ကန်သောရောဂါရှာဖွေတွေ့ရှိမှု၊ ကုသမှုတွေနဲ့ ဆီးပြွန်ရောင်ခြင်းဟာ တခြားနောက်ဆက်တွဲပြဿနာတွေမရှိဘဲ ကောင်းသွားနိုင်ပါတယ်။ ကာကွယ်နည်းတွေကတော့-
- ကာမဆက်ဆံသူများပြားခြင်းရှောင်ပါ
- ပုံမှန်စစ်ဆေးမှုများပြုလုပ်ပါ
- မိမိမှာရောဂါတွေ့ရှိပါက တခြားလူများကိုမကူးအောင် သတိထားပါ။
- ရောဂါပိုးကူးထားနိုင်ချေရှိပါက ကာမဆက်ဆံသူပါ ကုသမှုခံယူသင့်ပါတယ်။
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။