backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) ကဘာလဲ။

ဆီးသွားရာတွင်နာကျင်ခြင်း(ဆီးမသွားနိုင်ခြင်း) သည် ဆီးသွားရာတွင်နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း သို့ ပူလောင်မှုကိုခံစားရခြင်းတို့ဖြစ်ပါတယ်။ နာကျင်မှုဟာ ဆီးအိတ်၊ဆီးပို့ပြွန် သို့ စအိုနှင့် အင်္ဂါများ၏ကြားနေရာမှစတင်ဖြစ်ပေါ်ပါတယ် ။ ဆီးပို့ပြွန်ဆိုတာကတော့ ဆီးကိုခန္ဓါကိုယ်အပြင်သို့စွန့်ထုတ်ပေးသောပြွန်တစ်ခုဖြစ်ပါတယ် ။ ယောက်ျားလေးများတွင်တော့စအိုနှင့်ကပ်ပယ်အိတ်ကြားနေရာကို perineum ဟုခေါ်ပြီး မိန်းကလေးများတွင်တော့စအိုနှင့် အမျိုးသမီးအင်္ဂါကြားနေရာကို perineum ဟုခေါ်ပါတယ်။

Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဆီးသွားရာတွင်နာကျင်ခြင်းဟာအရမ်းအဖြစ်များပါတယ် ။ မိန်းကလေးများသည်ယောက်ျားလေးများထက်ပိုအဖြစ်များပြီး ယောကျာ်းလေးထဲတွင်တော့အသက်ကြီးပိုင်းများသည် အသက်ငယ်ပိုင်းများထက်ပိုအဖြစ်များကြပါတယ် ။ သို့သော်လည်း အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ နာကျင်မှုကိုသက်သာအောင်စီမံနိုင်ပါတယ်။ အသေးစိတ်အကြောင်းအရာများအတွက်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

လက္ခဏာများ

Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆီးမသွားခြင်းကိုဖြစ်စေတဲ့အကြောင်းအရာပေါ်မူတည်၍ နာကျင်မှုအပြင်အခြားလက္ခဏာများလည်းရှိနိုင်ပါသေးတယ် ။

လက္ခဏာတွေကတော့…

– ဆီးလမ်းကြောင်းအောက်ပိုင်းကူးစက်ခံရခြင်းတွင် ဆီးခဏခဏသွားခြင်း ၊ ဆီးအရမ်းသွားချင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း ၊ ဝမ်းဗိုက်အောက်ပိုင်းနားတွင်နာကျင်ခြင်း၊ ဆီးဟာနောက်ကျိနေပြီး အနံ့ပြင်း၍ သွေးများပါလာခြင်း တို့ပဲဖြစ်ပါတယ်။

– ဆီးလမ်းကြောင်းအပေါ်ပိုင်းကူးစက်ခံရခြင်းများတွင် ကျောအထက်ပိုင်းနာကျင်ခြင်း ၊ ချမ်းတုန်၍အဖျားတက်ခြင်း ၊ ပျို့ချင်အန်ချင်ခြင်း ၊ ဆီးအရောင်ညစ်ညစ်များသွားခြင်း၊ ဆီးခဏခဏသွားခြင်းနှင့် ဆီးအရမ်းသွားချင်ခြင်းတို့ပဲဖြစ်ပါတယ်။

– ဆီးပို့ပြွန်ရောင်ရမ်းခြင်းတွင်ဆီးပို့ပြွန်မှပြည်များထွက်ခြင်း ၊ ဆီးပို့ပြွန်ပွင့်ရာနေရာတစ်ဝိုက်တွင်နီရဲနေခြင်း၊ ဆီးခဏခဏသွားခြင်း ၊ မိန်းမကိုယ်မှအရည်များထွက်ခြင်းတို့ဖြစ်တတ်ပါတယ် ။ လိင်မှတစ်ဆင့်ကူးစက်ခံရတဲ့ဆီးပို့ပြွန်ရောင်ရမ်းသူများနှင့် လိင်ဆက်ဆံဖော်များတွင်တော့ အထက်ပါရောဂါလက္ခဏာတွေဖြစ်လေ့မရှိပါဘူး ။

– မိန်းမကိုယ်ရောင်ခြင်း တွင်မိန်းမကိုယ်တွင်နာကျင်ခြင်း ၊ စူးနေသလိုခံစားရခြင်းမိန်းမကိုယ်မှထွက်သောအရာများသည်ပုံမှန်မဟုတ်သောအနံ့မျိုးရနေခြင်း နှင့် လိင်ဆက်ဆံစဉ်မှာနာကျင်ခြင်း သို့ မသက်မသာခံစားရခြင်းတို့ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါပြီ။ လူတစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပါဘူး ။ သင့်အခြေအနေအတွက်အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ် ။

အကြောင်းရင်းများ

Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဆီးသွားရာတွင်နာကျင်မှုကိုဖြစ်စေတဲ့အကြောင်းရင်းများစွာရှိပါတယ်။ မိန်းကလေးများတွင်တော့ဆီးလမ်းကြောင်းပိုးဝင်မှုကြောင့်အများဆုံးဖြစ်တတ်ပြီး ယောက်ျားလေးများတွင်တော့ဆီးပြွန်ရောင်ခြင်းနှင့် ဆီးကျိတ်ရောဂါတို့ကြောင့် အဖြစ်များကြပါတယ်။

ဆီးသွားရာတွင်နာကျင်မှုဖြစ်စေတဲ့အများဆုံးအကြောင်းအရာတွေကတော့..

– ဆီးကျောက်တည်ခြင်း၊ဆီးအိတ်ရောင်ခြင်း၊ ဆီးအိတ်ကိုဘေးထွက်ဆိုးကျိုးဖြစ်စေသော ကင်ဆာကုသရန်တွင်အသုံးပြုသောဆေးများ၊မွေးရာပါရေယုန်များ၊ မိန်းမလစဉ်သုံးပစ္စည်းများ မိန်းမကိုယ်ထဲတွင်ကျန်ခဲ့ခြင်း၊ ကျောက်ကပ်ပိုးဝင်ခြင်းများ ၊ ကျောက်ကပ်တွင်ကျောက်တည်ခြင်းများ၊ ဆီးကျိတ်ရောင်ခြင်းများ၊လိင်မှတစ်ဆင့်ကူးစက်ရောဂါများ၊ဆပ်ပြာများ၊ရေမွှေးများ၊တစ်ကိုယ်ရည်သုံးပစ္စည်းများ ၊ဆီးပြွန်ကျဉ်းမြောင်းခြင်း ၊ ဆီးပြွန်ရောင်ခြင်း ၊သားဥပြွန်ရောင်ခြင်း၊ မိန်းမကိုယ်တွင်ရောဂါပိုးကူးစက်ခံရခြင်း တို့ကြောင့်ဖြစ်ပါတယ် ။

ဖြစ်နိုင်ခြေများ

Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဆီးသွားရာတွင်နာကျင်ခြင်းကိုပိုဆိုးစေတာတွေကတော့..

– လိင်ဆက်ဆံဖော်တစ်ယောက်ထက်ပို၍ဆက်ဆံမိခြင်း၊

– ရောဂါကူးစက်ခံရသူနှင့် လိင်ဆက်ဆံမိခြင်း၊

– အက်ဆစ်ဓါတ်များသောအစားအစာများကိုစားမိခြင်း၊

– ကော်ဖီနှင့် အရက်အလွန်အကျွံသောက်သုံးခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရဲ့ကျန်းမာရေးစောင့်ရှောက်သူဟာ ဆီးမသွားနိုင်တဲ့အချိန်တွေနဲ့သင့်တစ်ကိုယ်လုံးရဲ့ကျန်းမာရေးအခြေအနေတွေကိုအရင်ဆုံးမေးမြန်းပါလိမ့်မယ်။ ဆီးသွားသောအကြိမ်ရေ ၊ လိင်ဆက်ဆံခြင်းများစတဲ့အကြောင်းအရာတွေလည်းမေးမြန်းရာတွင်ပါဝင်ပါလိမ့်မယ်။ အပြင်ပိုင်းဆိုင်ရာစမ်းသပ်မှုကတော့ လူနာကိုမေးမြန်းလို့ရတဲ့အချက်အလက်တွေအပေါ်မှာမူတည်ပါတယ်။ စမ်းသပ်မှုတွေကတော့ ဝမ်းဗိုက်စမ်းသပ်မှုများ ၊ လိင်အင်္ဂါစမ်းသပ်မှုများနှင့် အမျိုးသမီးများတွင်မျိုးပွားလမ်းကြောင်းကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပါလိမ့်မယ် ။

ဆီးနမူနာကိုလည်းယူပါလိမ့်မယ် ။ ရုံးတွင်ဆိုလျှင် ဆီးစစ်သည့်ပြွန်နှင့် စစ်ဆေး၍ ဆီးနည်းခြင်းများအတွက်ဖြေရှင်းချက်များရှာနိုင်ပါတယ် ။ ဆီးစစ်ပြွန်ဟာ ဆီးထဲတွင်သွေးနှင့် ဘတ်တီးရီးယားတို့ပါရှိမှုကိုပါသိရှိနိုင်ပါတယ် ။( လိင်မှတစ်ဆင့်ရောဂါများတွင်အဖြစ်များပါတယ်)။ ဆီးထဲတွင်သွေးဖြူဥ သို့ သွေးနီဥများပါမပါအတည်ပြုနိုင်ရန် ဓါတ်ခွဲခန်းသို့ပို့ရပါတယ်။ ဘတ်တီးရီးယားကူးစက်မှုကိုအတည်ပြုရန်အတွက် ဘတ်တီးရီးယားကိုဆက်လက်ရှင်သန်စေရန် ဓါတ်ခွဲခန်းတွင် ပိုးမွေးရန်လိုအပ်ပါတယ်။

Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသခြင်းများကတော့ ဖြစ်စေတဲ့အကြောင်းအရာအပေါ်မှာမူတည်နေပါတယ်။

– ဘတ်တီးရီးယားများကြောင့်ဖြစ်သော ဆီးအိတ်နှင့် ကျောက်ကပ်ရောင်ရမ်းခြင်းများတွင်ပါးစပ်မှတစ်ဆင့်သောက်သုံးနိုင်သော ပိုးသတ်ဆေးများဖြင့်ကုသနိုင်ပါတယ် ။ ဖျားခြင်း ၊ ချမ်းတုန်၍ ပျို့အန်ခြင်းများနှင့်လာသော ပြင်းပြင်းထန်ထန်ကျောက်ကပ်ရောင်ခြင်းများတွင် ပိုးသတ်ဆေးများကို သွေးပြန်ကြောမှာတစ်ဆင့်ထိုးနိုင်ပါတယ် ။

– ဆီးပို့ပြွန်ရောင်ရမ်းခြင်းတွင်လည်းပိုးသတ်ဆေးများဖြင့်ကုသနိုင်ပါတယ် ။ အသုံးပြုရမယ့်ပိုးသတ်ဆေးကတော့ ရောဂါဖြစ်စေတဲ့အကောင်အပေါ်မှာမူတည်ပါတယ်။

– Trichomanas အကောင်နှင့် အခြားဘတ်တီးရီးယားများကြောင့်ဖြစ်သော မိန်းမကိုယ်ရောင်ရမ်းခြင်းများတွင် ပိုးသတ်ဆေးများဖြင့်ကုသနိုင်ပါတယ်။ မှိုကြောင့်ဖြစ်သောကူးက်ရောဂါများကိုတော့ မှိုသတ်ဆေးများကို ပါးစပ်မှဖြစ်စေ လိမ်း၍ဖြစ်စေ သုံးစွဲ၍ကုသနိုင်ပါတယ် ။

အကယ်၍ သင်ဟာ ကုသမှုကိုခံယူနေစဉ် လိင်ကိစ္စကိုမရှောင်နိုင်ဘူးဆိုလျှင် သင့်ရဲ့ဆက်ဆံဖော်လည်းကုသမှုခံယူသင့်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ ။

ဘယ်လိုနေထိုင်မှုပူံစံတွေနဲ့ အိမ်တွင်းကုသမှုတွေက ဆီးသွားရာတွင်နာကျင်ခြင်းကိုသက်သာစေသလဲ။

– အင်္ကျီအစွန်းချွတ်ဆေးများနှင့် သွားတိုက်ဆေး ၊ မုတ်ဆိတ်ရိတ်ဆေး အစရှိသည်တို့ကို့ ဓါတ်မတည့်မှုမှကာကွယ်နိုင်ရန် ရှင်းလင်းထားရပါမယ် ။ သင့်ကိုသင်လုံခြုံစေရန်လိင်ဆက်ဆံနေစဉ်အကာအကွယ်ကွန်ဒုံးအသုံးပြုရပါမယ်။ အစာအိမ်နှင့်အူများကို ဓါတ်မတည့်စေတဲ့အစားအစာများမပါအောင်စားရပါမယ် ။

– ဆီးချိုသွေးချို၊အစာလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါများဆိုင်ရာနိုင်ငံတစ်ကာအဖွဲ့ွအစည်းကတော့ အူလမ်းကြောင်းကို ဓါတ်မတည့်စေတဲ့အစားအစာတွေရှိတယ်လို့ဆိုထားပါတယ် ။ ထိုအစားအစာတွေကတော့ကော်ဖီ၊အရက်၊အစပ်များ၊အချဉ်များ၊အချိုရည်များနှင့် ခရမ်းချဉ်သီးထွက်ပစ္စည်းများ၊ဆီးချိုသမားများအတွက်ထုတ်ထားသော သကြားမပါပဲချိုသောအစားအစာများ.. အစရှိသည်တို့ဖြစ်ပါတယ် ။

– သင့်ရဲ့ဆီးအိတ်ကိုအနာကျက်မြန်စေရန် အက်စစ်ပါသောအစားအစာများကိုလည်းရှောင်ရပါမယ် ။ ကုသမှုခံယူနေစဉ်အတွင်းမှာသင်နှင့်တည့်သောအစားအစာများကိုပဲစားသင့်ပါတယ်။

အကယ်၍သင့်တွင်မေးစရာများရှိသေးလျှင်တော့အကောင်းဆုံးအဖြေကိုရရှိဖို့ဆရာဝန်ကိုမေးမြန်းသင့်ပါတယ် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement