backup og meta

Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) ကဘာလဲ။

ဆီးထဲတွင် alkaptonပါခြင်းဆိုတာ ရှားပါးတဲ့ မျိုးရိုးဗီဇ ရောဂါတခုဖြစ်ပြီး ကိုယ်ခန္ဓါကနေ homogentistic dioxygenase (HGD) အင်ဇိုင်းကို အလုံအလောက် မထုတ်နိုင်ရင် ဖြစ်တတ်ပါတယ်။ ဒီအင်ဇိုင်းဟာ အဆိပ်အတောက်ဖြစ်တဲ့ homogentistic acid ကို ချေဖျက်ပေးပါတယ်။ အင်ဇိုင်းကို လုံလောက်စွာ မထုတ်လုပ်နိုင်ရင် homogentistic acidတွေ ကိုယ်ခန္ဓါမှာ စုဝေးလာပါတယ်။

အဲဒီအက်ဆစ်ဟာ အရိုးတွေနဲ့ အရိုးနုတွေကို အရောင်ပြောင်းလာပြီး ပျက်စီးလွယ်လာစေပါတယ်။ ဒါကြောင့် အရိုးအဆစ်ရောင်ခြင်း (အထူးသဖြင့် ကျောရိုးမနဲ့ အဓိက အဆစ်တွေ) တွေ့ရတတ်ပါတယ်။

ဆီးထဲတွင် alkaptonပါခြင်း ဖြစ်ပွားသူတွေရဲ့ ဆီးအရောင်ဟာ အညိုရောင်၇င့်ရင့် ဒါမှမဟုတ် အမည်းရောင် ပြောင်းနေတတ်ပါတယ်။

Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ရှားပါးတဲ့ပြသနာဖြစ်ပါတယ်။ အရေအတွက် အတိအကျတော့ မသိရပါဘူး။ လူ၂သိန်းခွဲမှာ တယောက်ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆလိုဗက်ကီးယား၊ ဂျာမနီ၊ ဒိုမီနီကန်နိုင်ငံတွေမှာ ပိုပြီးတွေ့ရများပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

PasteTextHere

လက္ခဏာများ

Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဒီရောဂါရဲ့ လက္ခဏာတွေဟာ ကြီးပြင်းလာတာနဲ့အမျှ ပိုပြီး ရှင်းလင်းစွာ တွေ့မြင်လာနိုင်ပါတယ်။ အသိသာဆုံးကတော့ ဆီးအရောင် ညိုမည်းတာ တွေ့ရတတ်ပါတယ်။ အသက် ၂၀-၃၀ အရွယ်မှာ အရိုးအဆစ်ရောင်တဲ့ လက္ခဏာ စတင်လာတာကို တွေ့ရနိုင်ပါတယ်။

တခြားတွေ့ရများတဲ့ လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • မျက်စိ မျက်သားအဖြူမတွင် အမည်းစက်များ ပေါ်လာခြင်း
  • နားတွင်ရှိသော အရိုးနု ထူ၍ မည်းလာခြင်း
  • အရေပြားတွင် (အထူးသဖြင့် ချွေးဂလင်းများ အနီးတွင်) အပြာရောင်အစက်များ ပေါ်လာခြင်း
  • ချွေးအရောင် မည်းလာခြင်း
  • နားဖာချေး အမည်းရောင်ပြောင်းခြင်း
  • ကျောက်ကပ်နှင့် ဆီးကျိတ်တွင် ကျောက်တည်ခြင်း
  • အဆစ်ရောင်ခြင်း (အထူးသဖြင့် ပေါင်ဆစ်၊ ဒူးဆစ်)

တခါတရံမှာ နှလုံးပြသနာတွေ့ရတတ်ပါတယ်။ homogentistic acid များစုဝေးလာခြင်းဟာ နှလုံးအဆို့ရှင်တွေကို မာလာစေပါတယ်။ ကောင်းစွာမပိတ်နိုင်တဲ့အခါ အဆို့ရှင်ပြသနာတွေ ဖြစ်လာပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

သိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တယောက်နဲ့ တယောက်ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) ကိုဘာတွေကဖြစ်စေသလဲ

homogentisate 1,2-dioxygenase (HGD) ဗီဇပြောင်းလဲခြင်းကြောင့် ဖြစ်ပါတယ်။ ငုပ်လျှိုးဗီဇမျိုး ဖြစ်ပါတယ်။ ဆိုလိုတာကတော့ မိဘနှစ်ပါးစလုံးက သယ်ဆောင်လာမှ ရောဂါဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • မျိုးရိုးလိုက်တဲ့ရာဂါကြောင့် မိသားစုရာဇဝင်ရှိရင် ဖြစ်နိုင်ခြေများပါတယ်။ ကျားမ ဆတူ ဖြစ်တတ်ပါတယ်။ လူ၂သိန်းခွဲမှာ တယောက် ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးတွေကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမုမရှိခြင်း၊ တချို့လူတွေမှာ လက္ခဏာ မပြခြင်း စတာတွေကြောင့် အရေအတွက် အတိအကျ ခန့်မှန်းဖို့တော့ ခက်ပါတယ်။

ရှားပါးတဲ့ရောဂါ ဖြစ်ပေမယ့် တချို့နေရာတွေမှာ တွေ့ရများပါတယ်။ ဆလိုဗက်ကီးယားမှာ လူတသောင်းကိုးထောင်မှာ တယောက် ဖြစ်တတ်ပါတယ်။ ဒိုမိနီကန်မှာလည်း အဖြစ်များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ လေနဲ့ထိတွေ့ချိန်မှာ ဆီးအရောင် မည်းသွားရင် ဒီရောဂါလို့ သံသယရှိပါတယ်။ အရိုးအဆစ်ရောင်ရောဂါ စတင်နေခြင်း ရှိမရှိလည်း စစ်ဆေးပါလိမ့်မယ်။

Gas chromatography နည်းနဲ့လည်း ဆီးထဲက homogentistic acid ဓါတ် အခြေအနေကိုလည်း စစ်ဆေးပါလိမ့်မယ်။ HGD ဗီဇချို့ယွင်းမှုရှိမရှိ ဒီအန်အေ စစ်ဆေးပါလိမ့်မယ်။

မိသားစုရာဇဝင်ဟာလည်း ရောဂါအတည်ပြုရာမှာ အရေးပါပါတယ်။ ဒါပေမယ့် လူအများဟာ သူတို့အနေနဲ့ ရောဂါဖြစ်စေတဲ့ဗီဇကို သယ်ဆောင်တယ်ဆိုတာ မသိရပါဘူး။ သင့်မိဘတွေဟာလည်း သယ်ဆောင်သူတွေ ဖြစ်နေနိုင်ပါတယ်။

Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) ကို ဘယ်လိုကုသပါသလဲ

တိကျတဲ့ ကုသမှုတော့ မရှိပါဘူး။

ပရိုတိန်းနည်းတဲ့ အစားအစာတွေ စားရပါမယ်။ ဗီတာမင်စီ များများစားခြင်းဟာ အရိုးနုတွေထဲမှာ homogentistic acid ဓါတ် စုဝေးခြင်းကို လျော့နည်းစေပါတယ်။ ဒါပေမယ့် ဗီတာမင်စီကို ကြာရှည်စွာ သုံးစွဲခြင်းဟာလည်း ဒီပြသနာကို ကုသရာမှာ မထိရောက်ပါဘူး။

ကုမှုအချို့ကတော့ အောက်ပါ နောက်ဆက်တွဲ ပြသနာတွေကို ကာကွယ် လျော့ပါးစေပါတယ်-

  • အဆစ်ရောင်ခြင်း
  • နှလုံးရောဂါ
  • ကျောက်ကပ်တွင် ကျောက်တည်ခြင်း

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ခြင်းအတွက် အထောက်အကူ ပြုသလဲ

အချို့အချက်တွေဟာ သင်နဲ့သင့်ကလေးမှာ ဒီပြသနာ ရှိမရှိ စောစီးစွာသိနိုင်ပြီး ထိရောက်တဲ့ ကုသမှုတွေကို ပြုလုပ်နိုင်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ကလေးငယ်တွေမှာ ဆီးအမည်းသွားခြင်း ရှိမရှိ လေ့လာခြင်း
  • မိသားစုရာဇဝင်ရှိသူများအား မျိုးရိုးဗီဇဆိုင်ရာ ဆွေးနွေးခြင်း
  • သန္ဓေသားဘဝမှာပင် ဤအခြေအနေ ရှိမရှိ စစ်ဆေးခြင်း

ဆီးထဲတွင် alkaptonပါခြင်းလို့ ရောဂါအတည်ပြု ပြီးသူများဟာ ဆေးပညာအကြံပေးချက်တွေကို သေချာလိုက်နာပြီး ချိန်းဆိုရာမှာ အချိန်မှန် ပြသသင့်ပါတယ်။ အဆစ်ရောင်ခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်နဲ့ ဆီးကျိတ်ပြသနာများဟာ ကုသနိုင်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြိး ပရိုတိန်းကန့်သတ်ထားတဲ့ အစားအစာတွေကို စားခြင်းဟာ အထောက်အကူပြုပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆာင်သင့်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Hello Health Group does not provide medical advice, diagnosis or treatment.
Alkaptonuria. http://emedicine.medscape.com/article/941530-overview . Accessed April 14, 2017.
Alkaptonuria. http://www.healthline.com/health/alkaptonuria#outlook6 . Accessed April 14, 2017.
Alkaptonuria. https://www.epainassist.com/genetic-disorders/alkaptonuria . Accessed April 14, 2017.

ယခုပုံစံ

18/12/2019

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement