ဆီးကျိတ်ကြီးခြင်း ပြဿနာ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 22, 2020 . 2 mins read
Share now

ဆီးကျိတ်ကြီးခြင်း ဆိုတာဟာ အမျိုးသားတွေရဲ့ ဆီးကို စွန့်ထုတ်ပေးတဲ့ ဆီးပြွန်ရဲ့ဘေးပတ်ပတ်လည်မှာရှိနေတဲ့ ဆီးကျိတ်လေးတွေ ပုံမှန်ထက်ပို ကြီးလာတဲ့ ကင်ဆာမဟုတ်တဲ့ အခြေအနေမျိုးကို ခေါ်ပါတယ်။ အသက်၄၀ ကျော်လာတဲ့ အခါ အမျိုးသားတွေရဲ့ ဆီးကျိတ်လေးဟာ တစ်နှစ်ကို 2.4 cm3 လောက် ထုထည် ပိုပို ကြီးလာကြပါတယ်။ ဒါ့ကြောင့်လည်း ဒီဆီးကျိတ်ကြီးခြင်းဟာ အသက်အရွယ်ကြီးတဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်နေရတာပါ။

ဒါ့အပြင် အသက် ၈၀ နဲ့ အထက် အမျိုးသားတွေရဲ့ ထက်ဝက်ကျော်လောက်ဟာ ဆီးကျိတ်ကြီးတဲ့ ပြဿနာကို ခံစားနေကြရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဒီလို ဆီးကျိတ်ကြီးတဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး ဘယ်လို ရောဂါ လက္ခဏာတွေ ခံစားရနိုင်တယ်၊ သက်သာအောင် ဘယ်လို ပြုမူနေထိုင်သင့်တယ် ဆိုတဲ့ အချက်လေးတွေကို အဓိကထားပြီး မျှဝေပေးသွားချင်ပါတယ်။

ဆီးကျိတ်ကြီးခြင်း ရဲ့ ရောဂါလက္ခဏာများ။

၁။ ပထမဆုံး ပြသနာကတော့ ဆီးသွားရခက်ခဲခြင်းပဲဖြစ်ပါတယ်။

ဆီးပြွန်ပတ်ပတ်လည်မှာရှိတဲ့ ဆီးကျိတ်လေးတွေက ကြီးလာပြီး ဆီးပြွန်လေးကို ပိမိတဲ့အတွက် ဆီးသွားရခက်လာစေပါတယ်။

၂။ ဆီးသွားရခက်ခဲတဲ့အတွက် ဆီးလုံးသေးခြင်း၊ ဆီးသွားရာတွင် အားစိုက်ရခြင်း၊ ဆီးသွားပြီးပေမယ့် ဆီးကျန်သေးတယ်လို့ ခံစားနေရခြင်း စတဲ့ လက္ခဏာတွေ လည်း ခံစားရနိုင်ပါတယ်။

အခြား လက္ခဏာတွေ အနေနဲ့

၃။ ဆီးမကြာခဏ သွားခြင်း။

၄။ ဆီးမအောင့်နိုင်ခြင်း၊ မထိန်းနိုင်ခြင်း။

၅။ ညဘက်တွေမှာ မကြာခဏ ဆီးထသွားရခြင်း။

၆။ ဆီးသွားပြီးတဲ့အခါမှာလည်း တစ်စက်တစ်စက် ထပ်ကျနေခြင်း။

၇။ ဆီးသွားပြီး မကြာခင်မှာပဲ ထပ်သွားချင်လာခြင်း။

၈။ ဆီးသွားတဲ့အခါ နာကျင်ခြင်း။

စတဲ့ ပြသနာတွေလည်း ဖြစ်လာစေတဲ့အတွက် အရမ်းကို စိတ်အနှောက်ယှက်ဖြစ်စေနိုင်တဲ့ ရောဂါတစ်ခုပါ။

ဒါ့ကြောင့် ဖော်ပြပါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူတာက အကောင်းဆုံးဖြစ်မှာပါ။ ဆရာဝန်က ဆီးကျိတ်ကြီးတဲ့ ပမာဏ နဲ့ အခြေအနေပေါ်မူတည်ပြီး သောက်ဆေးဖြင့်ကုသခြင်း (သို့) အသေးစားခွဲစိတ်မှုတစ်ခုခုနဲ့ သက်သာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ တကယ်လို့ ဆရာဝန်နဲ့ မပြသဘဲ ပေါ့ဆမိမယ်ဆိုရင်တော့ နောက်ဆက်တွဲ အနေနဲ့

စတဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဆီးကျိတ်ကြီးခြင်းကို သက်သာလာအောင် ကူညီပေးနိုင်တဲ့ နေထိုင်မှုပုံစံများ

၁။ ညဘက်ကို ရေ နဲ့ အခြား အချိုရည်တွေသောက်တာကို ရှောင်ပါ။

၂။ ရေကို တစ်ခါတည်း အများကြီးမသောက်ဘဲ နည်းနည်းစီခွဲပြီး သောက်ပါ။

၃။ အရက်နဲ့ Caffeine ဓာတ်ပါတာတွေကို ရှောင်ပါ။

၄။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပြီး နေထိုင်ပါ။

၅။ နေ့တိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

၆။ ဆီးသွားတဲ့အခါ စိတ်ရှည်ရှည်နဲ့ တစ်ခါသွားပြီးတိုင်း ခဏစောင့်ပြီး နောက်တစ်ခါ ဖြည်းဖြည်းချင်း ထပ်သွားကြည့်ပါ။

ဒီလို အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်းပြသနာကို ကာကွယ်နိုင်မယ့် ကုထုံး အတိအကျ မရှိသေးပေမယ့် ဒီနည်းလမ်းလေးတွေကတော့ သင့်ကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ရောဂါလက္ခဏာတွေကိုတော့ အနည်းနဲ့ အများ သက်သာအောင် ကူညီပေးနိုင်မှာပါ။

ကျန်းမာကြပါစေ။

ရေးသားသူ- Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည် သဘောပေါက် လက်ခံပေးတာဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား

ရေးသားသူ Ye Zon Aung

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေသလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
လူကြီးတွေမှာ အစာစားချင်စိတ်ပျောက်

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read