အိပ်ချင်စိတ်ရှိရင် အိပ်လိုက်ပါ
အိပ်စက်ခြင်းဟာ သင့်ရဲ့ အသက်ရှည်ကျန်းမာမှုရဲ့ အဓိက အကြောင်းတရားတွေထဲက တစ်ခုဖြစ်ပါတယ်။ အိပ်ချင်စိတ်ရှိလာတာဟာ သင့်ခန္ဓာကိုယ်ကြီးက အိပ်စက်ဖို့ လိုအပ်လာလို့ တောင်းဆိုတာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချင်စိတ်ပေါ်လာရင် အိပ်လိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ အိပ်ချင်စိတ်ကို တားဆီးပြီး တင်းခံနေမယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ကြီးမှာ ထိခိုက်နစ်နာမှုတွေ ကြုံဆုံလာရမှာဖြစ်ပါတယ်။ အိပ်ချိန်မှားနေတာတွေ၊ အိပ်ချိန် မမှန်တာတွေ၊ လုံလုံလောက်လောက် မအိပ်စက်ဖြစ်တာတွေများလာရင် သင့်ရဲ့ ကျန်းမာရေးကို အများကြီးထိခိုက်စေမှာပါ။
ဒါကြောင့် အိပ်စက်ချိန်ကို အချိန်မှန်အောင်ကြိုးစားပြီး နေ့စဉ် နည်းမှန်လမ်းမှန်နဲ့ အိပ်ရေးဝဝအိပ်စက်ဖို့ တိုက်တွန်းလိုပါတယ်။ သင်အိပ်ရေးပြီး လန်းဆန်းနေတယ်ဆိုရင် သင်ပြုလုပ်လိုတဲ့အရာတွေကို အိပ်ယာကနေ နိုးလာချိန်မှာ ဦးနှောက်ကြည်ကြည်လင်လင်နဲ့ အပြည့်အဝ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒီလိုမဟုတ်ပဲ အိပ်ချင်စိတ်ကို တားဆီးပြီး တစ်ခုခုကိုလုပ်ဆောင်လိုက်မယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေမှာဖြစ်သလို တခြားသော အကျိုးမရှိတာတွေသာ ပိုပြီးဖြစ်လာစေမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။