backup og meta

မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား

မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား

မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား ……. မျက်နှာမှာ ဝက်ခြံ၊ တင်းတိပ်၊ ဆားဝက်ခြံနဲ့ အရေးအကြောင်းတွေ ရှိတတ်ကြပါတယ်။ ဒါ့အပြင် အဆီဖုတွေလည်း ရှိနေတတ်ပါတယ်။ ဆားဝက်ခြံနဲ့ ဝက်ခြံတွေက ညှစ်ထုတ်ပစ်လိုက်လို့ ရပေမယ့် အဆီဖုတွေက ညှစ်ဖို့အတွက်လည်း ခက်ခဲပါတယ်။ အဆီဖုလေးတွေဟာ နဖူး၊ မျက်လုံးအောက်ဘက်နဲ့မေးစေ့တွေမှာ အဖြစ်များပါတယ်။

မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား

အဆီဖုလေးတွေဟာ ပုံမှန်အားဖြင့်တော့ ရောင်ရမ်းတာတွေ၊ ယားယံတာတွေမရှိပါဘူး။ အဆီဖုလေးတွေရှိနေတာကြောင့် မျက်နှာချောချောမွေ့မွေ့ မဖြစ်လို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ဖြစ်ရတဲ့အကြောင်းရင်း၊ ဘယ်လိုကုသမလဲဆိုတဲ့ နည်းလမ်းလေးတွေ လိုလာပါပြီ။

အဆီဖုဖြစ်ပွားရတဲ့ အကြောင်းအရင်း

အဆီဖုက လူတိုင်းနီးပါးတော့ မဖြစ်ကြပါဘူး။နေရောင်ခြည်ဒဏ် အထိများခြင်း၊ ပိုးမွှားဝင်ရောက်ခြင်း၊ မိတ်ကပ်မဖျက်ဘဲ ညအိပ်ရာဝင်ခြင်းတွေကြောင့် အဖြစ်များပါတယ်။ နောက်ထပ်အကြောင်းရင်းကတော့ မျိုးရိုးကြောင့်ပါ။

အဆီဖု အမျိုးအစား

(၁) မျက်စိအောက်ဘက်မှာ ထွက်တတ်တဲ့ အဆီဖု အမျိုးအစားကတော့ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဖြစ်နိုင်ချေ များပါတယ်။ မျက်စိအောက်ဘက်မှာပေါက်တဲ့ အဆီဖုတွေကတော့ ပရိုတင်းဓာတ်လိုတာကြောင့်ဖြစ်နိုင်ပါတယ်။ အကယ်လို့ မျက်လုံးတစ်ဝိုက်မှာ အဆီဓာတ်များနေမယ်ဆိုရင်လည်း အဆီဖုတွေဖြစ်နိုင်ပါတယ်။ မျက်လုံးနားတစ်ဝိုက်က အဆီဖုတွေဟာ လွယ်လွယ်လည်း မပေါက်နိုင်သလို လွယ်လွယ်နဲ့လည်း မပျောက်ကင်းနိုင်ပါဘူး။

(၂) မေးစေ့အောက်ဘက်မှာ ထွက်တဲ့အဆီဖုအမျိုးအစားကတော့ ထိပ်ဘက်မှာ အဖြူအဆံလိုမျိုးလေး ရှိနေတတ်ပါတယ်။ မျက်နှာပေါ်မှာချွေးပေါက်တွေ ပိတ်နေခြင်း၊ ဘက်တီးရီးယားတွေ ရှိနေခြင်းကြောင့်ဖြစ်နိုင်ပြီး နဖူးနဲ့မေးရိုးတစ်လျှောက်မှာလည်းပေါက်နိုင်ပါတယ်။

(၃) ပါးပေါ်မှာပေါက်တဲ့ အဆီဖုတွေကတော့ မျက်နှာပေါ်က အမွေးအမျှင်တွေကို ဖယ်ရှားတဲ့အခါမှာသေချာ သန့်ရှင်းအောင် မပြုလုပ်တာကြောင့်ပါ။ ဒီလိုမျိုး မသန့်ရှင်းခြင်းနဲ့ နည်းလမ်းမှန်မှန် အမွေးအမျှင်တွေကို မဖယ်ရှားတာက ယားယံခြင်းကိုဖြစ်စေပြီးနောက်ဆက်တွဲအနေနဲ့ အဆီဖုအဖြစ်ပြောင်းလဲသွားတာပါ။

ကာကွယ်ရမယ့် နည်းလမ်းများ

  • မျက်နှာကို အပျော့စားဆပ်ပြာနဲ့ တစ်နေ့နှစ်ကြိမ် သစ်ပါ။
  • ညအိပ်ရာဝင်တဲ့အခါမှာ မိတ်ကပ်တွေ ဖျက်ပါ။
  • ရေများများသောက်ပါ
  • မိတ်ကပ်လိမ်းတဲ့အခါမှာ အဆီများတဲ့ မိတ်ကပ်မလိမ်းဘဲနဲ့ ရေဓာတ်များများ ပါတဲ့ မိတ်ကပ်ကိုသာရွေးချယ်ပါ။
  • ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ
  • အသီးအရွက်၊ အသားငါး မျှတအောင် စားသုံးပါ။

ကုသရန်နည်းလမ်းကောင်းများ

  • ပျားရည်

ပျားရည်မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အပြင် အရေပြားခြောက်သွေ့ခြင်းကနေလည်း ကာကွယ်ပေးပါသေးတယ်။ အဆီဖုတွေကို သက်သာစေတဲ့ သဘာဝပစ္စည်းပါ။ ပျားရည်ကို ဘာနဲ့မှ မရောဘဲ အဆီဖုလေးတွေအပေါ်မှာ လိမ်းထားပေးတာမျိုး လုပ်နိုင်ပါတယ်။ မိနစ်(၂၀)လောက် ထားပြီးမှရေဆေးချပါ။ တစ်ပတ်ကို (၄) ကြိမ်လောက် လုပ်ပေးတယ်ဆိုရင် သိသိသာသာလေးကောင်းမွန်လာမှာပါ။

  • မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကလည်း အဆီဖုတွေကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းလေးနဲ့ရောပြီး ခပ်ပျစ်ပျစ်အနေအထား ဖျော်လိုက်ပါ။နောက်တော့ အဆီဖုထွက်တဲ့နေရာတွေမှာ လိမ်းပါ။ နောက်မှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်ရုံနဲ့ သက်သာလာမှာပါ။

  • သံပရာသီး

သံပရာသီးမှာ ပါဝင်တဲ့ citric acid ကချွေးပေါက်တွေကို ကျဉ်းစေပြီး ပိုလျှံတဲ့အဆီနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အဆီဖုတွေ ထပ်မထွက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သံပရာရည်ကို ဂွမ်းစလေးထဲကို ညှစ်ပြီး အဆီဖုရှိတဲ့နေရာတွေမှာ တို့ထိပေးပါ။ မိနစ်(၂၀)လောက်ကြာအောင် ထားပြီးပြီဆိုမှ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် လုံလောက်ပါပြီ။

မျက်နှာမှာ အဆီဖုတွေ ရှိနေတာကြောင့် စိတ်ညစ်နေရတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းနဲ့ ကုသလို့ရမယ့် အိမ်တွင်းနည်းလမ်းလေးတွေကို လိုက်နာကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.treatnheal.com/bumps/face-bumps/white-bumps-on-face-small-hard-raised-little-lumps-on-face-not-milia-causes-treatment/

https://www.healthline.com/health/milia#types

https://www.medicalnewstoday.com/articles/320953.php

 

ယခုပုံစံ

20/03/2023

Eaindray Kha မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Sleeping Mask သုံးရင် မျက်နှာမှာဘာတွေအကျိုးထူးမလဲ

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement