backup og meta

မျက်နှာပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ နည်းလမ်း ငါးသွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ နည်းလမ်း ငါးသွယ်

    မျက်နှာပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ နည်းလမ်း ငါးသွယ်က ဘာတွေများဖြစ်မလဲ။ သိချင်နေပြီလား။ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    ကျွန်တော်တို့အားလုံးမှာ ကိုယ်မှာ မလိုချင်တဲ့ အမွေးအမျှင်တွေမျက်နှာပေါ်မှာရှိတတ်ပါတယ်။ တခါတလေ ပါးမှာ၊ တခါတလေ မေးစေ့မှာ စသဖြင့်ပေါ့။ ဒီလို အမွေးအမျှင်တွေကို ဖယ်လည်းဖယ်ပစ်ချင်တယ်၊ အသားရေကိုလည်း ထိခိုက်မှာ စိုးရိမ်နေတယ် ဆိုရင် အောက်မှာရေးထားတဲ့ မျက်နှာပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ နည်းလမ်း ငါးသွယ် ကို  စမ်းသုံးကြည့်ပါ။

    မျက်နှာပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ နည်းလမ်း ငါးသွယ်

    မျက်နှာပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ နည်းလမ်း ငါးသွယ် ကတော့

    • ဖယောင်းကို အသုံးပြုပြီး အမွေးအမျှင်တွေ ဖယ်ရှားနည်း (Waxing)

    မျက်နှာရဲ့ ဘယ်အစိတ်အပိုင်းအတွက်မဆို ဖယောင်းကို အသုံးပြုနိုင်ပါတယ်။ တခါ waxing လုပ်ထားပြီးရင် တလ ကနေ နှစ်လအထိ အဲ့နေရာမှာ ဘာအမွှေးအမျှင်မှ ထပ်ထွက်လာမှာ မဟုတ်ပါဘူး။ ကုန်ကျစားရိတ်လည်း အရမ်းကြီးမများလှပါ။ waxing လုပ်ပြီးတဲ့ နောက်ပိုင်းကိုယ့်အသားအရေကို ဂရုတစိုက် ဆက်လက်ထိန်းသိမ်းဖို့ပဲ လိုအပ်ပါတယ်။ တခုရှိတာက waxing လုပ်တာဟာ အရေပြားရဲ့ အပေါ်ယံမှာ ကာကွယ်ပေးထားတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပစ်လိုက်တာ ဖြစ်တဲ့အတွက် waxing လုပ်ပြီးတဲ့အခါ ဂျီးချွတ်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် နဲနဲပြင်းတဲ့ ဓါတုဗေဒပစ္စည်းတွေကို သုံးတာ၊ နေလောင်ခံခရင်မ်တွေ အများကြီးလိမ်းတာ စတာတွေကို မလုပ်သင့်ပါဘူး။ ဆိုင်မှာပဲသွားလုပ်လုပ်၊ ကိုယ်ကိုယ်တိုင် အိမ်မှာပဲလုပ်လုပ် အသုံးပြုမယ့် ဖယောင်း ရွေးချယ်ရာမှာတော့ နူးညံ့ပြီးထိခိုက်လွယ်တဲ့ အသားအရေအတွက်ပါ သုံးနိုင်တဲ့ ဖယောင်းကို စိစစ်ရွေးချယ်ဖို့တော့ လိုပါလိမ့်မယ်။ ထိခိုက်လွယ်တဲ့ နေရာတွေမှာ အသုံးပြုမယ်ဆိုရင်တော့ သဘာဝ ဖယောင်းစစ်စစ်နဲ့ပဲ လုပ်သင့်တဲ့အပြင် သုတ်လိမ်းတဲ့အခါမှာလည်း အရမ်းမပူစေဘဲ ပုံမှန်ခန္ဓါကိုယ်အပူချိန်လောက်ပဲ ဖြစ်သင့်ပါတယ်။ ဒါမှ ပိုပြီး သက်တောင့်သက်သာ ရှိမှာဖြစ်ပါတယ်။

    • အပ်ချည်ကြိုး အသုံးပြုပြီး အမွှေးအမျှင်တွေ ဖယ်ရှားနည်း (Threading)

    ဒီနည်းဟာလည်း ဖယောင်းသုံးတဲ့နည်းနဲ့ ခပ်ဆင်ဆင်တူပြီး အမွေးကိုအောက်ခြေအမြစ်ကနေ ဆွဲနှုတ်တာဖြစ်တဲ့အတွက် ကြာရှည်ခံပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်မယ်ဆိုရင် ဒီနည်းလမ်းဟာ လိမ်ကောက်ရှုပ်ထွေးနေတဲ့ အမွေးတွေအပါအဝင် မလိုချင်တဲ့ အမွေးအမျှင်တွေ အားလုံးကို လုံးဝဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ waxing နဲ့ ဆင်ဆင်တူတယ်ဆိုပေမယ့် ဒီနည်းလမ်းဟာ အရေပြားရဲ့ အပေါ်ယံအလွှာတွေကို လုံးဝမထိတဲ့အတွက် waxing လောက်မနာပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ waxing လုပ်ရတာ သိပ်အဆင်မပြေဖူးလို့ ထင်ရင် ဒီ Threading နည်းလမ်းကို နောက်တခါစမ်းကြည့်နိုင်ပါတယ်။ waxing လုပ်ရာတာမကြိုက်သူအများစုဟာ ဒီနည်းလမ်းကို သုံးလေ့ရှိကြပါတယ်။ ဒီအပ်ချည်သုံးတဲ့နည်းကလည်းပဲ တခါလုပ်ပြီးရင် တလ ကနေ နှစ်လ လောက်အထိခံပါတယ်။

  • ဇာဂနာသုံးပြီး အမွှေးအမျှင်တွေ ဖယ်ရှားနည်း (Tweezing)
  • အလှပြင်ဆိုင်တွေမှာတော့ ဒီနည်းလမ်းကို နည်းနည်း မွမ်းမံတဲ့နေရာမှာ သုံးလေ့ရှိပါတယ်။”နားသယ်မွေးတွေကို waxing အရင်လုပ်လိုက်မယ်။ တကယ်လို့ တမွေးနှစ်မွေးကျန်နေသေးတယ်ဆိုရင်တော့ waxing နောက်တခါ ထပ်မလုပ်တော့ဘူး။ ဇာဂနာလေးနဲ့ပဲ နှုတ်ပေးလိုက်တော့မယ်” ဒါမျိုးပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်မယ် ဆိုရင်တော့ ဇာဂနာသုံးတဲ့နည်း (Tweezing)ဟာ အရေးပါပါတယ်။ တကယ်လို့ မေးစေ့မှာ ဒါမှမဟုတ် ပါးမှာ အမွေးလေးတပင်တည်း ငုတ်စိလေးပေါက်နေမယ်ဆိုရင်တော့ ဒီနည်းလမ်းကိုပဲ သုံးသင့်တယ်လို့ ဆိုပါတယ်။ Tweezing လုပ်တာဟာ အမွေးကို အမြစ်ကနေနှုတ်ယူတာဖြစ်တဲ့ အတွက် တခါလုပ်ထားရင် waxing လိုပဲ တလ ကနေ နှစ်လလောက်အထိ ခံသလို waxing နဲ့ယှဉ်ရင် ငွေကုန်ကြေးကျလည်းမများလှပါဘူး။

    • လေဆာသုံးပြီး အမွှေးအမျှင်တွေဖယ်ရှားနည်း (Laser Therapy)

    လေဆာသုံးတဲ့နည်းဟာ အင်မတန်ခေတ်စားလှပါတယ်။ အများဆုံးလုပ်ကြတဲ့ နေရာတွေကတော့ ဟော်မုန်း အပြောင်းအလဲကြောင့် အမွေးအမျှင်တွေ ပေါက်တတ်တဲ့ နေရာတွေဖြစ်တဲ့ အပေါ်နှုတ်ခမ်းနား၊နားသယ်မွေး နဲ့ မေးစေ့ စတဲ့ နေရာတွေဖြစ်ပါတယ်။ အကျိုးကျေးဇူးလား? မိနစ်၃၀လောက်ကြာတဲ့ လေဆာသုံး အမွေးအမျှင်တွေ ဖယ်ရှားတာ တခါ လုပ်ထားရင် အဲ့ဒီနေရာမှာ အမွေးအမျှင်တွေ ပြန်ပြီးသိပ်မထွက်တော့သလို ပြန်ထွက်လာရင်လည်း ပါးပါးနဲ့ နည်းနည်းလေးပဲ ထွက်ပါတော့တယ်။ လေဆာသုံးထားတဲ့ နေရာနဲ့ အကြိမ်အရေအတွက်ပေါ် မူတည်ပြီး လေးပတ်ကနေ ဆယ်ပတ်ကြာတိုင်း လေဆာသုံးတဲ့နည်းကို နည်းနည်းပြန်သွားလုပ်ဖို့လိုပါလိမ့်မယ်။

    ဒါပေမဲ့လည်း လေဆာသုံးတဲ့နည်းဟာ ဆံစပ်နေရာအတွက် သုံးရင်တော့ သိပ်အဆင်မပြေပါဘူး။ ထွက်ခါစ ဆံစ အတိုလေးတွေဟာ အင်မတန်ပါးသလို လေဆာကို တုန့်ပြန်နိုင်တဲ့ အရောင်ခြယ်ပစ္စည်းလည်း လုံလုံလောက်လောက် မရှိသေးတဲ့အတွက် နဖူးဆံစပ်နေရာက အမွေးအမျှင်တွေကို လေဆာသုံးပြီး ဖယ်ရှားချင်တယ်ဆိုရင် လူအများစုအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီနဖူးထိပ် ဆံစပ်နေရာမှာ လေဆာကို သုံးရင် အမြင်အာရုံကို ထိခိုက်စေမယ့် အန္တရာယ်ကလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် လေဆာသုံးပြီး အမွေးအမျှင်တွေ ဖယ်ရှားတော့မယ်ဆိုရင် သင့်ကို အထူးပြုလုပ်ထားတဲ့ မျက်မှန်တပ်ခိုင်းတာ ဖြစ်ပါတယ်။

    • အမွေးရိတ်ခြင်း (Shaving)

    ဟုတ်ပါ့၊ မျက်နှာကိုလည်း အမွေးရိတ်လို့ ရတာပေါ့။ ဒါပေမဲ့ တခုသိထားဖို့က မုတ်ဆိတ်ရိတ်ဓါးဟာ အမွေးအမျှင်တွေကို အမြစ်ကနေတော့ ဖယ်ရှားမပေးနိုင်ဖူး ဆိုတာပဲဖြစ်ပါတယ်။ အမွေးရိတ်တာဟာ အပေါ်ယံ ဖယ်ရှားပစ်တာပဲဖြစ်ပြီး အရေပြားကိုလည်း ပွန်းပဲ့ထိခိုက်စေတဲ့ အတွက် အနည်းငယ်နာပါတယ်။ ခဏခဏ ရိတ်ရင်လည်း ရေရှည်မှာ အသားအရေကို ထိခိုက်စေပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ဒီနည်းလမ်းက မဆိုးဖူး၊လွယ်ကူ သက်သာတယ် ဆိုပေမယ့် အမွေးအမျှင်တွေ ဖယ်ရှားဖို့အတွက် အကောင်းဆုံးနည်းလမ်းမဟုတ်တာတော့ သေချာပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement