ငှက်ပျောသီး scrub လုပ်မယ်ဆိုရင် ငှက်ပျောသီးအခွံအနည်းငယ်ကိုကြိတ်ချေပြီး သူ့ချည်းပဲ ဒါမှမဟုတ် အုန်းဆီ/ပျားရည် တစ်မျိုးမျိုးနဲ့ ရောသုံးနိုင်ပါတယ်။ လိမ္မော်သီးအခွံကို အမှုန့်လုပ်ပြီး ပျားရည် သို့မဟုတ် ရေ နဲ့ရောသုံးနိုင်ပါတယ်။ ချေးချွတ်ဖို့အတွက်က အရေပြားပေါ်ကို စက်ဝိုင်းသဏ္ဍန်နှိပ်နယ်သုတ်လိမ်းပေးပါ။
နောက်တစ်နည်းကတော့ သစ်သီးနဲ့ပေါင်းတင်တာပါ။ scrub ထက်တော့ ပိုညင်သာတဲ့နည်းပါပဲ။ အသီးတစ်ခုခုကို ပျားရည်နဲ့ရောကြိတ်ပါ။ ထောပတ်သီးက ရောင်ရမ်းမှုကိုလျော့ကျစေပြီး ပျားရည်နဲ့ရောသုံးရင် အသားအရေကို အားဖြည့်ပေးပြီး ဘက်တီးရီးယားတွေတိုက်ဖျက်ပေးပါတယ်။ သင်္ဘောသီးကလည်း ဆဲလ်သေတွေကိုဖယ်ရှားပေး ပြီး ပိုလျှံနေတဲ့အဆီတွေကိုစုပ်ယူပေးပြီး ရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပါတယ်။
(၃) မုန့်ဖုတ်ဆိုဒါ(စားဆိုဒါ) ကိုအသုံးပြုခြင်း
မုန့်ဖုတ်ဆိုဒါဟာ အရေပြားကိုသန့်စင်စေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝပိုးသတ်ဆေးဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းစာကို ရေနဲ့အနှစ်ဖျော်ပြီး ဆားဝက်ခြံပေါ် သုတ်လိမ်းပါ။ နောက်မှ ရေခပ်နွေးနွေးနဲ့ ဆေးကြောပါ။ ဒီနည်းက မွေးညင်းပေါက်တွေကို ပွင့်စေပြီး အသားအရေကို လန်းဆန်းသန့်ရှင်းစေပါလိမ့်မယ်။
ဒီနည်းက လူတိုင်းအတွက်တော့ အဆင်မပြေနိုင်ဘူးဆိုတာ သတိရပါ။ မုန့်ဖုတ်ဆိုဒါဟာ တချို့အသားအရေပိုင်ရှင်တွေအတွက် ပြင်းနေတတ်တာကြောင့် မျက်နှာမှာမသုံးခင် အရေပြားတစ်နေရာရာ (ဥပမာလက်ဖမိုး)မှာ ဓာတ်မတည့်မှုရှိမရှိ အနည်းငယ်စမ်းသုံးကြည့်သင့်ပါတယ်။
(၄) အရေပြားဆဲလ်သေတွေကို သကြားနဲ့ဖယ်ရှားမယ်
သကြားမှာပါတဲ့ Glycolic acid က သဘာဝ scrub ချေးချွတ်ဆေးတစ်ခုလို စွမ်းဆောင်နိုင်ပါတယ်။ ဆဲလ်သေတွေကို ဖြိုခွဲပြီး ဝက်ခြံကိုကုသနိုင်တာကြောင့် ပျောက်ကင်းဖို့လွယ်ကူစေပါတယ်။ collagen ကုထုံးနဲ့ သုံးတဲ့အခါမှာလည်း အရေပြားအသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။
သကြား၊ သစ်သီး၊ နွားနို့တို့နဲ့ အိမ်မှာပဲ ပေါင်းတင်ဆေးဖန်တီးနိုင်ပြီး ပေါင်းတင်မှု ၅ မိနစ်-၁၀ မိနစ်ကြာတဲ့အခါ မျက်နှာသစ်ပါ။ အုတ်ဂျုံ၊ ပျားရည်၊ နွားနို့နဲ့ငှက်ပျောသီးတို့ကိုသုံးတာကလည်း လူသုံးများတဲ့နည်းတွေပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။