လူတွေဟာ အသက်ကြီးလာတဲ့အခါ အရေးအကြောင်း တွေ တဖြည်းဖြည်းဖြစ်လာပြီး အိုမင်းရင့်ရော်လာကြပါတယ်။ အဲဒီလို အရေးအကြောင်းတွေ ဖြစ်ရတာဟာ အဓိကအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ collagen လို့ခေါ်တဲ့ အသားအရေကို တင်းရင်းနုပျိုစေတဲ့ ပရိုတင်းလေးတွေ ထုတ်တာနည်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကတော့ လူတိုင်းမှာ ဖြစ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။