အသားအရည်ကျန်းမာစေဖို့ သန့်စင်နည်း
သင့်ကလေးကို သူတို့ရဲ့အသားအရည်အမျိုးအစားပေါ်လိုက်ပြီး ပုံမှန်သန့်စင်ပေးဖို့ သသတိပေးပါ။ သန့်စင်ခြင်းဟာ အညစ်အကြေးတွေ၊ အဆီပိုတွေနဲ့ ဆဲလ်သေတွေ ဖယ်ရှားဖို့အတွက် အရေးကြီးပါတယ။်
လက်ကိုသန့်စင်အောင်ထားဖို့ကလည်း အရေးကြီးပါတယ်။ ညစ်ပတ်နေတဲ့လက်ဟာ အညစ်အကြေးနဲ့ ပိုးမွှားတွေကို ဖြန့်ဖြူးပေးတတ်ပါတယ်။ လက်တွေကို အပျော့စားဆပ်ပြာ၊ ရေသန့်တို့သုံးပြီးဆေးကြောပေးပါ။ လက်ဖဝါး၊ လက်ကောက်ဝတ်၊ လက်သည်းအောက်နဲ့ လက်ချောင်းတွေကြားကိုပါ သန့်စင်ပါ။ ဒီလိုနေရာတွေမှာ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။
သန့်စင်ဖို့အသုံးပြုတဲ့ထုတ်ကုန်တွေ (cleansing products) တွေဟာ ကလေးတွေရဲ့ အသားအရည်နဲ့သင့်လျော်ဖို့ လိုအပ်ပါတယ။် အမွှေးနံ့ သို့မဟုတ် အရောင်တွေ အများကြီးမပါတဲ့ ထုတ်ကုန်ကို ရွေးချယ်ပါ။ ရေဟာ မပူလွန်းမအေးလွန်းဖြစ်ရပါမယ်။ ကြက်သီးနွေးရေကတော့ အကောင်းဆုံးရွေးချယ်မှုပါပဲ။ ခန္ဓါကိုယ်ကို ဆပ်ပြာတိုက်ပြီးသန့်စင်တဲ့အခါ ချိုင်းအောက်နဲ့ နားနောက်နေရာတွေကို သန့်စင်ဖို့မမေ့ပါနဲ့။
မျက်နှာကိုတော့ ပိုပြီးဂရုစိုက်ပါ။ ကလေးက အပျိုပေါက်၊ လူပျိုပေါက်အရွယ်ရောက်လာတဲ့အချိန်မှာ အရည်ပြားက အဆီတွေကို ပိုပြီးထုတ်ပေးတာကြောင့် ဂရုတစိုက် သန့်စင်ပေးဖို့ မမေ့ပါနဲ့။
မျက်လုံးနဲ့ နှုတ်ခမ်းက မိတ်ကပ်တွေကို ဖယ်ရှားဖို့ သီးသန့်ထုတ်ကုန်တွေရှိပါတယ်။ မျက်လုံးကို မထိခိုက်စေဖို့ အနံ့မပါဝင်တဲ့ ထုတ်ကုန်တွေကိုပဲ အသုံးပြုပါ။
ရေဓါတ်က အရေးကြီးပါတယ်။
တကယ်လို့သင့်ကလေးမှာ အဆီပြန်တဲ့အသားအရည်ရှိခဲ့ရင် သူတို့က အစိုဓါတ်ထိန်းဆေး (Moisturizer)မလိုအပ်ဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ အဆီပြန်တဲ့အသားအရည်ဟာ အဆီတွေပိုထုတ်ပေးနေတဲ့အရေပြားပါ။ ပြီးတော့ ကျန်းမာတဲ့အသားအရည်ဟာ ရေဓါတ်နဲ့ အဆီမျှတနေဖို့လိုအပ်ပါတယ်။ အဆီပြန်တဲ့အသားအရည်အတွက် အစိုဓါတ်ထိန်းဆေးဟာ အဆီမပါဝင်တာမျိုးဖြစ်ရပါမယ်။
သန့်စင်ပြီး ရေဓါတ်ဖြည့်ပြီးတဲ့အချိန်မှာ Moisurizer ကိုလိမ်းပေးဖို့ သတိပေးပါ။
အရည်ပြားကို နေရောင်ကာလိမ်းဆေးနဲ့ ကာကွယ်ခြင်း
နေရောင်ကာလိမ်းဆေး (sunscreen)ဟာ အရည်ပြားကို နေရောင်ကလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ အသားမည်းနေတယ်ဆိုရင်တောင် နေမလောင်ဖို့ နေရောင်ကာဆေးလိုအပ်ပါတယ်။ SPF ၃၀မှ ၄၀ထိပါဝင်တဲ့ နေရောင်ကာဆေးက အသင့်လျော်ဆုံးပါ။
နေကာမျက်မှန်တွေ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေက အရည်ပြားကို ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။ သင့်ကလေးကို မျက်နှာဖုံးတပ်ဖို့နဲ့ ဦးထုပ်ဆောင်းဖို့ ပြောပြပေးပါ။ နံနက် ၁၀နာရီကနေ နေ့လည်၂နာရီကြားအပြင်မထွက်ဖို့ ပြောပါ။
အရည်ပြားပြဿနာများကိုဖြေရှင်းခြင်း
တကယ်လို့သင့်ကလေးမှာ ဝက်ခြံတွေပေါက်နေခဲ့ရင် အဲ့ဒါ ပုံမှန်ပါပဲ။ သူတို့ကို မကြောက်ဖို့ပြောပြပါ။ အခြားမြောက်မြားလှစွာသော ဆယ်ကျော်သက်တွေဟာလည်း အရွယ်ရောက်လာချိန်မှာ ဝက်ခြံပေါက်တတ်ကြပါတယ်။ အဆီပိုတွေနဲ့ အရည်ပြားပေါ်က ဆဲလ်သေတွေ၊ အညစ်အကြေးတွေနဲ့ ရောလိုက်တဲ့အခါ ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ဝက်ခြံတွေကို ရိုးရှင်းတဲ့ကုထုံးတွေနဲ့ ကုသပျောက်ကင်းစေနိုင်ပါတယ်။
အဆီပါဝင်တဲ့ထုတ်ကုန်တွေကို မသုံးဖို့၊ အလွန်အကျွံချေးမချွတ်ဖို့ ဒါမှမဟုတ် ဝက်ခြံတွေကို မဖောက်ပစ်ဖို့ ပြောသင့်ပါတယ်။ အချို့သော OTCဆေးတွေ ဥပမာ benzoyl peroxide စတဲ့ဆေးတွေက ကူညီပေးနိုင်ပါတယ်။ ဝက်ခြံက အတော်ဆိုးနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြပါ။
သင့်ကလေးကို သူတို့အရည်ပြားအတွက် ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သင်ပေးခြင်းက ကျန်းမာတဲ့အသားအရည်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အရေးပါလှပါတယ်။ သူတို့ဟာ အရည်ပြားပြဿနာတွေကို ကုသဖို့ ဒါမှမဟုတ် ရှောင်လွှဲနိုင်ဖို့အတွက် ရိုးရှင်းတဲ့ အဆင့်အချို့ကိုလည်း အသုံးပြုနိုင်ပါလိမ့်မယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။