ကုသရန်နည်းလမ်းကောင်းများ
ပျားရည်မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အပြင် အရေပြားခြောက်သွေ့ခြင်းကနေလည်း ကာကွယ်ပေးပါသေးတယ်။ အဆီဖုတွေကို သက်သာစေတဲ့ သဘာဝပစ္စည်းပါ။ ပျားရည်ကို ဘာနဲ့မှ မရောဘဲ အဆီဖုလေးတွေအပေါ်မှာ လိမ်းထားပေးတာမျိုး လုပ်နိုင်ပါတယ်။ မိနစ်(၂၀)လောက် ထားပြီးမှရေဆေးချပါ။ တစ်ပတ်ကို (၄) ကြိမ်လောက် လုပ်ပေးတယ်ဆိုရင် သိသိသာသာလေးကောင်းမွန်လာမှာပါ။
မုန့်ဖုတ်ဆိုဒါကလည်း အဆီဖုတွေကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းလေးနဲ့ရောပြီး ခပ်ပျစ်ပျစ်အနေအထား ဖျော်လိုက်ပါ။နောက်တော့ အဆီဖုထွက်တဲ့နေရာတွေမှာ လိမ်းပါ။ နောက်မှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်ရုံနဲ့ သက်သာလာမှာပါ။
သံပရာသီးမှာ ပါဝင်တဲ့ citric acid ကချွေးပေါက်တွေကို ကျဉ်းစေပြီး ပိုလျှံတဲ့အဆီနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အဆီဖုတွေ ထပ်မထွက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သံပရာရည်ကို ဂွမ်းစလေးထဲကို ညှစ်ပြီး အဆီဖုရှိတဲ့နေရာတွေမှာ တို့ထိပေးပါ။ မိနစ်(၂၀)လောက်ကြာအောင် ထားပြီးပြီဆိုမှ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် လုံလောက်ပါပြီ။
မျက်နှာမှာ အဆီဖုတွေ ရှိနေတာကြောင့် စိတ်ညစ်နေရတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းနဲ့ ကုသလို့ရမယ့် အိမ်တွင်းနည်းလမ်းလေးတွေကို လိုက်နာကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။