home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မျက်နှာအသားအရေကိုပဲ ဂရုစိုက်ဖို့လိုတာလား၊ ခန္ဓါကိုယ်အတွက်ရော...

မျက်နှာအသားအရေကြည်လင်ဖို့၊ အဖုအထစ်အပြစ်အနာအဆာကင်းဖို့၊ဖြူဝင်းလာဖို့၊ အစိုဓါတ်ထိန်းဖို့၊ နူးညံ့ချောမွတ်စေဖို့ကိုပဲ ဦးစားပေးကြတာများပါတယ်။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေဝယ်မယ်ဆိုရင်တောင် မျက်နှာအတွက်ပဲ အသားအရေထိန်းသိမ်းမှုအဆင့်ဆင့်အတွက် အစုံဝယ်ကြတယ်၊ ခန္ဓါကိုယ်ကျတော့ ကိုယ်တိုက်ဆပ်ပြာတုံး တစ်တုံးဝယ်လိုက်ရင်ပြီးရောတဲ့လား။

ခန္ဓါကိုယ်တစ်ခုလုံးကိုဖြန့်ကျက်ထားတဲ့ အကြီးဆုံးအစိတ်အပိုင်းက အရေပြားပါ။ မျက်နှာအသားအရေက အဲဒီအရေပြားရဲ့ နုနယ်တဲ့တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ကျန်တဲ့ခန္ဓါကိုယ်အသားအရေဟာလည်း ဂရုစိုက်ပေးဖို့ ထိုက်တန်ပါတယ်နော်။ လူတစ်ယောက်ရဲ့သွင်ပြင်နဲ့ အလှအပကျက်သရေဟာ မျက်နှာအလှနဲ့တင် မပြည့်စုံဘူးဆိုတာ မမေ့သင့်ပါဘူး။ ခန္ဓါကိုယ်အသားအရေရဲ့ သန့်ရှင်းမှု၊ ကျန်းမာမှု၊ လှပမှုကိုလည်း ဂရုစိုက်ပေးဖို့လိုတဲ့အကြောင်း ဒီလိုအပ်ချက် (၇) ချက်နဲ့ သတိပေးလိုက်ပါရစေ။ ခန္ဓါကိုယ်အသားအရေနဲ့ပတ်သက်တဲ့ ဂရုစိုက်ထိန်းသိမ်းမှုအတွက် ဘာတွေလိုလဲဆိုတော့ –

(၁)ရေချိုးဆပ်ပြာကိုရွေးချယ်ဖို့ လိုတယ်

ဆပ်ပြာဖြစ်ပြီးရောတွေ့ရာဝယ်မသုံးသင့်ပါဘူး။ အရည်အသွေးမကောင်းတဲ့ရေချိုးဆပ်ပြာတွေက အသားခြောက်သွေ့စေနိုင်တယ်၊ ဓါတုပစ္စည်းပါဝင်မှုများတဲ့ အမျိုးအစားက ဓါတ်မတည့်မှုဖြစ်စေနိုင်တယ်၊ အသားအရေကြမ်းတမ်းစေနိုင်တယ်။ အသားအရေအစိုဓါတ်ထိန်းပေးပြီး နူးညံ့ချောမွတ်စေတဲ့အမျိုးအစားကိုရွေးရမယ်၊ အမွှေးနံ့မပြင်းဘဲ ဓါတုပါဝင်မှုနည်းလို့ အသားကိုမထိခိုက်စေမယ့်အမျိုးအစားကိုရွေးချယ်ပေးဖို့လိုပါတယ်။

(၂) Lotion လူးဖို့လိုတယ်

အဝတ်အစားတွေအောက်မှာနေတာပဲ ဘာမှလိမ်းစရာမလိုပါဘူးလို့တွေးကြတာများပါတယ်။နေပူပူ၊ မိုးရွာရွာ ခန္ဓါကိုယ်အသားအရေကို အစိုဓါတ်ထိန်းဖို့ရယ်၊ရေချိုးတုန်းက ပါသွားခဲ့တဲ့ အရေပြားသဘာဝအဆီလေးတွေကိုပြန်ြ်ဖည့်တင်းဖို့ရယ်၊ရေဓါတ်ပြန်ဖြည့်ဖို့ရယ်၊ အသားအရေဝင်းလက်ဖို့ရယ်(တချို့ lotionတွေက အသားဖြူစေဖို့အထူးထုတ်လုပ်တာတွေရှိတယ်)ရေချိုးပြီးတိုင်း lotion လူးသင့်ပါတယ်။ အသားအရေကိုဂရုစိုက်ရင်အလှအပဆိုတာထက် ကြည်လင်ကြည့်ကောင်းတဲ့ အသားအရေကိုပိုင်ဆိုင်ပြီး အသွင်အပြင်ကိုမြှင့်တင်ပေးနိုင်ပါတယ်။

(၃) Body Scrub လုပ်ဖို့လိုတယ်

ဆဲလ်သေဖယ်ရှားတယ်ဆိုတာ အသားအရေအတွက် အကောင်းဆုံးသန့်စင်နည်းပါ။ချွေးပေါက်တွေပိတ်ဆို့နေရင် မျက်နှာဖြစ်ဖြစ်၊ ခန္ဓါကိုယ်ဖြစ်ဖြစ် အသားအရေညစ်မယ်၊ ဝက်ခြံတွေဖြစ်မယ်၊ အရေပြားပြဿနာတွေရှိနိုင်တယ်။ ဒါ့ကြောင့် တစ်ပတ်တစ်ကြိမ် မလုပ်နိုင်ရင် နှစ်ပတ်တစ်ကြိမ်တော့ ဆဲလ်သေဖယ်ရှားတဲ့ scrub သုံးပေးပါ။ရေချိုးရင်း ချေးတွန်းသလို ခဏသုံးလိုက်ရုံပဲလေ။ ခက်တာမှမဟုတ်တာ။

(၄) လက်ဆေးဆပ်ပြာ သီးသန့်သုံးဖို့လိုတယ်

တချို့တွေရှိတယ်။ရေချိုးလည်းဒီဆပ်ပြာတုံးပဲ၊ ညစ်ပေစရာတွေ ရှိလာရင် လက်ဆေးတော့လည်း ဒီဆပ်ပြာပဲ။ ကြာလာရင် အဲဒီဆပ်ပြာတုံးမှာကပ်ငြိမ်နေနိုင်တဲ့ ဘက်တီးရီးယားတွေကပြဿနာရှိနိုင်ပါတယ်။ ရေချိုးတော့ရော စိတ်မသန့်တာမျိုးမဖြစ်မိဘူးလားနော်။ ဒါ့ကြောင့် ဘက်တီးရီးယားကာကွယ်နိုင်တဲ့လက်ဆေးဆပ်ပြာကို သီးသန့်ထားပြီးသုံးသင့်ပါတယ်။

(၅) လက်သန့်ဆေးရည်ဆောင်ထားဖို့လိုတယ်

အိမ်မှာဆို လက်ဆေးဆပ်ပြာရှိပေမယ့် လမ်းသွားရင်း ဒါမှမဟုတ် ဆိုင်ထိုင်ရင်း၊ အစည်းအဝေးတက်ရင်း ရုတ်တရက် လက်ကိုညစ်ပေစေတာရှိရင် အရေးပေါ်သုံးလို့ရမယ့် အိတ်ဆောင်လက်သန့်ဆေးရည်လေးတွေဆောင်ထားသင့်ပါတယ်။ စတိုင်ထုတ်တာမဟုတ်ဘူးနော်။ ကျန်းမာရေးကို လေ့လာမယ်ဆိုရင် တကယ်အသုံးဝင်တဲ့ရေမလိုလက်သန့်ဆေးရည်လေးတွေဆိုတာ သဘောပေါက်လာပါလိမ့်မယ်။

(၆) Hand Cream သုံးဖို့လိုတယ်

မကြာခဏလက်ဆေးပါ၊ သန့်စင်ခန်းကထွက်ရင်လက်ဆေးပါ၊ အစာမစားခင်လက်ဆေးပါ စသည်ဖြင့် လက်ဆေးဖို့လှုံ့ဆော်မှုတွေကြား လက်အသားအရေကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဘက်တီးရီးယားနဲ့အညစ်အကြေးတွေ ကပ်ငြိနေသမျှဖယ်ရှားသန့်စင်ဖို့ လက်ဆေးဆပ်ပြာရဲ့တာဝန်ဖြစ်ပေမယ့် သုံးပါများလို့လက်မှာအသားခြောက်ပြီး အသားအရေမထိခိုက်စေဖို့က hand creamလေးတွေက ကူညီပေးပါလိမ့်မယ်။

(၇)နေလောင်ကာခရင်မ် သုံးဖို့လိုတယ်

အရေးကြီးဆုံးတစ်ခုကို ကျန်တော့မလို့။ အဲဒါကတော့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်နိုင်မယ့်နေလောင်ကာခရင်မ်လိမ်းဖို့ပါပဲ။ မိုးလေးအုံ့နေလည်း၊ အဆောက်အဦထဲမှာရှိနေလည်း၊ အရိပ်ထဲမှာရှိနေလည်း ခရမ်းလွန်ရောင်ခြည်ထိတွေ့ရနိုင်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။နေပူထဲမသွားရင် လိမ်းစရာမလိုဘူးဆိုတာ မမှန်ပါဘူးနော်။ အလှအပဆိုတာထက်ကျော်လွန်ပြီးပြောရရင် အရေပြားကင်ဆာဆိုတဲ့ကြောက်စရာအန္တရာယ်တစ်ခုရှိနေတာ မမေ့ပါနဲ့။ မျက်နှာအတွက်လည်းလိုသလို ခန္ဓါကိုယ်အတွက်လည်းနေလောင်ကာခရင်မ်လိမ်းပေးပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။