တံတောင်ဆစ်မှာ ကြာဆူး ဖြစ်လာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 17, 2020 . 2 mins read
Share now

ကြာဆူး ဟာ Keratosis pilaris လို့ခေါ်တဲ့ အန္တရာယ်မရှိတဲ့ သာမန်အရေပြားပြဿနာဖြစ်ပြီး အထူးတလည်ကုသစရာမလိုပါဘူး။ အရေပြားမခြောက်သွေ့အောင် moisturizer နဲ့ creamလေးတွေသုံးပေးရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး အသက်ကြီးလာတဲ့အခါပျောက်ကင်းသွားတတ်ပါတယ်။

မွေးညင်းပေါက်လေးတွေမှာ ကြက်သီးထသလို ခပ်မာမာ အဖုချွန်ချွန်လေးတွေဖြစ်လာတတ်ပေမယ့် တစ်ခါတလေ အနည်းငယ်ယားယံတာကလွဲလို့ ပိုဆိုးလာတာ၊ ထိခိုက်နာကျင်စေတာမျိုးမရှိပါဘူး။

ကြာဆူး ဘာလို့ဖြစ်

အရေပြားမှာရောဂါပိုးဝင်ခြင်းနဲ့တခြားထိခိုက်မှုတွေ မဖြစ်အောင်ကာကွယ်ပေးတဲ့ keratin ပရိုတင်းတွေများပြားစုပုံလာမှုကြောင့် ကြာဆူးဖြစ်လာတာပါ။ ဒီပရိုတင်းအစုက မွေးညင်းပေါက်ကိုပိတ်ဆို့စေတာဖြစ်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့ရတဲ့အကြောင်းရင်းကို အတိအကျမသိသေးပါဘူး။

ကိုယ်ကအသားအရေခြောက်သွေ့တတ်သူဖြစ်ရင် ကြာဆူးပိုဖြစ်လွယ်နိုင်ပါတယ်။ ကြာဆူးက လေထုတွင်းစိုထိုင်းမှုနည်းတဲ့ ဆောင်းတွင်းမှာ ပိုသိသာတတ်ပြီး နွေရာသီမှာပျောက်ကင်းတတ်ပါတယ်။ ကြာဆူးက အသားအရေခြောက်သွေ့မှု၊ ဗီတာမင် A နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့fatty acid တို့ချို့တဲ့မှုနဲ့လည်း ဆက်နွှယ်နေပါတယ်။

ဒီလူတွေမှာ ဖြစ်နိုင်ခြေပိုများ

ကိုယ့်မှာ ဒီအချက်တွေရှိနေရင် ကြာဆူးဖြစ်တတ်တာများပါတယ် –

  • ကြာဆူးဖြစ်လေ့ရှိတဲ့သူတွေ ဆွေမျိုးရင်းချာထဲမှာရှိနေရင်
  • ပန်းနာရင်ကျပ်ရှိရင်
  • ခြောက်သွေ့တဲ့အသားအရေရှိသူဖြစ်ရင်
  • နှင်းခူနာ ဖြစ်တတ်တဲ့သူဆိုရင်
  • ပန်းဝတ်မှုန်ကြောင့်ဖျားနာခြင်း (Hay fever)ဖြစ်တတ်ရင်
  • ကိုယ်အလေးချိန်များနေသူဖြစ်ရင်
  • Ichthyosis vulgaris (အသားအရမ်းခြောက်သွေ့စေတဲ့ အရေပြားရောဂါ)
  • Melanoma အရေပြားကင်ဆာရှိနေပြီး ကင်ဆာဆေးသုံးစွဲနေရသူဖြစ်ရင်။

ကြာဆူး ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ

ကြာဆူးဖြစ်ခြင်းအတွက် ကုသမှုသီးသန့်မရှိပါဘူး။ ဒါပေမယ့် ကိုယ်အသားအရေအတွက်ခြောက်သွေ့မှုမဖြစ်စေဖို့ အစိုဓါတ်ထိန်းတဲ့လိုးရှင်းတွေ၊ ခရင်မ်တွေ လူးပေးရုံနဲ့ သက်သာနိုင်ပါတယ်။ အတော်များများကဆေးဆိုင်မှာအလွယ်တကူဝယ်ယူရရှိနိုင်ပေမယ့် ပိုပြင်းထန်တဲ့အခြေအနေတွေအတွက်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ဝယ်လိမ်းပါ။

ကြာဆူးဖြစ်လာရင် –

  • အဖုလေးတွေကို မကုတ်ပါနဲ့။ အရေပြားကို ခပ်ကြမ်းကြမ်းမပွတ်တိုက်ပါနဲ့။
  • ရေချိုးရင်ရေနွေးနဲ့မချိုးပါနဲ့။ရေနွေးနဲ့ချိုးတာ၊ရေအကြာကြီးချိုးတာတွေက အရေပြားပေါ်ကအဆီတွေကို ပါသွားစေနိုင်ပါတယ်။ ဒါ့ကြောင့်ရေချိုးချိန်ကို ကန့်သတ်ပါ။
  • အစိုဓါတ်ထိန်းပါ။ရေချိုးပြီးရင် အရေပြားမစိုမခြောက်အနေအထားမှာVaseline၊ glycerin သို့မဟုတ်lanolin ပါဝင်တဲ့moisturizer တစ်မျိုးကိုလူးပေးပါ။ moisturizer ပျစ်ရင် ပိုကောင်းပါတယ်။ ကြာဆူးဖြစ်တဲ့နေရာမှာ မကြာခဏလူးပေးနိုင်ပါတယ်။
  • တင်းကျပ်တဲ့အဝတ်အစားတွေနဲ့မပွတ်တိုက်အောင်ဂရုစိုက်ပါ။ ကြာဆူးဖြစ်နေတဲ့ အရေပြားကို အဝတ်အစားကျပ်ပြီး မပွန်းမိအောင်ဂရုစိုက်ပါ။
  • အဆီဓါတ်ပါတဲ့ဆပ်ပြာကိုသုံးပါ။
  • အိမ်ထဲမှာ လေထုစိုထိုင်းဆကိုထိန်းပေးတဲ့ humidifier သုံးပေးပါ။
  • အသားအရေကို ထိတွေ့မှုညင်သာပါ။ အနံ့ပြင်းတဲ့၊ အာနိသင်ပြင်းတဲ့ကိုယ်တိုက်ဆပ်ပြာတွေမသုံးပါနဲ့။ အရေပြားဆဲလ်သေတွေကို ကိုယ်တိုက်အဝတ်စနုနုလေးနဲ့အသာအယာဖယ်ရှားပါ။ကြေးတွန်းတဲ့အခါ အကြမ်းပရမ်းပွတ်တိုက်တာကမွေးညင်းပေါက်ကိုထိခိုက်စေပြီး အခြေအနေပိုဆိုးစေနိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်အရွယ် မှာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံရနိုင်တာကြောင့် ကြုံတွေ့ရမယ့် ပြောင်းလဲမှု နဲ့ အခက်အခဲတွေကို ဒီလိုကျော်ဖြတ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ဆယ်ကျော်သက်အရွယ် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read

ဘရာ Size မှားနေပြီလား

အမျိုးသမီးတွေအတွက် အတွင်းခံအဝတ်တွေရဲ့ ပါဝင်ပတ်သက်မှုက အရမ်းအေရေးပါလှပါတယ်။ တစ်ခါတစ်လေမှာ ဘရာ Size မှားနေပြီလား လို့ တွေးမိလာချိန်တွေ ရှိလာပါလိမ့်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

Camping သွားတဲ့အခါ ဘယ်လိုကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်သလဲ။ ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့ ဘယ်လိုဆောင်ရန် ရှောင်ရန်တွေကို လိုက်နာသင့်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read