backup og meta

အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ
    ပစ္စည်းတစ်ခုခုပြင်ဖို့၊ ကပ်ဖို့လိုတိုင်း စူပါဂလူးကိုပြေးဝယ်ကြပါတယ်။ တကယ်လည်းစွယ်စုံအသုံးဝင်တဲ့ အရာဖြစ်ပေမယ့် ကပ်လိုတဲ့နေရာမဟုတ်ဘဲ မတော်တဆ ချော်ပြီး မျက်စိကိုစဉ်မိရင် အန္တရာယ်ရှိနိုင်ပါတယ်။ အသားမှာကပ်သွားရင်လည်း အတင်းဆွဲခွာရလို့ အသားတွေစုတ်ပြဲရနိုင်တယ်။

    စူပါဂလူးက အရေပြားနဲ့ထိတွေ့တဲ့အခါ ထိခိုက်မှုအာနိသင်မဖြစ်နိုင်ပေမယ့် အသားတွေထိကပ်ကုန်တာ၊ တခြားအရာဝတ္တုတွေနဲ့ အသားကပ်ကုန်တာတွေဖြစ်စေနိုင်ပါတယ်။ ဒီလိုမဖြစ်တောင် လက်မှ ကော်တွေကပ်ကျန်နေတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ ဒီတော့ မတော်တဆကပ်မိတဲ့အခါ အရေပြားကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာ အလွယ်ဆုံးနည်းလေးတွေပြောပြမယ်နော် –

    (၁) ဆပ်ပြာရည်

    ဆပ်ပြာဖျော်ထားတဲ့ ရေနွေးနွေးလေးမှာ ခဏစိမ်ပြီး လက်မှာကပ်နေတဲ့ကော်တွေကို ဖယ်ရှားပါ။ကော်မခြောက်ခင်မှာ စိမ်နိုင်ရင် ပိုကောင်းပါတယ်။ ဇလုံတစ်ခုထဲရေနွေးစပ်ပြီးချေးချွတ်ဆပ်ပြာ သို့မဟုတ် ဆပ်ပြာတစ်မျိုးမျိုးထည့်ပါ။ကော်ကပ်နေတဲ့လက်ကို ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်စိမ်ထားပါ။ကော်ကပျော့လာပြီဆိုရင် အသာအယာပွတ်ပါ ဒါမှမဟုတ် အသာလေးခွာကြည့်ပါ။ လုပ်ကြည့်လို့နာတယ်ဆို ဆက်မလုပ်ပါနဲ့။ အရေပြားစုတ်ပြဲသွားနိုင်ပါတယ်။ ကော်သိပ်မများဘူးဆိုရင် ဒီနည်းနဲ့တင် နည်းနည်းချင်း လျော့ပါးသွားနိုင်ပါတယ်။ မရရင်နောက်တစ်နည်းပေါ့။

    (၂) လက်သည်းဖျက်ဆေး

    လက်သည်းဖျက်ဆေးအများစုမှာacetone လို့ခေါ်တဲ့ စူပါဂလူးကိုပျော်ဝင်စေတဲ့အစွမ်းထက်ပစ္စည်းတစ်ခုပါဝင်ပါတယ်။ လက်သည်းဖျက်ဆေးကို ဂွမ်းနဲ့ဆွတ်ပြီးကော်ကပ်နေတဲ့နေရာကို ခဏလောက်ဖိကပ်ပေးပါ။Acetone က အဆိပ်အတောက်ရှိနိုင်တဲ့ဓါတ်ဖြစ်ပြိး အရေပြားကိုခြောက်သွေ့စေနိုင်တယ်ဆိုတော့ သုံးပြီးတာနဲ့ လက်ကိုသေချာဆေးဖို့ အရေးကြီးပါတယ်။ အရေပြားရောဂါရှိတဲ့သူတွေနဲ့ ထိခိုက်လွယ်အသားအရေတွေတော့ မသုံးသင့်ပါဘူး။ အရေပြားပေါက်ပြဲနေရင်လည်း မသုံးသင့်ပါဘူး။

    (၃) ထောပတ်နဲ့ဆီများ

    အုန်းဆီ၊ သံလွင်ဆီ၊ထောပတ် ၊ မာဂျရင်း တို့လို အဆီတွေက စူပါဂလူးခွာတဲ့နေရာမှာ အသုံးဝင်ပါတယ်။ရေနွေးနွေးလေးထဲမှာ လက်ကိုအရင်စိမ်လိုက်ပြီးမှ အဲဒီအဆီတစ်ခုခုကို စိတ်ရှည်ရှည်နဲ့ပွတ်ပေးပါ။ကော်တွေမစင်မချင်း ဆီတွေထပ်သုံးလို့ရပါတယ်။

    (၄) ချေးတွန်းကျောက်

    အသားမာတွေ၊ အရေပြားဆဲလ်သေတွေကိုဖယ်ရှားဖို့ သုံးကြတဲ့ချေးတွန်းကျောက်ကိုခြောက်သွေ့ကပ်ကျန်နေတဲ့ကော်တွေဖယ်ရှားရာမှာလည်း သုံးနိုင်ပါတယ်။ကော်ပေနေတဲ့လက်ကို ဆပ်ပြာရည်ထဲခဏစိမ်ပြီးချေးတွန်းကျောက်ကိုတော့ရေနွေးလေးထဲစိမ်ထားပါ။ပြီးမှချေးတွန်းကျောက်နဲ့ အသာအယာ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပေးပါ။

    (၅) သံပရာသီး

    သံပရာသီးရဲ့အက်စစ်ဓါတ်က စူပါဂလူးကိုဖယ်ရှားပေးနိုင်ပါတယ်။ ခွက်တစ်ခုထဲကို သံပရာသီးညှစ်ထည့်ပြီး ကော်ပေနေတဲ့လက်ကို ၅ မိနစ်/ ၁၀ မိနစ် နှစ်ထားပေးပါ။ ဒါမှမဟုတ် သွားပွတ်တံဖြစ်ဖြစ်၊ ဂွမ်းနဲ့ဖြစ်ဖြစ် သံပရာရည်ဆွတ်ပြီးကော်ကပ်နေတဲ့နေရာကို တို့ပွတ်ပါ။

    အသားမှာ ကော်ကပ်မိရင်

    အသားမှာကပ်နေတဲ့ကော်တွေကို ဆွဲမခွာသင့်ပါဘူး။ အရေပြားကို သို့မဟုတ်ကော်ကို ညင်သာစွာပွတ်တိုက်တာကပဲ အဆင်ပြေမှာပါ။ တချို့က ဒီတိုင်းနေရင်း၊ အဝတ်လျှော် ၊ ပန်းကန်ဆေးရင်းနဲ့ ကွာကုန်တာလည်းရှိပါတယ်။

    ဒါပေမယ့် အရေးကြီးတာက စူပါဂလူးသုံးရင် ပါးစပ်ထဲနဲ့ မျက်စိထဲမဝင်ဖို့ပါပဲ။ မျက်စိ သို့မဟုတ် မျက်ခွံမှာကော်တွေပေရင် အန္တရာယ်ရှိနိုင်ပါတယ်။

    နောက်တစ်ချက်အရေးကြီးတာက အရေပြားမှာပေါက်ပြဲမှုရှိခဲ့ရင် ဓါတုပစ္စည်းတွေသုံးပြီးကော်မဖယ်ရှားပါနဲ့။နောက်ဆုံးမရရင် ဆရာဝန်ပြသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement