မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 1 min read
Share now

ခေါင်းယားတယ်၊ ခေါင်းယားတယ်ဆိုတာ တကယ်ကို ခံစားရခက်ပြီး စိတ်ရှုပ်ရတဲ့ အရာတစ်ခုပါ။ ကုတ်လေ ယားလေနဲ့ ကုတ်လေ ယားလေနဲ့ သံသရာလည်နေတော့တာပါပဲ ။ လူတိုင်းက ခေါင်းယားတယ်ဆိုတာနဲ့ ဗောက်ထတာကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ဗောက်ထတာ အပြင် ခေါင်းယားစေတဲ့ အခြား အကြောင်း အရင်းများစွာ ရှိပါတယ်။ ဘာတွေလဲ ။ ။

ဗောက်ထခြင်း ။ ။

ဗောက်ထခြင်းဟာ ဦးရေပြား ယားယံခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခုပါ။ ကုတ်လိုက်ရင်ပဲဖြစ်ဖြစ် ဒီအတိုင်းနေရင် ပဲဖြစ်ဖြစ် ဆံပင် မဲမဲလေးတွေ ပေါ်မှာ ကပ်နေတဲ့ အဖြူဖပ်တွေကြောင့် သင့်ကို နှုတ်ခေါင်းရှုံ့ကြမယ့် သူတွေ အများကြီးပါ။

ဦးရေပြား ခြောက်သွေ့ခြင်း ။ ။

ခြောက်သွေ့နေတဲ့ အရေပြားတစ်ခုဟာ ယားယံခြင်းကို ဖြစ်စေတယ်ဆိုတာ အားလုံးအသိပါ။ ဦးရေပြားဟာလည်း အရေပြားတစ်မျိုးဖြစ်တဲ့အတွက် ခြောက်သွေ့တဲ့ ဦးရေပြားဟာ သင့်ကို ခေါင်းယားစေမှာပါ ။

သန်းတွယ်ခြင်း ။ ။

ခေါင်းမှာ သန်းတွယ်ြပီဆိုတာနဲ့ နေလို့ထိုင်လို့ မရအောင် ယားယံခြင်း ဝေဒနာကိုခံစားရတတ်ပါတယ်။ သန်းတွေဆိုတာ မျိုးပွားနှုန်းလည်း အင်မတန်မြန်ပြီး ဦးရေပြားက သွေးကိုစုပ်ပြီး အသက်ရှင်ကြတာကြောင့် တစ်ကောင်မှမကျန်အောင် သတ်ရတာ အင်မတန်ခက်ခဲပါတယ်။

Psoriasis (အရေပြားလေးဖက်နာ)

ခုခံအားနဲ့ သက်ဆိုင်တဲ့ ရောဂါတစ်ခုဖြစ်တဲ့ Psoriasis ဟာ သင့်အရေပြားကိုရော ဦးရောပြားကိုရော အနီကွက်တွေ ဖြစ်စေပြီး ခြောက်သွေ့စေတဲ့အတွက် ယားယံခြင်းကို ဖြစ်စေပါတယ်။

ဓါတ်မတည့်ခြင်း ။ ။

ဆံပင်ဆိုးဆေး တွေကြောင့် ဓါတ်မတည့်မှုတွေ ဖြစ်ပြီး ဦးရေပြား ယားယံတတ်ပါတယ်။

ဘယ်အချိန်ဆို စပြီး စိုးရိမ်သင့်တာလဲ ။ ။

လူတိုင်းခေါင်းယားတတ်ကြလို့ ခေါင်းယားတာဟာ သာမန်ဆိုရင်တော့ အရမ်းကြီးစိုးရိမ်စရာ မရှိတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ခုပြောပြတဲ့ အချက်တွေ သင့်မှာ ရှိနေပြီဆိုရင်တော့ ခေါင်းယားတာဟာ စိုးရိမ်ရတဲ့ အနေအထား တစ်ခုဖြစ်လာပါပြီ။ ။

  • ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည် တွေ သုံးနေပေမယ့် မသက်သာလာတာ။
  • ခုနလေးတင် ခေါင်းလျှော်လိုက်ပေမယ့် ခနနေ ခေါင်းပြန်ယားတာ
  • ခေါင်းယားတာကြောင့် ညဘက် အိပ်ပျက်တာ၊ အလုပ်မှာ အာရုံမစိုက်နိုင်တော့တာ
  • ခေါင်းမှာ သန်းတွေကိုမြင်နေရတာ
  • အချိန်ပြည့်ခေါင်းယားနေတာ
  • ယားနေတဲ့ နေရာက ထိလိုက်ရင် အောင့်နေတာ၊ ဖုနေတာ မျိုးတွေ ဖြစ်ပြီဆို သာမာန် ဗောက်ထတာမျိုး မဟုတ်တော့ပါဘူး။ ဒီလို အချက်တွေရှိနေပြီဆိုရင်တော့ ပေါ့ဆမနေဘဲ အရေပြား ဆရာဝန်ဆီသွားပြတာကသာ အကောင်းဆုံးပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခေါင်းလျှော် တိုင်း လုပ်မိတတ်တဲ့ အမှား (၆) ခု

ခေါင်းလျှော် တဲ့အခါ မသိဘဲ အမြဲလုပ်‌နေမိတဲ့ အမှားလေးတွေက ဆံပင်ပျက်စီးစေ၊ အလှပျက်စေနိုင်တယ် ဆိုတာမိန်းကလေးတိုင်း သိထားသင့် ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကွမ်းရွက်လေးနဲ့ အလှအပ ထိန်းသိမ်းပါ

ကွမ်းရွက် ကွမ်းယာ အလှအပ အသုံးဝင်ပုံ ဆံပင်ကျွတ် ဆံသား ဦးရေပြား နှမ်းဆီ အုန်းဆီ လက်ချောင်းလေးတွေ ခေါင်းလျှော်ရည် ဝက်ခြံ ရောင်ရမ်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

မိန်းကလေး၊ အပြုအမူမှား၊ အလှကုန်၊ ဝက်ခြံ၊ ဆပ်ပြာ၊ လိင်အင်္ဂါ၊ sensitive area၊ အရက်သေစာ၊ အက်ဆစ်၊ အာခေါင်ခြောက်၊ ကော်ဖီ၊ ရေကူးကန်၊ ခေါင်းလျှော်ရည်၊ Conditioner

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အမျိုးသားတွေအတွက် ဆံသားထိန်းသိမ်းနည်း လမ်းညွှန်

အမျိုးသားတွေ ဆံသားထိန်းသိမ်းနည်း လမ်းညွှန် ထိပ်ပြောင်တာ ခေါင်းလျှော် ဆံသားတွေ ဆံသားထိန်းသိမ်းမှု ခေါင်းလျှော်ရည် ဦးရေပြား ဗီတာမင် E Conditioner

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

Churg Strauss syndrome ဆိုတာ ဘယ်လိုရောဂါမျိုးလဲ။

Churg Strauss syndrome ဆိုတာ ဘယ်လိုရောဂါမျိုးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2020 . 2 mins read

ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 2 mins read

COVID-19 ရောဂါပိုး ဆံပင်မှာ ကပ်ငြိရှင်သန်နိုင်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 25, 2020 . 2 mins read
ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 2 mins read