backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Exfoliate လုပ်တာများလို့ အသားအရေထိခိုက်လာတဲ့ လက္ခဏာ (၆) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Exfoliate လုပ်တာများလို့ အသားအရေထိခိုက်လာတဲ့ လက္ခဏာ (၆) မျိုး

အရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ Exfoliate လုပ်ရင်တော့ အသားလေး ဖြူပြီး လင်းလာတတ်တာပေါ့။

ဒါပေမယ့် ချွေးပေါက် ပြန်ကျဉ်းအောင် Toner သုံးပေးရမယ်၊ အစိုဓာတ် ထိန်းဖို့ Moisturizer ပြန်သုံးပေးရမယ်။ ဒီလိုလေး ပြန်မထိန်းသိမ်းဘဲ Exfoliate ချည်း လုပ်နေမယ်ဆို ကြာလာရင် အသားအရေ ထိခိုက်လာပြီး နဂိုအလှပါ ပျက်စေနိုင်ပါတယ်။

အသားအရေ ထိခိုက်လာတာ ဘယ်လို သိနိုင်မလဲ

(၁) အသား ပိုခြောက်လာမယ်

မျက်နှာ မှာ အသားအရေ တင်းတင်းကြီး ဖြစ်ပြီး အသားခြောက်လာမယ်။ ရယ်လိုက်ရင်တောင် အသားပပ်ထားသလို တင်းနေတာမျိုး ဖြစ်လာနိုင်ပါတယ်။ Exfoliateလုပ်ဖို့ Scrub သုံးတာ များပြီး ပြန်မထိန်းသိမ်းလို့ သဘာဝအဆီတွေ မရှိတော့တာကြောင့်ပါ။

(၂) အဆီ ပိုပြန်လာမယ်

မျက်နှာ အဆီပြန်တာက အသားအရေ ခြောက်သွေ့တာကြောင့် ဖြစ်လာတာလို့ သိထားဖို့ လိုပါတယ်။ ရေဓာတ် နည်းပြီး သဘာဝအဆီတွေ Scrub နဲ့အတူ ပါသွားတဲ့ အခါ အရေပြားက အလိုအလျောက် အဆီပိုထုတ်ပေးပါတယ်။

အရင်နဲ့မတူဘဲ အဆီပိုပြန်နေပြီဆို မျက်နှာသန့်စင်တာ လွန်ကဲပြီး အစိုဓာတ် ထိန်းဖို့ လိုအပ်နေပြီလို့ သတိရပါ။

(၃) အရေပြား ယားယံ၊ ဓာတ်မတည့် ဖြစ်လွယ်လာမယ်

ဆဲလ်သေ ဖယ်ရှားတာ လွန်ကဲနေတဲ့ မျက်နှာ အသားအရေဟာ နီမြန်းတာ၊ ယားယံတာ၊ လောင်တာ၊ စပ်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ အသားအရေကို ဓာတ်မတည့် ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ယားယံ စပ်လောင်စေနိုင်တဲ့ အရာတွေကနေ ကာကွယ်ပေးတဲ့ အပေါ်ယံအလွှာ ထိခိုက်သွားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

မျက်နှာကို Exfoliate လုပ်ပြီးရင် မျက်နှာသုတ်ပဝါ နဲ့ သုတ်တဲ့အခါ ပွတ်မသုတ်ဖို့၊ မကြမ်းဖို့လည်း အရေးကြီးပါတယ်။ အသာအယာ တို့ပြီး သုတ်သင့်ပါတယ်။

(၄) ဝက်ခြံ ပိုထွက်လာမယ်

အရေပြားရဲ့ အပေါ်ယံလွှာ ပျက်စီးမှတော့ ဘက်တီးရီးယားဝင်ဖို့ ပိုလွယ်ကူတာပေါ့။ ဒီလိုကနေ မျက်နှာမှာ ဝက်ခြံလေးတွေ အစီအရီ ရောက်လာတတ်ပါတယ်။ အသားအရေ ပြန်မထိန်းသိမ်းမှုကြောင့် ချွေးပေါက်ကျယ်ခြင်းရဲ့ အကျိုးရလဒ်လည်း ဖြစ်ပါတယ်။

နောက်ဆုံးမှာ အရေပြား ကုသထိန်းသိမ်းမှု မလုပ်မချင်း ပထမ ဝက်ခြံ မပျောက်ခင် အသစ် ထပ်ထပ်ထွက်လာတာမျိုး အမျှင်မပြတ် ဝက်ခြံဖြစ်လာရပါတော့တယ်။

(၅) မျက်နှာပြောင်လာမယ်

မျက်နှာအသားအရေ၊ အထူးသဖြင့် နဖူးတဝိုက် ပြောင်လက်လာတာ သိပ်တော့ ကောင်းတာ မဟုတ်ဘူးနော်။ ဒါက စကင်အကဲလွန်သွားတဲ့ လက္ခဏာတစ်ခု ဖြစ်နေတာ သင်သိပါရဲ့လား။

(၆) ခြောက်သွေ့၊ အဖတ်ကွာတာတွေ ဖြစ်လာတယ်

ဆောင်းရာသီ မှာ အသားပပ်ထားသလိုပါပဲ။ Exfoliate လုပ်တာ များလွန်းရင် အသားခြောက်မယ်၊ ကြမ်းလာမယ်၊ အဖတ်တွေ ကွာမယ်၊ အစိုဓာတ် ဆုံးရှုံးမယ်လေ။

အသားအရေ ကို အမြန်ဆုံး ပြန်ကုစားနိုင်ဖို့ –

  • Scrub တွေ ရပ်ထားပါ။
  • အပျော့စား တွေပဲ သုံးပါ။
  • Moisturizer သုံးပါ။
  • ရေအေးဝတ် ကပ်ပေးပါ။
  • နေပူ မခံပါနဲ့။

နောက်ဆုံး မသက်သာဘူး သို့မဟုတ် ပိုဆိုးလာတယ် ဆိုရင် ဆရာဝန် အမြန်ဆုံးပြပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 26/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement