backup og meta

သံဓါတ်လွန်ကဲရင် အရေပြားပိုးဝင်တာတွေ ပိုဖြစ်လွယ်နိုင်

သံဓါတ်လွန်ကဲရင် အရေပြားပိုးဝင်တာတွေ ပိုဖြစ်လွယ်နိုင်

သံဓါတ်အားနည်းလို့မဖြစ်ဘူး၊သွေးအားနည်းလိမ့်မယ်ဆိုပြီး သံဓါတ်ကြွယ်ဝတာတွေစားကြတယ်။ အားဆေးတွေသောက်ကြတယ်။ အထူးသဖြင့်မိန်းကလေးတွေ သံဓါတ်ပိုလိုအပ်တယ်ဆိုပြီး အားဆေးတွေသောက်ကြပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးပါပဲ။ သံဓါတ်နည်းလွန်းလည်းမကောင်းသလို များလွန်းရင်လည်း ဆိုးကျိုးတွေရှိနိုင်တာ သတိထားဖို့လိုပါတယ်။

ကျန်းမာရေးပြဿနာအမျိုးမျိုးမှာ သံဓါတ်ရဲ့အခန်းကဏ္ဍကိုလေ့လာခဲ့တဲ့သုတေသနတစ်ခုကတော့ သံဓါတ်လွန်ကဲခြင်းက အရေပြားပိုးဝင်ခြင်းတွေဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။

သံဓါတ်ဟာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ လူ့ခန္ဓါကိုယ်ကဆဲလ်တိုင်းမှာ သံဓါတ်အနည်းငယ်ပါဝင်တာဖြစ်ပေမယ့် သံဓါတ် ၇၀ ရာခိုင်နှုန်းကတော့သွေးနီဥဆဲလ်တွေမှာ ပါဝင်တာဖြစ်ပါတယ်။

သံဓါတ်ကဟေမိုဂလိုဘင်ထုတ်လုပ်တဲ့နေရာမှာ အရေးပါတဲ့လုပ်ဆောင်ချက်ရှိပြီး အဆုတ်ထဲကနေ ကျန်တဲ့အစိတ်အပိုင်းတွေဆီအောက်ဆီဂျင်သယ်ဆောင်လာပေးတဲ့complex protein တစ်မျိုးလည်းဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ပြီးသွေးအားနည်းတာကို သေချာမကုသရင် နှလုံးရောဂါ၊ အသည်းရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆောင်ချိန်ပြဿနာ၊ ကလေးကြီးထွားဖွံ့ဖြိုးမှုနှေးတာတွေဖြစ်လာနိုင်ပါတယ်။

UK Biobank မှာရှိတဲ့ လူဦးရေ ၅၀၀၀၀၀ ခန့်ရဲ့မျိုးဗီဇနဲ့ ကုသရေးအချက်အလက်တွေကို သုံးပြီး ရောဂါဖြစ်ပွားမှုတွေထဲ သံဓါတ်ရဲ့အခန်းကဏ္ဍကို သုတေသနလေ့လာခဲ့ကြတာပါ။

ဒီလိုလေ့လာတဲ့အခါ ကောင်းတဲ့ဘက်နဲ့ ဆိုးကျိုးပေးတဲ့ဘက် နှစ်မျိုးတွေ့ရှိခဲ့ရပါတယ်။ သံဓါတ်လွန်ကဲခြင်းတာက ကိုလက်စထရောမမြင့်အောင်ကာကွယ်ပေးနိုင်တာကို ဆက်နွှယ်မှုတွေ့ရှိခဲ့တယ်။ ကိုလက်စထရောများတဲ့အခါ နှလုံးသွေးကြောကျဉ်းရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်ပိုများနိုင်တာဖြစ်ပါတယ်။

ဆိုးကျိုးကတော့ –

တစ်ဘက်မှာလည်း သံဓါတ်လွန်ကဲရင် အသည်းရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေဖြစ်လာနိုင်တယ်ဆိုတဲ့ ဆိုးကျိုးသက်ရောက်မှုတွေကိုလေ့လာတွေ့ရှိခဲ့ပါတယ်။ သံဓါတ်လွန်ကဲခြင်းက အရေပြားပိုးဝင်ခြင်းတွေလည်း ဖြစ်နိုင်ခြေပိုများနိုင်ပါတယ်လို့ ထပ်တွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုမှာ သံဓါတ်ကရောဂါတချို့နဲ့ဆက်နွှယ်နေတယ်ဆိုတဲ့အထောက်အထားတွေ ကိုတွေ့ရှိခဲ့တယ်။နောက်တစ်ဆင့်ကတော့ သံဓါတ်ပမာဏကိုတိုက်ရိုက်ထိန်းညှိပေးပြီး ကျန်းမာရေးပြဿနာတွေကို တိုးတက်ကောင်းမွန်စေနိုင်မလားဆိုတာ လက်တွေ့စမ်းသပ်မှုတွေ ကတဆင့်လေ့လာဆန်းစစ်ဖို့ဖြစ်ပါတယ်။

ဒီသုတေသနကိုPLOS Medicineဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicalnewstoday.com/articles/325593.php

Accessed July 1, 2019.

https://www.mayoclinic.org/diseases-conditions/hemochromatosis/symptoms-causes/syc-20351443

Accessed July 1, 2019.

ယခုပုံစံ

11/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများသံဓါတ်အားနည်းရောဂါဖြစ်ပွားခြင်းနှင့် ကာကွယ်မှုနည်းလမ်းများ

သံဓာတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓာတ်များရင်ရော ကောင်းလား။ ။



Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement