backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နွေရာသီမှာ ကြုံတွေ့ရမယ့် မိတ်ရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နွေရာသီမှာ ကြုံတွေ့ရမယ့် မိတ်ရောဂါ

နွေရာသီမှာ ကြုံတွေ့ရမယ့် မိတ်ရောဂါ

မိတ်ဆိုတာ ပူပြင်းတဲ့ရာသီရောက်ရင် ခန္ဒါ ကိုယ် အရေပြားပေါ်မှာဖြစ်တတ်တဲ့ အဖုလေးတွေပါ။ ပူတဲ့အခါ ချွေးထွက်တယ်… တချို့ချွေးတွေက အပြင်ကို အကုန်အစင် မထွက်နိုင်ဘဲ အရေပြားအောက်မှာ စုပုံပိတ်မိရာကနေ မိတ်ရောဂါ စဖြစ်တော့တာပါပဲ။

ယားတတ်တဲ့သဘောရှိပြီး ကလေးရော လူကြီးမှာပါ ဖြစ်တတ်ပေမယ့် ကလေးတွေမှာတော့ပိုအဖြစ်များပါတယ်။

အနီရောင် အဖုသေးသေးလေးတွေဖြစ်ပြီး လည်ပင်း၊ ပုခုံးနဲ့ ရင်ပတ်၊ ကျောကုန်းတွေမှာ ပိုအဖြစ်များတာပါ။ ချိုင်းလိုနေရာတွေနဲ့ ခန္ဒါကိုယ် ပွတ်တိုက်မှူများတဲ့နေရာတွေမှာလဲ ဖြစ်တတ်ပါတယ်။

တခါတလေမှာတော့ အနီရောင်အဖုသေးတင်မက အရည်ကြည်ဖုသေးသေးလေးတွေစုနေတဲ့ ပုံစံမျိုးလဲ ဖြစ်တတ်ပါတယ်။

ဘယ်လိုအရာတွေက မိတ်ထွက်ဖို့ လှူံ့ဆော်သလဲ

ပူအိုက်စိုစွတ်တဲ့ရာသီဥတုက အဓိက ပါပဲ။ ပူတဲ့ဒဏ်ကို အံတုဖို့အတွက် ခန္ဒါကိုယ်ကနေ ချွေးထွက်ရပါတယ်။ ပုံမှန်ထက်ပိုပြီး ချွေးထွက်တာ များတဲ့အခါ ချွေးဂလင်းတွေလည်း ပိုများလာပါတယ်။ အဲဒီအခါ ချွေးထွက်တဲ့ပြွန်လေးတွေ ပိတ်ဆို့ပြီး ချွေးဟာ အရေပြားအောက်မှာ ပိတ်မိပြီး မိတ်ဖြစ်တော့တာပါပဲ။

မိတ်အဖြစ်အများဆုံးက နွေရာသီဆိုပေမယ့် တစ်နှစ်ပတ်လုံးရာသီမရွေးဖြစ်နိုင်ပါတယ်။ အေးတဲ့ဒေသမှာ အနေများတဲ့သူတွေဟာ သူတို့နေနေကျနေရာထက် ပိုပူတဲ့နေရာကို ခရီးထွက်တာ…. ပြောင်းရွှေ့နေထိုင်တာမျိုးလုပ်ရင် မိတ်ပေါက်နိုင်ပါတယ်။

မိတ်ကိုဘယ်လိုကုကြမလဲ

မိတ်ထွက်တိုင်းတော့လည်း ဆရာဝန်နဲ့ချက်ချင်းတိုင်ပင်ပြကိုပြရမယ်လို့တော့ မဟုတ်ပါဘူး။ အောက်မှာဖော်ပြမယ့် နည်းလမ်းတွေနဲ့ သ်သာအောင်လုပ်ကြည့်နိုင်ပါသေးတယ်။

(၁) Calamine လိမ်းဆေး

(2) အချို့သော Steroid များ

(၃) အဝတ်အစား ပွပွချောင်ချောင်ဝတ်ခြင်း

(၄) petroleum သို့မဟုတ် mineral oil ပါဝင်တဲ့ အရေပြားလိမ်းဆေးတွေကို ရှောင်ကြဉ်ခြင်း

မိတ်ကိုကုဖို့ ပထမဆုံးသင်လုပ်သင့်တာကတော့ ….. သင့်အရေပြားကို ချွေးတွေနဲ့ပိတ်မိနေစေမယ့် အနေအထားကနေ ရှောင်ကြဉ်ဖို့ပါပဲ။ ချွေးထွက်လွယ်တဲ့ အဝတ်ထူထူကို မဝတ်ဖို့နဲ့…. အခန့်မသင့်လို့ ချွေးစိုသွားရင်လဲ အဲဒီချွေးစိုဝတ်တွေကို ချက်ချင်းလဲပစ်သင့်ပါတယ်။

အေးတဲ့နေရာကို ရောက်သွားပြီဆိုတာနဲ့ ….. မိတ်ကြောင့်ဖြစ်တဲ့ ယားယံမှူတွေလဲ ခဏသက်သာသွားတာ သင်တွေ့ရမှာပါ။

မိတ်တွေကို ကုဖို့သဘာဝဆေးနည်းအနေနဲ့ Calamine လိမ်းဆေးကို လိမ်းသင့်ပါတယ်။ သင့်အရေပြားကို အေးစေတဲ့အာနိသင်ရှိပါတယ်။

Hydrocortisone လို့ခေါ်တဲ့ steroid လိမ်းဆေးကိုလည်း ယားယံတာတွေသက်သာစေဖို့အတွက် လိမ်းပေးနိုင်ပါတယ်။

သတိပြုသင့်တာက မိတ်တွေက အရမ်းယားလို့ မနေနိုင်လို့… သင်ကုတ်တော့မယ်ဆိုရင် ဘယ်တော့မှ သင့်ရဲ့လက်သည်းတွေကို သုံးပြီးမကုတ်ပါနဲ့….. အဲဒီအစား လက်ချောင်းထိပ်ကလေးတွေနဲ့ ပုတ်ပုတ်ပြီးအယားဖြေသင့်ပါတယ်။ ဘာလို့ဆိုရင် လက်ထိပ်နဲ့ ကုတ်တာက အခန့်မသင့်ံရင် ပိုးဝင်ပြီး အနာရင်းနိုင်ချေရှိလို့ပါပဲ။

တကယ်လို့ အပေါ်မှာပြောခဲ့တဲ့နည်းလမ်းတွေနဲ့ လုပ်ကြည့်လို့ မသက်သာတာပဲဖြစ်ဖြစ်…. အနာတွေက ရောင်ပြီးပိုးဝင်တာရှိရင်ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ မဖြစ်မနေ ပြသတိုင်ပင်သင့်ပါတယ်။

လူအများစုမှာတော့ မိတ်တွေဟာ ဖြစ်ပြီးရင် သူ့အလိုလို ပြန်ပျောက်တတ်ပါတယ်။

မိတ်မဖြစ်အောင်ဘယ်လိုကာကွယ်မလဲ

အထိရောက်ဆုံး ကာကွယ်မှူကတော့ အလွန်အမင်း ချွေးထွက်နိုင်တဲ့ အခြေအနေမျိုးကနေ ရှောင်ကြဉ်ဖို့ပါပဲ။

ပူနွေးစိုစွတ်တဲ့နေရာမှာ နေရမယ်ဆိုရင် ပွပွချောင်ချောင် ချည်သားလို အဝတ်တွေဝတ်ပါ။

ရေအေးပတ်တိုက်တာမျိုးလုပ်နိုင်သလို ရေအေးအေးနဲ့ တစ်နေ့နှစ်ကြိမ်လောက် ချိုးပေးတာကလည်း မိတ်ပေါက်တာကနေ ကာကွယ်နိုင်မှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement