backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Rebonding လုပ်ထားတဲ့ ဆံသားအတွက် ဒီအချက်တွေမလုပ်မိဖို့ သတိထားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Rebonding လုပ်ထားတဲ့ ဆံသားအတွက် ဒီအချက်တွေမလုပ်မိဖို့ သတိထားပါ

ဆံကေသာအလှဟာ ပျိုမေတိုင်းအတွက် အရေးပါလှပါတယ်။ ဆံပင်ပုံစံလေးပြောင်းလိုက်တာနဲ့ တအားဆွဲဆောင်မှုရှိသွားတာမျိုး၊ ဆံပင်တွေ ကပိုကရိုနဲ့လှတဲ့သူတွေရှိပေမယ့် တချို့မှာတော့ ဆံပင်မသပ်ရပ်လို့ အလှတွေမြုပ်သွားတာမျိုး။ ဒီလိုအရေးပါတဲ့ ဆံကေသာရဲ့ ကျန်းမာရေးအတွက် သေချာဂရုစိုက်သင့်တာ လက်ခံတယ်မလား။

ဆံသားပြဿနာအမျိုးမျိုးကို အမြန်ဆုံးဖြေရှင်းပေးနိုင်တဲ့နည်းအဖြစ် hair rebonding treatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebonding လုပ်ရင် ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင်တောက်ပစေတယ်၊ လေတိုက်ရင်တောင်ဆံပင်မရှုပ်စေတဲ့အထိ ထိန်းသိမ်းရလွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ ဆံသားခြောက်ပြီး ပွနေလား၊ ရှုပ်ထွေးနေလား ဘာလာလာ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

အရေးကြီးတာက rebonding လုပ်ပြီးတဲ့အခါ –

၃ ရက်အတွင်း ခေါင်းမလျှော်ပါနဲ့။

ဒါ အရေးကြီးဆုံးအချက်ပါ။ rebonding လုပ်ထားတဲ့ ဆံပင်ကို ပုံသွင်းထားတာမပျက်စေဖို့  ၃ ရက်အတွင်း ရေမထိအောင် သတိထားရပါမယ်။

ဆံပင်မစည်းပါနဲ့။

ဆံပင်စည်းတာ၊ ကလစ်တွေနဲ့ညှပ်တာ၊ ထုံးတာတွေ မလုပ်ပါနဲ့။ rebonding က တာရှည်ခံတာမို့ အခုလိုလုပ်လိုက်ရင် ပုံစံသွင်းထားပြီးသား ဆံသားကို ကျိုးကြေတာတွေ ဖြစ်စေနိုင်ပါတယ်။

အပူနဲ့ ပုံမသွင်းပါနဲ့။

နောက်ပိုင်းခေါင်းလျှော်ပြီးတဲ့အခါ အခြောက်ခံစက် အပူပြင်းပြင်းနဲ့ မသုံးဖို့ သတိထားပါ။ ဆံသား ပိုပျက်စီးစေနိုင်ပါတယ်။

ဆံပင်အရောင်ပြောင်းမယ့်အစီအစဉ်တွေကို နောက်ဆုတ်ပါ။

နောက် ၆ လအတွင်း ဓာတုပစ္စည်းပါတဲ့ ဆံပင်ပြုုပြင်မှုတွေကို ရှောင်သင့်ပါတယ်။ ဆံပင်ဆေးဆိုးတာ၊ အရောင်ချွတ်တာတွေအပါအဝင်ပေါ့။

ခဏခဏ ခေါင်းမလျှော်ပါနဲ့။

ဆံပင်မှာ အစိုဓာတ်လေးထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ဆံသားကျန်းမာချင်တယ်ဆိုရင် ဆံသားရဲ့ အဆီတွေခမ်းခြောက်မသွားစေဖို့ ခေါင်းမကြာခဏလျှော်တာတွေလျှော့ဖို့လိုပါတယ်။ တစ်ပတ်ကို အလွန်ဆုံးသုံးကြိမ်သာလျှော်ပါ။

အစားအသောက်ကို ဂရုစိုက်ပါ။

ညီညွတ်မျှတတဲ့ အစာအာဟာရကို စားပါ၊ အစေ့အဆန်တွေ စားပါ။ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုးနဲ့ ပရိုတင်းအစားအစာတွေအပါအဝင် ဆံသားကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အစားအသောက်တွေကို ရွေးချယ်စားပါ။ ပရိုတင်းက ဆံပင်ရဲ့အဓိကအခြေဖြစ်တဲ့အတွက် အရေးကြီးဆုံးနဲ့ မရှိမဖြစ်အာဟာရ ဖြစ်ပြီး ဇင့်၊ ဆာလဖာ၊ ဖက်တီးအက်စစ်၊ သံဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဒြပ်ပေါင်းတို့လည်း အရေးပါပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement