စိတ်ဖိစီးမှုများခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆံသားနဲ့ဦးရေပြားမှာလည်းထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်တွေပါးလာတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေတတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့စိတ်လှုပ်ရှားမှုတွေကြောင့် ဦးရေပြားမှာအဆီပိုဖြစ်စေပြီး အနံ့ဆိုးထွက်စေပါတယ်။ အဆီပြန်တဲ့ဦးရေပြားမှာ အနံ့အသက်ပိုစွဲပြီး အနံ့ပိုပြင်းတတ်ပါတယ်။
အစားအသောက် တွေက သက်ရောက်မှု ရှိနေလို့
ဦးရေပြား အနံ့အသက်ဆိုးခြင်းက သင့်ရဲ့အစားအသောက်နဲ့ တိုက်ရိုက် ပတ်သက်ဆက်နွယ်နေနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေက တိုက်ဆိုင်မှုမရှိဘူး ဆိုရင်တော့ ကိုယ့်ရဲ့ စားသောက်ပုံအာဟာရကို ပြန်ဆန်းစစ်သင့်ပါတယ်။
ကိုယ်စားသုံးတဲ့ အစာအာဟာရထဲမှာ တဆေးပါဝင်မှု လွန်ကဲနေနိုင်ပါတယ်။ တဆေးစားသုံးမိတာ များရင် သိသိသာသာချဉ်စုပ်တဲ့ အနံ့မျိုးထွက်နိုင်ပါတယ်။ တဆေးပါဝင်တဲ့ အစားအစာ ဘယ်ပမာဏလောက် စားမိသလဲ သတိထားကြည့်ပြီး လျှော့စားရင် အနံ့အသက် လျော့ပါးစေနိုင်ပါတယ်။
ဘယ်လို ဖြေရှင်းရမလဲ
အနံ့အသက်ထွက်နေတဲ့ ဦးရေပြားနဲ့ ဆံသားကို ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။
- ခေါင်းလျှော်တဲ့ရက်ကို သတ်သတ်မှတ်မှတ်ထားပါ။လျှော်ဖို့မပျင်းပါနဲ့။ အလွန်အကျွံမလျှော်ပါနဲ့။
- အမွှေးနံ့ကို အဓိကထုတ်လုပ်တဲ့ ခေါင်းလျှော်ရည်ကိုရွေးပါ။ဗောက်ပျောက်ခေါင်းလျှော်ရည်လည်း သုံးနိုင်ပါတယ်။
- ပန်းကန်လုံးတစ်လုံးထဲမှာ ပန်းသီးရှာလကာရည်နဲ့ရေကို ဆတူရောပြီးဆံသားမှာဆွတ်လိမ်းပါ။ ခြောက်တဲ့အထိထားပြီးခေါင်းလျှော်ချပါ။
- ရေတစ်ဖလားထဲကို မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ထားပါ။ ပုံမှန်အတိုင်းခေါင်းလျှော်လို့ပြီးတဲ့အခါမှ အဲဒီရေနဲ့လောင်းလျှော်ပါ။
- ရို့စ်မေရီ သို့မဟုတ် သံလွင်ဆီ စတဲ့ အဆီတစ်မျိုးမျိုးထဲကို သံပရာရည်ညှစ်ထည့်ပြီး ဦးရေပြားမှာလိမ်းပေးပါ။ ပြီးမှ ခေါင်းလျှော်ပါ။ သံပရာသီးက အနံ့အသက်ပျောက်ပြီး ပိုးသေစေပါတယ်။
- ဆံပင်ပျော့ဆေးကို ဦးရေပြားနဲ့ မထိပါစေနဲ့။ အနံ့အသက်ထွက်နေတဲ့ဦးရေပြားမှာ ဆံပင်ပျော့ဆေးသုံးလိုက်တာက အဏုဇီဝပိုးတွေကို အာဟာရကျွေးလိုက်သလိုဖြစ်စေနိုင်တာကြောင့် ပိုတောင်အနံ့ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်အဖျားကိုပဲ လိမ်းပေးပါ။ ဦးရေပြားမှာ မလိမ်းပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။