နီမြန်းခြင်းဟာရောင်ရမ်းတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာဆေးသုံးသုံးရောင်ရမ်းတာကိုပျောက်ကင်းစေတဲ့ ဆေးတွေ ဖြစ်သင့်ပါတယ်။ နောက်တစ်ချက်ကတော့ အမည်းကွက်တွေကို မြန်မြန်ပျောက်ကင်းအောင်လုပ်ဖို့ပါပဲ။ ဒါဟာဝက်ခြံကြောင့် နီမြန်းခြင်းကိုလျော့ကျစေပါလိမ့်မယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းအတွက် အိမ်သုံးဆေးများ
အောက်ဖေါ်ပြပါတွေကတော့ ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကိုသက်သာစေတဲ့ အိမ်သုံးကုသနည်းတွေဖြစ်ပါတယ်။
နည်း ၁
အမြန်ဆန်ဆုံးနည်းလမ်းကတော့ ရေခဲပဲဖြစ်ပါတယ်။ ရေခဲတုံးတွေကိုအဝတ်တစ်ခုနဲ့ ပတ်ပြီးတော့ ဝက်ခြံရှိတဲ့ နေရာပေါ် တင်ထားပေးပါ။ နီမြန်းခြင်းတွေ လျော့ကျမသွားမခြင်းဆက်တိုက်ပြုလုပ်ပါ။ အရမ်းတော့ မဖိမိဖို့တော့ သတိပြုပါ။ ဒါဟာဝက်ခြံကိုပေါက်သွားစေပြီးတော့ ဘက်တီးရီးယားတွေကိုနီးစပ်ရာနေရာကိုရောက်သွားစေနိုင်ပါတယ်။
နည်း ၂
Tetrahydrozoline hydrochloride ပါဝင်တဲ့ Visine ကိုမျက်စဉ်းတွေဟာဝက်ခြံကြောင့်နီမြန်းခြင်းကိုလျင်မြန်စွာပျောက်ကင်းစေနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာမျက်စဉ်းစိမ်ထားတဲ့ နားကျပ်တံလေးတွေကိုညလုံးပေါက်ထားပါ။ နောက်ရက်ကျရင် နားကျပ်တံတစ်ခုကိုဝက်ခြံပေါ်မှာမိနစ်အနည်းငယ် ကြာတဲ့အထိထားပေးပါ။ မျက်စဉ်းဟာအသားထဲစိမ့်ဝင်သွားတဲ့အခါမှာခဏတာသွေးကြောကျဉ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ဝက်ခြံကြောင့် နီရဲခြင်းကိုလျှော့ချနိုင်ပါတယ်။ တကယ်လို့ တစ်ခုနဲ့ မပျောက်ခဲ့ရင် နောက်တစ်ခုထပ်သုံးပါ။
နည်း ၃
အိမ်တော်တော်များများမှာ Aspirin ရှိတတ်ကြပါတယ်။ Aspirin မှာအရေပြားပေါ်ကဆဲလ်သေတွေကိုကွာကျစေပြီးသွေးကြောကျဉ်းစေခြင်းအားဖြင့် ရောင်ရမ်းမှုကိုလျှော့ချပေးတဲ့ salicylic acid ပါဝင်ပါတယ်။ အမြန်အသုံးပြုဖို့အတွက် ဆေးပြားကို နှစ်ခြမ်းခြမ်းပါ။ အဖြူရောင် ပါဝင်ပစ္စည်းတွေထဲကိုရေအနည်းငယ်ထည့်ပါ။ ပြီးတော့ ဝက်ခြံပေါ်ကိုထိုအနှစ်ကိုတင်ပေးပါ။ ပတ်တီး (သို့) ပလပ်စတာအုပ်ပေးပါ။ မိနစ် ၃၀ လောက် ထားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။