backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဝက်ခြံပိုပေါက်စေတဲ့ အကြောင်းအရာ ၇ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဝက်ခြံပိုပေါက်စေတဲ့ အကြောင်းအရာ ၇ ချက်

လူတိုင်းလိုလို ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ဝက်ခြံပေါက်ကြစမြဲဖြစ်ပါတယ်။ “ငါဘာလို့တခြားသူတွေထက် ဝက်ခြံပိုပေါက်နေတာလဲ” ဒါမှမဟုတ် “ဘာလို့ တချို့တွေမှာ ဝက်ခြံမပေါက်တာလဲ” ဆိုပြီး ကိုယ့်ဘာသာ မေးခွန်းထုတ်ကြည့်ကြဖူးလား။ ဒါဟာ မေးခွန်းကောင်းတစ်ခုဖြစ်ပြီး သင့်အတွက် အဖြေကိုတော့ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြပေးသွားမှာပါ။

ဟော်မုန်းပြောင်းလဲခြင်းများ

ဟော်မုန်းပြောင်းလဲတာဟာ ဝက်ခြံပိုပေါက်စေတဲ့ အဓိကအတွေ့အများဆုံးအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုက လူပျိုအပျိုဝင်စအချိန် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေမှာတောင်မှ ဖြစ်နိုင်ပါတယ်။

လူပျို အပျိုဖော်ဝင်ချိန်

ပျိုဖော်ဝင်ချိန်မှာ Androgen (အန်ဒရိုဂျင်) လို့ခေါ်တဲ့ လိင်ဟော်မုန်းတွေဟာ သင့်ခန္ဓါကိုယ်မှာ တိုးပွားလာပါတယ်။ ဒီလိုတိုးပွားလာတာဟာ သင့်အရေပြားမှာ ရှိတဲ့ အဆီအိတ်တွေကို အဆီပိုထုတ်လာအောင် လှုံ့ဆော်ပေးပါတယ်။ လုံလောက်တဲ့ သဘာဝအဆီဟာ အရေပြားကိုကာကွယ်ပေးပြီး စိုစွတ်မှုကိုဖြစ်စေပါတယ်။ လိုတာထက် ပိုလာရင်တော့ အရေပြားဆဲလ်အဟောင်းတွေနဲ့ရောပြီး ချွေးပေါက်တွေကို ပိတ်စေကာ ဝက်ခြံအဖြစ်ပေါ်လာနိုင်ပါတယ်။

အရွယ်ရောက်ပြီးချိန်

အမျိုးသမီးတွေမှာ ရာသီလာ စဉ်၊ ကိုယ်ဝင်ဆောင်စဉ် သို့မဟုတ် ဟော်မုန်းကုသမှုခံယူစဉ်တွေမှာ ဟော်မုန်းပြောင်းလဲမှုတွေဖြစ်စေပါတယ်။ ဝက်ခြံဟာ ရာသီမလာခင်မှာ ပေါ်လာတတ်ပြီး ရာသီလာပြီးချိန်မှာ ပြန်ပျောက်သွားတတ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ဝန်တားဆေးရပ်လိုက်တဲ့ အချိန်မှာလဲ ဝက်ခြံပေါက်တတ်ပါတယ်။

ဆေးဝါးများ

အတက်ရောဂါကုဆေးများ၊ စိတ်ကျရောဂါကုဆေးများ၊ စတီးရွိုက်ဆေးများ၊ အာရုံကြောဆိုင်ရာဆေးများနဲ့ လီသီယမ်ပါတဲ့ဆေးတွေကသင့်ရဲ့ ဝက်ခြံပေါက်မှုအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

မျိုးရိုး

မျိုးရိုးဗီဇကြောင့်လဲ ဝက်ခြံပေါက်နိုင်ပါတယ်။ သင့်မိဘတွေမှာ ဝက်ခြံပေါက်တတ်ရင်ရင် သင်လည်းပေါက်နိုင်ပါတယ်။

မိတ်ကပ်တွေနဲ့ အနှောက်အယှက်ဖြစ်စေနိုင်တဲ့အရာတွေ

ဆီပါတဲ့ ခရင်မ်၊ မိတ်ကပ်၊ လိုရှင်း နဲ့ မိတ်ကပ်အခံတွေ သုံးတာဟာလဲ သင့်အရေပြားကို ထိခိုက်စေပါတယ်။ ထိုအရာတွေက မွေးညှင်းပေါက်တွေကို ပိတ်စေပြီး ဝက်ခြံပေါက်စေနိုင်ပါတယ်။ ဆံကေသာထိန်းပစ္စည်းတွေ သုံးတာဟာလဲ သင့်အရေပြားကို ထိခိုက်စေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဆံပင်မှာရှိနေတဲ့ မမြင်နိုင်တဲ့ပိုးမွှားတွေဟာ အရေပြားပေါ်ပြန့်နှံ့သွားနိုင်ပါတယ်။

စိတ်ဖိစီးမှု

လေ့လာတွေ့ရှိချက်တွေအရ စိတ်ဖိစီးမှုကလည်း ဝက်ခြံပေါက်တာကို ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်တော့ ဝက်ခြံမဖြစ်စေနိုင်ပေမယ့် ရှိပြီးသားဝက်ခြံကိုပိုဆိုးစေပါတယ်။

ပတ်ဝန်းကျင်

ဆီများတဲ့ ပတ်ဝန်းကျင်၊ ဥပမာ ဓါတုဗေဒစက်ရုံ ဒါမှမဟုတ် မီးဖိုချောင်တွေမှာ အလုပ်လုပ်ရင်တော့ ဝက်ခြံပေါက်တာတို့၊ ဝက်ခြံကိုပိုဆိုးစေတာတို့ ဖြစ်လာနိုင်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီ၊ စိုစွတ်တဲ့ရာသီတွေမှာလဲ ဝက်ခြံပေါက်တတ်ပါတယ်။

အရေပြားပေါ် သက်ရောက်တဲ့ဖိအား သို့ ပွတ်တိုက်အား

ကြိုးသိုင်းတွေ၊ ဦးထုပ်တွေ၊ ဘရာစီယာကြိုး သို့ ပုခုံးကာတွေ ဝတ်တာဟာလဲ ဝက်ခြံကို ပိုဆိုးစေပါတယ်။ သင်ဟာ တယောထိုးသူတစ်ယောက်ဆိုလျှင် မေးစေ့နဲ့ ပုခုံးကြား တယောကိုထောက်ထားရခြင်းကြောင့် ဝက်ခြံကိုပိုဆိုးစေပါတယ်။

ဝက်ခြံရဲ့ အချို့သောအကြောင်းရင်းဇစ်မြစ်ကို မသိရသော်လည်း ဖြစ်စေနိုင်တဲ့ အချို့သောအန္တရာယ်တွေတော့ ရှာတွေ့ထားပါတယ်။ ဒီအရာတွေကြောင့် ဝက်ခြံပေါက်နိုင်တာနဲ့ ဝက်ခြံကို ပိုဆိုးစေတာတွေဖြစ်နိုင်ပါတယ်။ ဒီအကြောင်းအရာတွေကို သိရှိခြင်းအားဖြင့် ဝက်ခြံ ဘာလို့ပေါက်တာလဲဆိုတာနဲ့ ဖြစ်ပွားမှုကို ဘယ်လိုကာကွယ်မလဲဆိုတာတွေကို သိနိုင်ပါတယ်။

ကျွန်တော်တို့ Hello Health Group အနေနဲ့ကတော့ ဆေးပညာ အကြံပေးမှုတွေ၊ ရောဂါရှာဖွေမှုနဲ့ ကုသမှုတွေ မလုပ်ပေးပါဘူး ခင်ဗျာ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement