backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆံပင်အခြောက်မြန်အောင် မှုတ်နည်း ၆နည်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆံပင်အခြောက်မြန်အောင် မှုတ်နည်း ၆နည်း

ဆံပင်တခါခြောက်အောင် dryer နဲ့ နာရီဝက်တနာရီ ထိုင်မှုတ်နေရတာ စိတ်ပျက်နေပြီလား။ မပူပါနဲ့တော့။ အဲ့သလိုမျိုး အချိန်မကုန်ရစေဖို့ အောက်က အချက်လေးတွေကိုသာ ဖတ်ကြည့်လိုက်ပါ။

ဆံပင်ကို ညှစ်ပါ။

ဆံပင်ကို မမှုတ်ခင် မျက်နှာသုတ်ပုဝါနဲ့ အရင်သုတ်မယ်ဆိုရင် အချိန်ကုန်အရမ်း သက်သာသွားမှာပါ။ နည်းမှန်လမ်းမှန် သုတ်ဖို့တော့ လိုပါလိမ့်မယ်။ ဆံပင်ကို မျက်နှာသုတ်ပုဝါနဲ့ ကြပ်ကြပ်ပတ်ပြီး ရေတွေကို ညှစ်ချပါ။ ခပ်ကြမ်းကြမ်း မပွတ်မိပါစေနဲ့။ အဲ့သလို ပွတ်မိလိုက်ရင် ဆံသားကြမ်းစေတဲ့အပြင် ဆံပင်ကိုလည်း လုံးထွေးသွားစေပါတယ်။

ညှစ်ချတဲ့ အခါမှာလည်း အရမ်းကြီးခြောက်သွားအောင် မညှစ်ပါနဲ့။ စိုထိုင်းထိုင်းလေးတော့ ဖြစ်နေပါစေ။ ဘာလို့လဲဆိုတော့ အရမ်းခြောက်သွားပြန်ရင်လည်း hair-dryer နဲ့မှုတ်တဲ့ အခါ ကိုင်ရခက်လို့ပါ။

နေရာပြောင်းပါ။

ရေချိုးခန်းထဲမှာ ဘယ်တော့မှ ဆံပင်ကို အခြောက်မခံပါနဲ့။ ရေချိုးခန်းဟာ စိုထိုင်းဆများတဲ့အတွက် တော်တော်နဲ့ ခြောက်မှာမဟုတ်ပါဘူး။ Gym တို့ ရေကူးကန်တို့မှာလို အများသုံးနေရာဆိုရင်လည်း ရေချိုးတဲ့ နေရာနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေးကို သွားပါ။ Hair-dryer ကို မှန်မှန်ကန်ကန် သုံးတတ်ပါစေ။ လေမှုတ်တဲ့အခါမှာ အပူချိန်နဲ့ လေအရှိန်ကို အသင့်တော်ဆုံး ချိန်တတ်ရပါမယ်။

ဆံပင်အရင်းက စပြီးမှုတ်ပါ။

များသောအားဖြင့် ဆံပင်ကိုမှုတ်တဲ့အခါ နေရာလေးတွေခွဲခွဲပြီး မှုတ်လေ့ရှိကြပါတယ်။ ဒီလို ခွဲတဲ့ နေရာမှာလည်း ဆံပင်အဖျားပိုင်းကနေ စပြီးမှုတ်တတ်ကြပါတယ်။ အဲ့လို အဖျားပိုင်းက စမယ့်အစား ဆံပင်အရင်းပိုင်းက စမှုတ်ပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့ ဆံပင်ကို ဘီးလေးနဲ့မပြီး ဆံသားအောက်ခြေနေရာလေးတွေကို သေချာမှုတ်ပေးပါ။ (ဘီးနဲ့မတဲ့အခါ ဆံပင်က တော်တော်ခြောက်နေပြီဆိုရင် ဆံပင်နည်းနည်းပဲ ပါလာတတ်တာမို့ အဆင်မပြေပါဘူး။) ဒီနည်းလေးသုံးခြင်းအားဖြင့် ဆံပင်ကို ပိုပြီးမြန်မြန်ခြောက်စေပါတယ်။

Hair-dryer ကို အောက်စိုက်ပြီး မှုတ်ပါ။

ရုတ်တရက် စဉ်းစားရင် ဆံပင်ကို လေပူနဲ့မှုတ်တာ ဘယ်လိုအနေအထားနဲ့ မှုတ်မှုတ်ပေါ့လို့ ထင်စရာရှိပါတယ်။ ဒါဟာ မှားပါတယ်။ Dryerရဲ့ လေထွက်တဲ့ အပေါက်ကို အောက်စိုက်ပြီး မှုတ်ပါ။ ဒီလို လုပ်ခြင်းအားဖြင့် ဆံပင်တွေက အပေါ်ကို လန်တက်မလာတော့ပဲ ရှင်းရှင်းလေးဖြစ်ပြီး အခြောက်မြန်စေမှာပါ။

မှန်ကန်တဲ့ ကုန်ပစ္စည်းကို ရွေးချယ်အသုံးပြုပါ။

ဥုံဖွဆိုပြီး အမြန်ခြောက်သွားစေမယ့် တံဆိပ်တော့မရှိပါ။ ဒါပေမယ့် မှန်ကန်ပြီး အရည်အသွေးကောင်းမွန်တဲ့ ကုန်အမှတ်တံဆိပ်ကို ရွေးချယ်ခြင်းအားဖြင့် သင့်ဆံကေသာတွေကို မြန်မြန်ဆန်ဆန် ခြောက်သွေ့သွားစေဖို့ အထောက်အကူဖြစ်စေမှာပါ။

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement