အဓိပ္ပါယ်ဖွင့်ဆိုချက်
Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) ကဘာလဲ။
လိင်ဆက်ဆံရာမှတဆင့် ကူးစက်နိုင်သောရောဂါမျိုးဖြစ်ပြီး မိန်းမအင်္ဂါရှိ ထရိုင်ခိုမိုနပ်စ် ဟုခေါ်သော အကောင်ငယ်လေးမှ ဖြစ်ပွားသည်။ အများအားဖြင့် အမျိုးသမီးများတွင်သာ ဖြစ်ပွားတတ်သော်လည်း ရောဂါရှိသောလိင်ဆက်ဆံဘက်များကြောင့် ယောင်္ကျားများတွင်လည်းဖြစ်ပွားတတ်သည်။ ထိုရောဂါဖြစ်ပါက မိန်းမအင်္ဂါမှ အနံ့ဆိုးဆိုးအရည်များကျဆင်းခြင်း၊ဆီးသွားရာတွင်နာကျင်ခြင်း၊မိန်းမကိုယ်ယားယံခြင်းတို့
ဖြစ်ပွားနိုင်ပါသည်။ ထိုရောဂါဖြစ်သော အမျိုးသားများတွင်ကား လက္ခဏာမပြတတ်ပေ။
ထရိုင်ခိုမိုးနပ်စ်ရောဂါရှိသော ကိုယ်ဝန်ဆောင်မိန်းမသည် ကလေးကို လမစေ့ပဲစောစီးစွာမွေးဖွားရန်အလားအလာကောင်းနေတတ်သည်။
Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) က ဘယ်လောက်အဖြစ်များသလဲ
အဖြစ်များဆုံးသော ကုသ၍ပျောက်ကင်းနိုင်သည့် လိင်ဆက်ဆံရာမှ ကူးစက်နိုင်သည့်ရောဂါတမျိုးဖြစ်သည်။ အမေရိကန်နိုင်ငံတွင် 3.7သန်းသော လူဦးရေသည် ထိုရောဂါရှိနေကြောင်းသိရသည်။ သို့သော်လည်း 30%သာ လက္ခဏာများပြတတ်ကြသည်။ အသက်အရွယ်ကြီးရင့်သောအမျိုးသမီးများသည် ငယ်ရွယ်သောအမျိုးသမီးများထက်စာလျှင်ပိုမို၍ ဖြစ်ပွားနိုင်ချေရှိကြောင်းသိရှိရသည်။ ထပ်မံသိရှိလိုပါက ဆရာဝန်ှနှင့် ဆက်သွယ်မေးမြန်းပါ။
လက္ခဏာများ
Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ
ကူးစက်ခံရပြီး 5 ရက် မှ 28 ရက်အတွင်း လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ အချို့သောသူများတွင်လက္ခဏာပြရန် ပို ၍အချိန်ကြာမြင့်နိုင်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။