သုက်ရည်ထဲ သွေးပါလာပြီဆိုရင် ဒါတွေကိုသတိထားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 29, 2020 . 2 mins read
Share now

အမျိုးသားတစ်ယောက်အတွက်တော့ သုက်ရည်ထဲ သွေးပါလာတဲ့ကိစ္စဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းမှာတော့ အမှန်ပါပဲ။ များသောအားဖြင့် ဒါကိုဘာကြောင့်ဖြစ်တာလဲလို့ မပြောခင် တခြားလက္ခဏာတွေ၊ အသက်အရွယ်နဲ့ ကျန်းမာရေးပြဿနာတွေကို သိထားဖို့တော့ လိုပါတယ်။

အသက် ၄၀ မပြည့်သေးတဲ့ အမျိုးသားတွေမှာ သုက်ရည်ထဲသွေးပါလာတာကလွဲပြီး တခြားဘာလက္ခဏာမှ မပြဘူးဆိုရင် သိပ်ပြီး စိတ်ပူဖို့မလိုပါဘူး။ ရက်သတ္တပတ်အနည်းငယ်အတွင်း သုက်ရည်က ပုံမှန်အရောင်အတိုင်းပြန်ဖြစ်သွားမှာပါ။ အသက် ၄၀ အထက် အမျိုးသားတွေဆိုရင်တော့ နည်းနည်းသတိထားဖို့လိုပါတယ်။ အထူးသဖြင့် သုက်လွှတ်တဲ့အခါတိုင်းလိုလို သွေးပါလာတာ၊ ဆီးထဲမှာ သွေးပါလာတာ၊ အချိန်တော်တော်ကြာတဲ့အထိ မပျောက်သွားဘူးဆိုရင် Hematospermia လို့ ခေါ်တဲ့ရောဂါဖြစ်နိုင်ပါတယ်။

သုက်ရည်ထဲ သွေးပါလာတာ တခြားဘာကြောင့်ရော ဖြစ်နိုင်လဲ။

၁။ ဆီးကျိတ်ဂလင်း၊ သုက်ပို့ပြွန်မှာ ပိုးဝင်ပြီး ရောင်နေတာ

၂။ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (ဂနို၊ ခလက်မီးဒီးယား)

၃။ ဆီးကျိတ် အသားစယူပြီးနောက် ယာယီသွေးထွက်ခြင်း

၄။ ဓာတ်ရောင်ခြည်ကုထုံး

၅။ အမျိုးသားများ သားကြောဖြတ်ခြင်း

၆။ လိပ်ခေါင်းရောဂါ ကုသရန် ဆေးထိုးခြင်း

၇။ ဝှေးစေ့ကို ပြင်းပြင်းထန်ထန် ထိခိုက်မိခြင်း

၈။ ကြိမ်ဖန်များစွာ တစ်ကိုယ်ရေ အာသာဖြေခြင်း

၉။ ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်း

၁၀။ မျိုးပွားလမ်းကြောင်းမှာ တစ်ခုခုပိတ်မိတဲ့အခါ သွေးကြောများပေါက်သွားခြင်း

၁၁။ သွေးတိုး၊ ကျောက်ကပ်မကောင်းတဲ့သူတွေ

၁၂။ HIV ပိုးရှိသူတွေမှာ သုက်ရည်ထဲသွေးပါတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

တခြားဘာလက္ခဏာတွေ တွေ့ရသေးလဲ။

သုက်ရည်ထဲ သွေးပါတာဟာ ပုံမှန်အားဖြင့် စိုးရိမ်စရာသိပ်မရှိပေမဲ့ အောက်ပါလက္ခဏာတွေပါ တွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။

၁။ ဆီးသွားစဉ် သွေးပါခြင်း (Hematuria)

၂။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း၊ နာကျင်ခြင်း

၃။ ဆီးအကုန်အစင်သွားလို့ မရဘဲ အနည်းငယ်ကျန်နေသေးသလို ခံစားရခြင်း

၄။ ဆီးအိတ်က နာကျင်နေသလို၊ ဖောင်းနေသလို ခံစားရခြင်း

၅။ သုက်လွှတ်စဉ် နာကျင်ခြင်း

၆။ လိင်အင်္ဂါတစ်ဝိုက် ဖောရောင်နေခြင်း၊ နာကျင်ခြင်း

၇။ လိင်တံမှ တခြား ပြည်ကဲ့သို့ အရည်များစိမ့်ထွက်လာခြင်း

၈။ အဖျားတက်ခြင်း

၉။ နှလုံးခုန်မြန်ခြင်း

၁၀။ ပုံမှန်ထက် ပိုပြီး သွေးတိုးနေခြင်း အစရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။

စစ်ဆေးကုသမှု ခံယူတော့မယ်ဆိုရင် ဘာလုပ်ဖို့ လိုအပ်လဲ။

ဆရာဝန်အနေနဲ့ လူနာရဲ့ အသက်၊ ကျန်းမာရေးအခြေအနေ၊ တခြားပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေ၊ သောက်နေတဲ့ ဆေးဝါးတွေအပြင် လိင်အပျော်အပါးလိုက်စားခြင်း ရှိ၊ မရှိ မေးမြန်းမှာဖြစ်ပါတယ်။ အဲ့နောက်မှာ

  • လိင်အင်္ဂါမှာ တခြားအကျိတ်၊ ဖောရောင်နေတာ ရှိ၊ မရှိကို လက်ဖြင့် ကိုင်တွယ်စမ်းသပ်ခြင်း
  • စအိုအတွင်း လက်ဖြင့်ထိုးသွင်းပြီး ဆီးကျိတ်ရောင်နေခြင်း၊ ပျော့အိအိဖြစ်နေခြင်း၊ တခြားရောဂါ ရှိမရှိကို စမ်းသပ်ခြင်း (Rectal Exam)
  • ဆီးနမူနာကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီး ပိုးဝင်ခြင်းရှိ၊ မရှိ စစ်ဆေးခြင်း (Urinalysis)
  • သွေးဖောက်ထုတ်ပြီး လိင်မှတစ်ဆင့် ကူးစက်ရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း (STD Test)
  • ဆီးကျိတ်ကင်ဆာ စစ်ဆေးခြင်း (PSA Testing)
  • အာထရာစောင်း ရိုက်ခြင်း (Ultrasound)
  • ဆီးလမ်းကြောင်းထဲ မှန်ပြောင်းဖြင့် ကြည့်ခြင်း (Cystoscopy)
  • CT Scan ရိုက်ခြင်း
  • MRI စစ်ဆေးခြင်း ပြုလုပ်မှာဖြစ်ပါတယ်။

ရောဂါအကြောင်းရင်းကို စစ်ဆေးပြီးသွားတဲ့အခါမှသာ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေးပေးတာ၊ အရောင်ကျဆေးမယ့် ဆေး သို့မဟုတ် သွေးတိုးကျဆေး၊ အသည်းအားဆေးပေးတာ၊ ဆီးကျိတ် ခွဲစိတ်တာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါအတွက် ဆေးပေးတာမျိုးတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

အသက် ၄၀ အောက်အမျိုးသားတွေအနေနဲ့ တစ်ခါ၊ နှစ်ခါလောက်ပဲ သုက်ရည်ထဲ သွေးပါတာ၊ တခြားဘာလက္ခဏာမှမရှိဘူးဆိုရင်တော့ သိပ်ပြီးစိတ်ပူဖို့ မလိုအပ်ပါဘူးခင်ဗျာ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားကျန်းမာရေးအချိန်အခါ နိုဝင်ဘာ

Movember ဆိုတဲ့ပွဲဘယ်ကစဖြစ်လာသလဲ၊ ဘာတွေလုပ်ကြသလဲ၊ ဘယ်လိုကျန်းမာရေး ကိစ္စတွေအတွက် ပြုလုပ်သလဲဆိုတာပြောပြမယ်နော်။ ကိုယ်လက်လေ့ကျင့်ခန်း။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကအနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေက ဘာတွေများလဲ။

ရေးသားသူ Dr. Thiha Phyo Myint

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများ အားနည်းပြီး လှုပ်ရှားမှုမကောင်းတဲ့အခါ အစာချေဖို့နဲ့ အစာအိမ်ထဲက အစာတွေကို အူလမ်းကြောင်းထဲကို ပို့ဆောင်နိုင်ဖို့ နှေးကွေးသွားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

သွားကိုက်တာကို သေချာစွာ မကုသဘဲထားရင် ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒီထက်ဆိုးရင် ကိုယ်ခန္ဓာရဲ့တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
ဆီးကျိတ်ကင်ဆာ (Prostate Cancer)

ဆီးကျိတ်ကင်ဆာ (Prostate Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 3 mins read
သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read