HD ဆိုတဲ့ စာလုံးဟာ လူမှုကွန်ယက်နဲ့ မရင်းနှီးသူ ဒါမှမဟုတ် တခြားနိုင်ငံသားတွေအတွက် High-definition (ဝါ) ကြည်လင်ပြတ်သားပြီး အရည်အသွေးကောင်းမွန်တဲ့ ရုပ်သံဖိုင်တခုဆိုတဲ့ အဓိပ္ပါယ်ဆောင်မှာ ဖြစ်ပေမယ့် လူမှုကွန်ယက်နဲ့ အကျွမ်းတဝင်ရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ ဒီစာလုံးဟာ အဓိပ္ပါယ်တမျိုး သက်ရောက်ပါတယ်။ အားလုံးပဲ သိတော်မူကြတဲ့အတိုင်း HD ဆိုတာဟာ စုံတွဲတတွဲ လိင်ဆက်ဆံနေကြတာကို (အဆိုပါ စုံတွဲထဲက တယောက်ယောက် သို့မဟုတ် အခြားသူတယောက်ယောက်က) ခိုးရိုက်ထားတဲ့ ရုပ်သံဖိုင် သို့မဟုတ် မိမိတို့စုံတွဲကိုယ်တိုင် အလိုတူအလိုပါ ရိုက်ထားပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ပျံ့နှံ့သွားတဲ့ ခပ်ပြာပြာ ရုပ်သံဖိုင်တွေကို ဆိုလိုတာပါ။ အင်တာနက်နဲ့ ဖုန်းဟာ လက်တကမ်းဆိုတာထက် ပိုနီးစပ်လာတဲ့ အခြေအနေမှာ သင့်ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေဟာ တမဟုတ်ချင်းမှာပဲ ပြည်သူပိုင်ပစ္စည်း ဖြစ်သွားနိုင်ပါတယ်။ နောက်ဆက်တွဲအကျိုးရလာဒ်တွေကတော့ မတွေးဝံ့အောင်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ အဆိုပါ ရုပ်သံဖိုင်ပေါက်ကြားမှုနဲ့ ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။