ပူရှိန်းသကြားလုံး နဲ့ပီကေတွေကို လုံးဝမစားပါနဲ့
လူတိုင်းဟာ သူတို့ချစ်သူနဲ့ အနီးကပ်အတူနေကြတဲ့အခါ ပိုပြီး ကြည့်ကောင်းချင်တဲ့အပြင် ခံတွင်းအနံ့လည်း လန်းဆန်း မွှေးပျံ့ နေချင်ကြပါတယ်။ ဒီလိုဖြစ်ဖို့ ပြင်ဆင်ရာမှာ မလုပ်သင့်တဲ့အရာ အချို့ရှိပါတယ်။ ပူရှိန်းတွေမှာ menthol ဓါတ်ပါတဲ့အတွက် သင့်ခံတွင်းနံ့ကို သင်းပျံ့စေမှာပါ။ သို့သော် တစ်ချိန်တည်းမှာပဲ ၎င်းဟာ သင့်ရဲ့ testosterone ဟော်မုန်းပမာဏကို လျှော့ချပစ်လိုက်ပါတယ်။ ဒါကြောင့် အာလုပ်ကျင်းလိုက်ခြင်း (သို့မဟုတ်) သွားတိုက်ခြင်း စတာတွေကိုပဲ ရိုးရှင်းစွာ လုပ်သင့်ပါတယ်။
အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုလုပ်ပါနဲ့။
အထူးသဖြင့် အမျိုးသားတွေအတွက် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းဟာ ပုံမှန်ဖြစ်တယ်လို့ ထင်အောင် လူမှုကွန်ရက်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ စာအုပ်တွေက လှုံ့ဆော်နေကြပါတယ်။ လက်တွေ့ဘဝနဲ့ လေ့လာမှုတွေအရ ဒါဟာ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတာကို တွေ့ရပါတယ်။ အရက်နဲ့ ဆေးလိပ်ဟာ ဘယ်လိုပဲဖြစ်ဖြစ် လူတွေအတွက် အဆိပ်ပဲ ဖြစ်ပါတယ်။ ၎င်းဟာ လိင်စိတ်ဆန္ဒကို ဖြစ်ပေါ်စေသော်လည်း သွေးလှည့်ပတ်မှုကို တားဆီးပါတယ်။ အရက်နဲ့ ဆေးလိပ်သောက်ခြင်းရဲ့ မကောင်းတဲ့ ဆိုးကျိုးတွေကို အချိန်ကြာလာတာနဲ့ အမျှ သင်ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး။
လိင်မှုကိစ္စကို တစ်စုံတစ်ဦးနဲ့သာ သစ္စာရှိရှိ လုပ်ဆောင်သင့်ပါတယ်
ယခုခေတ်မှာ ရွေးချယ်စရာ လူမျိုးစုံရှိပါတယ်။ ဒီလိုအချိန်ခဏလေးကို မိမိချစ်နှစ်သက်တဲ့ တစ်စုံတစ်ဦးနဲ့ ဖန်တီးကျော်ဖြတ်သွားခြင်းဟာ သင့်ရဲ့ လိင်မှုဆိုင်ရာ ဘဝအတွက် ကျေနပ်စရာ ဖြစ်သွားမှာပါ။ သင့်ရဲ့ ကျန်ရှိနေတဲ့ ဘဝအချိန်တွေကို လူတစ်ယောက်နဲ့ အခြေချနေထိုင်သွားခြင်းက အရမ်းကို ပျော်ရွှင် ဆန်းကြယ်ဖို့ကောင်းတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် စုံတွဲတွေဟာ အချိန်ကြာလာတာနဲ့အမျှ လိင်မှုဆိုင်ရာမှာ ဆန်းသစ်တီထွင်မှုမရှိပဲ လုပ်ဆောင်နေကျ ပုံစံမျိုးသာ လုပ်ယူနေမယ်ဆိုရင်တော့ သင်တို့နှစ်ဦးစလုံးအတွက် လိင်မှုကိစ္စဟာ စိတ်ဝင်စားဖို့မကောင်းတော့ပဲ မလုပ်ချင်တော့တဲ့ထိ ရိုးအီသွားတတ်ပါတယ်။ ဒါကြောင့် လိင်မှုကိစ္စပြုလုပ်တဲ့အခါ နေရာဒေသပြောင်းလဲခြင်း၊ အဝတ်အစား အသွင်အပြင် ပြောင်းလဲခြင်း၊ အစီအစဉ်ပြောင်းလဲခြင်းနဲ့ လိင်စိတ်နိုးကြား တက်ကြွလာအောင် စကားလုံးအသုံးအနှုန်းတွေ ပြောင်းလဲ ပြောဆိုခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။