Genital Warts (လိင်အင်္ဂါကြွက်နို့ )

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 19, 2020 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Genital Warts (လိင်အင်္ဂါကြွက်နို့ ) ကဘာလဲ။

လိင်အင်္ဂါကြွက်နို့သည် လိင်အင်္ဂါတစ်ဝိုက်တွင် ပေါက်တတ်သော ကြွက်နို့ရောဂါဖြစ်သည်။ ၎င်းတို့သည် သေးငယ်သော အသားရောင် အဖုလေးများ သို့မဟုတ် ပန်းမုန်လာလို ပုံစံများ ရှိတတ်၏။ ဖြစ်ရပ်အများအပြားတွင် ကြွက်နို့များသည် သေးငယ်လွန်းသောကြောင့် မမြင်ရတတ်ပါ။ လိင်အင်္ဂါကြွက်နို့များသည် လိင်မှတစ်ဆင့်အကူးစက်ဆုံး ရောဂါတစ်ခုဖြစ်ပြီး ဟူးမန်းပက်ပလိုးမားဗိုင်းရပ်စ် (HPV) ကြောင့် ဖြစ်ရခြင်းပင်။ ထိုဗိုင်းရပ်စ်သည် အမျိုးသမီးများ၌ ကြွက်နို့သာမက ကင်ဆာကိုပါ ဖြစ်စေတတ်ပါသည်။

Genital Warts (လိင်အင်္ဂါကြွက်နို့ ) က ဘယ်လောက်အဖြစ်များသလဲ

ဤရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ကြွက်နို့ပေါက်နိုင်ချေပိုများ၏။ အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Genital Warts (လိင်အင်္ဂါကြွက်နို့ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လိင်အင်္ဂါကြွက်နို့ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • သေးငယ်သော အသားရောင် သို့ မီးခိုးရောင် ဖုလုံးများ လိင်အင်္ဂါတစ်ဝိုက်တွင် ပေါက်ခြင်း
  • ကြွက်နို့များစုသွားပြီး ပန်းမုန်လာပုံစံဖြစ်သွားခြင်း
  • လိင်အင်္ဂါတစ်ဝိုက်၌ ယားယံခြင်း မသက်မသာရှိခြင်း
  • လိင်ဆက်ဆံချိန်၌ သွေးဆင်းခြင်း

အမျိုးသမီးများ၌ မအင်္ဂါနှုတ်ခမ်း၊ မိန်းမကိုယ်အတွင်းနံရံ၊ အပြင်ဖက်လိင်အင်္ဂါနှင့် စအိုစပ်ကြားနေရာ၊ စအိုခေါင်းအတွင်းနှင့် သားအိမ်ခေါင်းတို့တွင် ကြွက်နို့များပေါက်နိုင်ပါသည်။ အမျိုးသားများတွင်မူ လိင်တံ၏ထိပ်နှင့် ဘေးဖက်၊ ကပ်ပယ်အိတ် သို့မဟုတ် စအိုတို့တွင် ပေါက်နိုင်၏။

ပိုးရှိသူကို ပါးစပ်နှင့်လိင်ဆက်ဆံမိပါကလည်း ပါးစပ်နှင့်လည်ချောင်းတို့တွင် ပေါက်နိုင်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်ရော သင့်ပါတနာပါ လိင်အင်္ဂါတစ်ဝိုက်၌ အဖုများ ကြွက်နို့များထွက်လာပါက ဆရာဝန်ဆီ သွားရောက်ပြသသင့်ပါသည်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Genital Warts (လိင်အင်္ဂါကြွက်နို့ ) ကိုဘာတွေကဖြစ်စေသလဲ

လိင်အင်္ဂါကြွက်နို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ဟူးမန်းပက်ပလိုးမားဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ HPV အမျိုးအစား ၄၀ ခန့်သည် လိင်အင်္ဂါတစ်ဝိုက်၌ ကူးစက်တတ်ကြောင်း တွေ့ရှိထား၏။ လိင်မှတစ်ဆင့် HPV သည် ကူးစက်နိုင်၏။ အကယ်၍ ကိုယ်ခံအားစနစ်မှ HPV ကိုသတ်နိုင်လောက်အောင် အားပြင်းသည်ဆိုပါက ပိုးကူးစက်သည့်လက္ခဏာများ သင့်တွင်ပေါ်လာမည်မဟုတ်ပါ။ သို့သော် ဖြစ်ရပ်အများစုတွင်တော့ HPV သည် ဒီတိုင်းလေးနေပြီး လက္ခဏာများလည်း မပြတတ်ပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Genital Warts (လိင်အင်္ဂါကြွက်နို့ ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လိင်အင်္ဂါကြွက်နို့ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ပါတနာများစွာနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
  • တခြားသော လိင်မှတစ်ဆင့်ကူးဆက်သည့်ရောဂါများ ဖြစ်နေခြင်း
  • လိင်ပိုင်းဆိုင်ရာ နောက်ကြောင်းကိစ္စကို မသိသူနှင့် လိင်ဆက်ဆံမိခြင်း
  • ငယ်ရွယ်စဉ်ကတည်းကပင် လိင်မှုကိစ္စ၌ ပျော်ပါးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Genital Warts (လိင်အင်္ဂါကြွက်နို့ ) ကို ဘယ်လိုအတည်ပြုပါသလဲ

ကြွက်နို့ရှိမည်ဟု သံသယရှိသော နေရာတွင် စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။ အကယ်၍ ကြွက်နို့သည့် အမျိုးသမီးခန္ဓာကိုယ်၏အတွင်းထဲထိ ဖြစ်နေပါက တင်ပဆုံတွင်း စစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ဆရာဝန်မှ အက်စစ်ပျော့ ပျော်ရည်တစ်မျိုးသုတ်လိမ်းပြီးစမ်းပါမည်။ ထိုမှသာ ကြွက်နို့များကို ရှင်းရှင်းလင်းလင်းမြင်ရမည်ဖြစ်သည်။

သားအိမ်ခေါင်းတစ်နေရာမှ ဆဲလ်များရယူရန်အတွက် Swab သုတ်ပြီး နမူနာရယူကာ (Pap Smear) ရောဂါကိုစစ်ဆေးပါလိမ့်မည်။ ထိုစစ်ဆေးမှုဖြင့် HPV ရှိမရှိသိနိုင်ပါသည်။ ထို့အပြင် သင့်ကျန်းမာရေးနှင့် လိင်ဆိုင်ရာအကြောင်းများကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသေးသည်။

Genital Warts (လိင်အင်္ဂါကြွက်နို့ ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်မှ imiquimod (Aldara), podophyllin နှင့် podofilox (Condylox), trichloroacetic acid (TCA) တို့ပါသော ကြွက်နို့လိမ်းဆေးများ ပေးပါလိမ့်မည်။

အညွှန်းစားမပါဘဲ ဝယ်ယူရနိုင်သည့် ကြွက်နို့ဆေးများသည် စိတ်မချရပါ။ အဘယ့်ကြောင့်ဆိုသော် လိင်မအင်္ဂါတစ်ဝိုက်မှ တစ်ရှူးများသည် စိုစွတ်လွန်းသောကြောင့် အထက်ပါဆေးများသုံးလျှင် နာကျင်ကျိန်းစပ်မှုသာ ပိုဖြစ်စေနိုင်ပါသည်။

ကြွက်နိုကြီးများရှိလျှင် သို့မဟုတ် ဆေးမတိုးလျှင် ခွဲစိတ်ဖယ်ရှားရနိုင်ပါသည်။ ကိုယ်ဝန်ရှိသူဆိုပါက ကလေးကိုထိခိုက်စေမည့်ဆေးများအစား ခွဲစိတ်ရန် ညွှန်ကြားပါလိမ့်မည်။ ခွဲစိတ်ဖယ်ရှာခြင်းများတွင် နိုက်ထရိုဂျင်အရည်သုံးပြီး အေးခဲစေခြင်း၊ လေဆာသုံးဖယ်ရှာခြင်းများ ပါဝင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လိင်အင်္ဂါကြွက်နို့ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လိင်အင်္ဂါကြွက်နို့ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • လိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးပါ။ လိင်အင်္ဂါကြွက်နို့နှင့် ထိတွေ့နိုင်သည့် အန္တရာယ်ကို သိသိသာသာ လျော့ချပေးပါသည်။
  • ထိုင်ပြီးရေချိုးပါ။ အရင်ဆုံး ရေစိမ်ဇလုံးထဲသို့ ရေနွေးနွေးလေးထည့်ပါ။ ထို့နောက် ၁၀ – ၁၅ မိနစ်ခန့် စိမ်ပေးပါ။ နေ့စဉ်ပြုလုပ်ပေးသင့်ပါသည်။
  • အပူပေးမီးအိမ် သို့မဟုတ် Hair Dryer သုံးပါ။ ထိုအရာများကိုသုံးပြီး လိင်အင်္ဂါတစ်ဝိုက်ကို အခြောက်ခံနိုင်ပါသည်။ သို့သော် အပူပေးမီးအိမ် သို့မဟုတ် Hair Dryer ကို အရေပြားနှင့် ၄၀ စင်တီအဝေးမှသာထားပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

မျက်လုံးတိမ်စွဲတဲ့ရောဂါ (Cataracts) ဟာ များသောအားဖြင့် အသက်အရွယ်ကြီးရင့်သူတွေမှာသာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

လိင်ကျန်းမာရေး အမျိုးသားရောဂါ ကင်ဆာကုထုံး ရောဂါလက္ခဏာများ ဝှေးစေ့ကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
နှလုံးရောဂါ အကြောင်း

နှလုံးရောဂါ အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 5 mins read
ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 mins read