backup og meta

လိင်အင်္ဂါကြွက်နို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်အင်္ဂါကြွက်နို့

    လိင်အင်္ဂါကြွက်နို့ ဟာ လိင်ဆက်ဆံမှုမှတဆင့် ကူးစက်မှုအများဆုံးဖြစ်တဲ့ Human Papillomavirus (HPV) ရောဂါပိုးကြောင့် ဖြစ်ရတာပါ။HPV ဗိုင်းရပ်စ်ပိုးမှာ မျိုးစိတ်များစွာ ရှိပါတယ်။ ၎င်းမျိုးစိတ်တချို့က လက်နဲ့ ခြေထောက်တွေမှာ ကြွက်နို့တွေဖြစ်လာစေပြီး တခြား မျိုးစိတ်တွေကတော့ လိင်အင်္ဂါကြွက်နို့တွေ ဖြစ်စေပါတယ်။

    လိင်အင်္ဂါကြွက်နို့ ဘယ်လိုဖြစ်လာလဲ

    အမည်အတိုင်းပဲ လိင်အင်္ဂါကြွက်နို့တွေဟာ လိင်အင်္ဂါတဝိုက်မှာဖြစ်လာလေ့ရှိပါတယ်။ဥပမာ – အမျိုးသမီးတွေမှာဆိုရင် ယောနိဝ၊ သားအိမ် လမ်းကြောင်းနံရံ၊ သားအိမ်ခေါင်း၊ စအိုနဲ့ အမျိုးသားတွေမှာ လိင်တံ၊ကပ်ပယ်အိတ် တို့မှာ ဖြစ်တတ်ကြပါတယ်။ တစ်ခါတရံ ၎င်းတို့က ကူးစက်ခံရသူရဲ့ ပါးစပ် သို့မဟုတ် လည်ချောင်းအတွင်း ပေါက်လာတတ်ပါတယ်။

    လိင်အင်္ဂါကြွက်နို့ရဲ့ လက္ခဏာတွေက ဘာတွေလဲ

    လက္ခဏာတွေကတော့ ဖုလာ၊ ပြားလာပြီး ပန်းရောင် သို့မဟုတ် အသားရောင်ပြောင်းလာတဲ့ကြွက်နို့တွေဖြစ်ပါတယ်။ ၎င်းတို့က ဂေါ်ဖီပန်းလိုဖုထစ်တွေဖြစ်လာစေပြီး အနည်းငယ်ယားယံကာ နေမထိထိုင်မသာဖြစ်စေပါ တယ်။

    အများအားဖြင့်တော့ ၎င်းကြွက်နို့တွေဟာ သာမန်မျက်စိနဲ့မမြင်နိုင်လောက်အောင် သေးငယ်နေ တတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေ သိသိသာသာ ပြူထွက်လာဖို့က လနဲ့ချီ၊ နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ လူတစ်ယောက် မှာ HPV ကိုဘယ်အချိန်က ကူးစက်ရရှိခဲ့သလဲဆိုတာနဲ့ ဘယ်သူ့ဆီက ကူးစက်ခဲ့သလဲဆိုတာကို အတိအကျ သိနိုင်ဖို့ခက်ခဲသွားစေပါတယ်။

    လိင်အင်္ဂါကြွက်နို့ ကို ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်လဲ

    ကူးစက်မှုအများစုမှာ ဒီရောဂါပိုး သင့်ခန္ဓါကိုယ်ထဲ ရောက်လာတာနဲ့ HPV ပိုးကို ကိုယ်ခံအားစနစ်က သတ်ပစ်မှာဖြစ်တဲ့အတွက် သင့်ကျန်းမာရေးကို မထိခိုက်စေဘဲ HPV ပိုးကို အလိုအလျောက်ရှင်းပစ် နိုင်ပါတယ်။

    ဒါပေမယ့် ဒီပိုးကိုတိုက်ထုတ်နိုင်လောက် အောင် သင့်ရဲ့ ကိုယ်ခံအားစနစ်က အားမကောင်း တဲ့အခါ သင့်ရဲ့လိင်အင်္ဂါကြွက်နို့တွေကနေ သားအိမ် ခေါင်းကင်ဆာ၊ ယောနိကင်ဆာ၊စအိုကင်ဆာ၊ လိင်တံကင်ဆာ၊ခံတွင်းကင်ဆာနဲ့လည်ချောင်းကင်ဆာ တို့လို ဆိုးရွားတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာ နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း ကူးစက်ခံရတယ်ဆိုရင် လိင်အင်္ဂါကြွက်နို့တွေကြောင့် သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်အပြောင်းအလဲ တွေ ဖြစ်လာစေပြီး ဆန့်ထုတ်နိုင်စွမ်းလျော့ကျ စေပါတယ်။

    လိင်အင်္ဂါကြွက်နို့ တွေကို ဘယ်လိုစမ်းသပ်စစ်ဆေးနိုင်လဲ

    လိင်အင်္ဂါကြွက်နို့တွေကို သားအိမ်ခေါင်းကင်ဆာ စမ်းသပ်ခြင်း(Pap test )၊ HPV စစ်ဆေးခြင်းတို့နဲ့ ရောဂါရှာဖွေ စစ်ဆေးနိုင်ပါတယ်။ Pap test မှာ သားအိမ်ခေါင်းမှ တစ်ရှူးနမူနာတွေကိုယူပြီး မူမမှန်တာ ရှိမရှိစစ်ဆေးတာဖြစ်ပါတယ်။

    ၎င်းနည်းက လိင်အင်္ဂါကြွက်နို့ရှိမရှိနဲ့ သားအိမ်ခေါင်းကင်ဆာကို အစောပိုင်းအဆင့်မှာသိရှိနိုင်စေပါတယ်။ Pap test အတွင်း ထုတ်ယူထားတဲ့တစ်ရှူးနမူနာတွေကို HPV test မှတဆင့် ကင်ဆာဖြစ်စေနိုင်တဲ့တခြား HPV ပိုးမျိုးစိတ်တွေကို စစ်ဆေးဖို့ အသုံးပြုနိုင်ပါတယ်။

    လိင်အင်္ဂါကြွက်နို့ တွေကို ဘယ်လိုကုသနိုင်လဲ

    ဒီဗိုင်းရပ်စ်အတွက် ကုသဆေးမရှိပေမယ့် သူ့ကြောင့် ဖြစ်လာရတဲ့ ကျန်းမာရေးပြဿနာတွေကိုတော့ လိင်အင်္ဂါကြွက်နို့တွေကို လောင်ကျွမ်းသွားစေမယ့် လိမ်းဆေးခရင်မ်တွေလို ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။

    တကယ်လို့ လိင်အင်္ဂါကြွက်နို့တွေက ကြီးလွန်းနေတာ ဒါမှမဟုတ် ဆေးဝါးကုထုံးမှာ တုံ့ပြန်မှုမရှိတာဆိုရင် ၎င်းတို့ကို ခွဲစိတ်ဖယ်ရှားဖို့ လိုလာနိုင်ပါတယ်။

    ခွဲစိတ် ကုသမှုတွေထဲမှာ နိုင်ထရိုဂျင်အရည်ကိုသုံးပြီးကြွက်နို့ တွေကိုအအေးဓါတ်ပေးတာ၊ လျှပ်စစ်စီးကြောင်း သို့မဟုတ် လေဆာကိုသုံးပြီး ကြွက်နို့ကို လောင်ကျွမ်း စေတာ၊ အထူးကိရိယာတွေသုံးပြီး ကြွက်နို့ကိုဖြတ် ထုတ်တာတွေ ပါဝင်ပါတယ်။

    လိင်အင်္ဂါကြွက်နို့ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲ

    လိင်အင်္ဂါကြွက်နို့တွေဟာ အရမ်းကိုကူးစက်လွယ်ပါ တယ်။ ကွန်ဒုံးတွေကတောင် HPV ကို ရာနှုန်းပြည့် ကာကွယ်မပေးနိုင်ပါဘူး။ ကံကောင်းတာ တစ်ခုက လိင်အင်္ဂါကြွက်နို့နဲ့ ကင်ဆာကိုအများဆုံးဖြစ်စေနိုင်တဲ့ HPV မျိုးစိတ်တွေကို ကာကွယ်တားဆီးပေးနိုင်တဲ့ ကာကွယ်ဆေးရှိနေပြီဖြစ်ပါတယ်။

    HPV ကာကွယ်ဆေးက လိင်ကိစ္စမဖြစ်သေးတဲ့ ကလေးတွေမှာပဲ ထိရောက်မှုအကောင်းဆုံး ဖြစ်ပါတယ်။

    ဒါပေမယ့် ကာကွယ်ဆေးထိုးခြင်းဟာ ရောဂါပိုးမျိုးစိတ်အားလုံးအတွက် အပြည့်အဝ ကုသမှုလည်း မဟုတ်၊ အပြည့်အဝကာကွယ်မှုလည်း မဟုတ်တာကြောင့် လိင်ဆက်ဆံတဲ့သူအရေအတွက် ကို ကန့်သတ်သင့်သလို နောက်ကြောင်းရာဇဝင်ကိုယ် ကောင်းကောင်းသိတဲ့ လူတွေနဲ့ပဲ ပတ်သက်ကြဖို့ အကြံပြုကြပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement