စသည်တို့ ဖြစ်ပါသည်။
CD4 T ဆဲလ်ပမာဏ လွန်စွာကျဆင်းပြီး ဗိုင်းရပ်စ်ပိုးများ ပမာဏ အဆမတန် တိုးပွားလာပါသည်။ CD4 ပမာဏသည် သွေး ၁ ကုဗလီတာ ပမာဏတွင်၂၀၀ အောက် ကျပါက သို့မဟုတ် အဆင့် ၄ HIV ဒဏ်ကို ခံစားနေရပါက (ဥပမာ – တီဘီ ကင်ဆာနှင့် နမိုးနီးယား) ဆိုလျှင် ခုခံအားကျဆင်းမှု ရောဂါ AIDS ဖြစ်ရန် ပိုများပါသည်။ HIV မှ AIDS သို့ ပြောင်းသွားပြီဆိုလျှင် ထိုလူအဖို့ သေဆုံးရန် ရာခိုင်နှုန်းများပါသည်။ မကုသဘဲထားလျှင် ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။
သေစေနိုင်သော ရောဂါပိုးမွှားများ တစ်ခုခု ဝင်ရောက်လာပြီဆိုလျှင်လည်း တစ်နှစ် သက်တမ်းမျှသာ ကျန်သော အဖြစ်မျိုးလည်း ကြုံရနိုင်ပါသည်။ တိုးတက်လာသော ခေတ်သစ် ဆေးဝါးများကြောင့် AIDS ရောဂါရှင်များ သက်တမ်းသည်လည်း တိုးမြင့်လာပါသည်။ HIV ရောဂါဖြစ်လျှင် ဆေးအမျိုးအစားများ စပ်၍ သောက်သုံးရပါမည်။
ထိုဆေးများသည် ကိုယ်ခန္ဓါ၏ ခုခံအားစနစ်ကို တိုးမြင့်နိုင်ပါသည်။ ထိုဆေးများသည် ဈေးကြီး၍ ဘေးထွက် ဆိုးကျိုးများလည်း ရှိတတ်ပါသည်။ သို့သော် ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးမဖြတ်သင့်ပါ။ ထို့အပြင် ပေးထားသော ဆေးကို အကုန်မသောက်ဘဲ တစ်မျိုးတည်းခွဲ၍ မသောက်သုံးရပါ။
CD4 T ဆဲလ်နည်းသော သူများသည် တခြားသော ရောဂါပိုးများ မဝင်လာစေရန် ဆေးသောက်သုံးသည်များလည်း ရှိပါသည်။ ထိုဆေးများကို CD4 ပမာဏ တိုးတက်လာသည်အထိ သောက်သုံးသင့်ပါသည်။
AIDS ရောဂါသည် HIV ပိုးကြောင့် ဖြစ်ပါသည်။ ထိုရောဂါသည် ကိုယ်ခန္ဓါ၏ ခုခံအားစနစ်ကို လျော့နည်းစေပါသည်။ HIV ရောဂါကို သက်သာစေသော ဆေးများမှာ ကူးစက်မှုများကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။ သို့သော် အမြဲတစေ မမှန်နိုင်ပါ။ ဆရာဝန်နှင့် အသေးစိတ် တိုင်ပင်နိုင်ပါသည်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။