ထို့အပြင် လူတစ်ဦး၏ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါသည်။ ခုခံအား ကျဆင်းခြင်းကြောင့် ရောဂါပိုး ပြန့်ပွားမှုကို ပို၍ မြန်ဆန်စေပါသည်။ ဆေးတိုးမှုနှုန်းကို လျော့ကျစေပါသည်။
တက်တူးထိုးခြင်း၊ အပေါက်ဖောက်ခြင်းသည်လည်း မသန့်ရှင်းသော အပ်ကို အသုံးပြုပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။
သွေး၊ သုတ်ရည်၊ မိန်မကိုယ်အင်္ဂါ အရည်၊ အနာများမှလည်း ကူးနိုင်ပါသည်။
မိခင်မှလည်း ကူးစက်နိုင်ပါသည်။ ရောဂါပိုးရှိသော မိခင်မှ မွေးသော ကလေးများသည်လည်း ရောဂါပိုး ကူးစက်နိုင်ပါသည်။
အသက် ၁၃ နှစ်အောက် ကလေးများသည် မိခင်များမှ ရောဂါပိုးကူးခြင်း ဖြစ်ပါသည်။
ခုခံအားကျဆင်းခြင်းရောဂါ AIDS သည် HIV ရောဂါပိုးမှ ကူးစက်တတ်ပါသည်။ ဆေးသုံးလျှင်၊ အကာအကွယ် မပါဘဲ ကာမ ဆက်ဆံလျှင်၊ ပိုးရှိသော မိခင်မှတစ်ဆင့် ကလေးကို ကူးနိုင်ပါသည်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။