အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား

    အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ အရေးပေါ်သုံးစွဲကြတဲ့သားဆက်ခြားသောက်ဆေးဖြစ်ပါတယ်။

    အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် –

    • သန္ဓေတားဆေးမသုံးထားခြင်း၊
    • လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊
    • ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊
    • ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊
    • သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊
    • သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion)
    • ရက်တွက်သန္ဓေတားနည်းမှာ ရက်အတွက်မှားခြင်း၊
    • သားအိမ်တွင်းထည့်ပစ္စည်း (IUD)သို့မဟုတ် အရေပြားအောက် ထည့်သွင်းရတဲ့သန္ဓေတားပစ္စည်း ကိုထုတ်လိုက်ပြီးတဲ့အချိန်တွေမှာ အရေးပေါ်သန္ဓေတားနည်းတွေကိုသုံးကြပါတယ်။

    ဒါပေမယ့် သုံးစွဲရလွယ်ကူတယ်ဆိုတာနဲ့ပဲ ပုံမှန်သားဆက်ခြားဆေးတွေ၊ နည်းလမ်းတွေကို မသုံးတော့ဘဲ ဒီဆေးကိုပဲ လိင်ဆက်ဆံပြီးတိုင်းသောက်နေကြသူတွေရှိလာပါတယ်။

    ဒီတော့ အရေးပေါ်သားဆက်ခြားဆေးကို ထပ်ကာတလဲလဲသောက်ရင် ဘာတွေဖြစ်လာနိုင်သလဲ

    အရေးပေါ်သားဆက်ခြားသောက်ဆေးအများစုက ပရိုဂျက်စတင်ဟော်မုန်းပဲပါတဲ့levonorgestrelသောက်ဆေးတွေဖြစ်ပါတယ်။ ဒီဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သို့မဟုတ် သန္ဓေတားဆေးသောက်ဖို့၊ ထိုးဖို့ ပျက်ကွက်ခဲ့တဲ့အခါ ၃ ရက်(၇၂ နာရီ) (နာရီ ၁၂၀) အတွင်းသောက်သုံးရင် ကိုယ်ဝန်ရရှိဖို့ကို ၈၉ (၈၇-၈၈) ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။

    ဒါပေမယ့် လိင်ဆက်ဆံပြီးနောက်ပိုင်း စောစောသောက်လေ ပိုထိရောက်လေဖြစ်ပါတယ်။ သူက မျိုးဥအိမ်ကနေ မျိုးဥထွက်ရှိမှုကို ယာယီတားဆီးပေးပြီး ကိုယ်ဝန်မရအောင်ကာကွယ်ပေးပါတယ်။ အရေးပေါ်သားဆက်ခြားဆေးဆိုတာ တစ်ကြိမ်သုံးဖို့သာ ရည်ရွယ်ထုတ်လုပ်တာဖြစ်ပေမယ့် တစ်လအတွင်း တစ်ကြိမ်ထက်ကျော်ပြီးသောက်ရင်လည်း ကျန်းမာရေးအန္တရာယ်တွေမဖြစ်စေနိုင်ပါဘူး။

    အရေးပေါ်သားဆက်ခြားဆေးတွေက ပိုသောက်မိလို့ အန္တရာယ်မရှိစေနိုင်ဘူးဆိုပေမယ့် ရာသီစက်ဝန်းမမှန်တာ၊ မအီမသာဖြစ်တာ၊ ရင်သားတင်းတာတို့လို ခဏတာသာဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပါတယ်။ခေါင်းကိုက်ခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်း၊ခေါင်းမူးခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ ဒါတွေအကုန်လုံးက သန္ဓေတားဆေးတွေရဲ့ အဖြစ်များတဲ့သက်ရောက်မှုတွေဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ရာသီလာပြီးမကြာခင် မထင်မှတ်ဘဲနောက်တစ်ကြိမ်ရာသီသွေးဆင်းတာ၊နောက်တစ်လရာသီလာတဲ့အခါစောနေတာ၊နောက်ကျတာတွေလည်းရှိနိုင်ပါတယ်။

    ဒီလိုတွေ ဘေးဥပါဒ်နည်းပါးတာကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အရေးပေါ်သားဆက်ခြားဆေးတွေကို အလွယ်တကူဝယ်ယူနိုင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အရေးပေါ်အနေနဲ့သာ ဒီဆေးကိုသုံးဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်လို့ပုံမှန်သားဆက်ခြားနည်းအဖြစ်နဲ့သုံးဖို့မသင့်တော်ပါဘူး။ သားဆက်ခြားသောက်ဆေးနဲ့ ထိုးဆေးတွေကိုသာ သုံးသင့်ပါတယ်။

    ဒါ့အပြင် အရေးပေါ်ကိုယ်ဝန်တားဖို့အတွက် ဒီဆေးတစ်မျိုးတည်း ရှိတာ မဟုတ်ဘဲ နှစ်ရှည်ခံကိုယ်ဝန်တားနည်းတစ်ခုဖြစ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကိုလည်း အသုံးပြုနိုင်တယ် ဆိုတာကို သိစေချင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement