အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။
အမျိုးသားသုံး ကွန်ဒုံးဆိုတာ ဘာလဲ။
အမျိုးသားသုံးကွန်ဒုံးဆိုတဲ့ ကြပ်အောင်ပြုလုပ်ထားတဲ့ ပလတ်စတစ်အလွှာပါး ဖြစ်ပြီး လိင်ဆက်ဆံတဲ့အချိန်အမျိုးသား လိင်အင်္ဂါမှာ တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ အမျိုးသားသုံးကွန်ဒုံးတွေကတော့ အမျိုးမျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ ရော်ဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံး၊ ပလတ်စတစ်နဲ့လုပ်ထားတဲ့ ကွန်ဒုံး၊ သိုးသားရေနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေဆိုပြီး အမျိုးမျိုးရှိပါတယ်။ လူအများစုကတော့ ရော်ဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေကို အသုံးပြုတာ များပါတယ်။ မိတ်ဆွေက ဒီပစ္စည်းနဲ့ ဓါတ်မတည့်တဲ့ ဝေဒနာ ရှိမယ်ဆိုရင် တခြာကွန်ဒုံးအမျိုးအစားတစ်ခုဖြစ်တဲ့
polyurethane ( ပေါ်လီယူရသိန်း)နဲ့ ရာဘာကနေထွက်ရှိတဲ့ ပိုလီအိုင်ဆိုပရင်း (polyisoprene) ကွန်ဒုံးတွေကို သုံးလို့ရပါတယ်။ ပလတ်စတစ် ကွန်ဒုံးတွေဟာ သင့်ကို STD ရောဂါတွေ ဖြစ်တဲ့ ကိုယ်ခံစွမ်းအားကျရောဂါ HIV (human immunodeficiency virus)၊ ရေယုန် ၊ Trachoma ခေါ်တဲ့ မျက်စိကွယ်စေနိုင်တဲ့ရောဂါ၊ ဆီးပူညောင်းကျရောဂါ (gonorrhea) တွေကို ဘယ်လိင်မှုကိစ္စပုံစံလုပ်သည်ဖြစ်စေ ကာကွယ်ပေးနိုင်ပါတယ်။
သဘာဝ ကွန်ဒုံး သို့မဟုတ် သိုးရေ ကွန်ဒုံးတွေကတော့ သိုးအူတွေက ထွက်ရှိတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သိုးရေ ကွန်ဒုံးဟာ ကိုယ်ဝန်ရခြင်းကိုကာကွယ်ပေးနိုင်ပေမဲ့ သိုးရေဟာ လူအရေပြားလိုပဲ စိမ့်ဝင်နိုင်တဲ့အတွက် လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ ရောဂါတွေ (STD ) ကိုမကာကွယ်ပေးန်ုင်ပါဘူး။