backup og meta

နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။   ။

    နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။ ။ လူတိုင်း လူတိုင်း နေမကောင်းဖြစ်ပြီဆိုတာနဲ့ အိပ်ရာထဲမှာပဲ ခွေနေချင်ကြတာချည်းပါပဲ။ နေမကောင်းချိန် အိပ်ရာထဲမှလှဲနေတယ်ဆိုတာ တော်ရုံပဲကောင်းပါတယ်။ အဓိကကတော့ ကိုယ်ခန္ဓာက ပြောတဲ့ လက္ခဏာတွေကို နားလည်တတ်ဖို့ လိုပါတယ်။

    အရမ်းပင်ပန်းနေတယ်၊ အားလည်းမရှိဘူးဆိုတဲ့ လူနာတွေကတော့ အားပြန်ပြည့်အောင် အိပ်စက်အနားယူသင့်ပါတယ်။ ဖျားတာနာတာကလည်း မပြင်းထန်ဘူးဆိုရင်တော့ အိပ်ရာထဲ တစ်ချိန်လုံး လှဲနေခြင်းဟာ သင့်ကို ပိုပြီးနုန်းခွေစေမှာပါ။ ဒါကြောင့်ခုပြောပြချင်တာကတော့ အပြင်းဖျားနေတာကလွဲလို့ တော်ရုံအဖျားဆိုရင် အပျင်းမကြီး အိပ်ရာထဲ ခွေမနေဘဲ လှုပ်လှုပ်ရှားရှားလုပ်သင့်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။

    နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။ ။

    နေမကောင်းဘူးဆိုတာနဲ့ အိပ်ရာထဲခွေနေရင် ဘာတွေဖြစ်လာနိုင်သလဲ။ ။

    • ပိုပြီးနုန်းလာမယ်။ လှုပ်ရှားရှား မလုပ်တော့ ကိုယ်ခန္ဓာက လေးပင်လာပြီး ဖျားတာကြောင့် နုန်းတာအပြင် လှဲလွန်း အိပ်လွန်းအားကြီးရင်လည်း နုန်းနိုင်ပါတယ်။
    • ခေါင်းကိုက်လာမယ်။ နေမကောင်းရင် ခေါင်းကိုက်တာ မဆန်းပါဘူး။ တစ်ချိန်လုံး လှဲတာကြာလာရင်လည်း ခေါင်းအုံပြီး မလန်းဖြစ်တတ်ပါတယ်။ ဒီတော့ ဖျားနေတုန်း အကြာကြီးလှဲအိပ်နေရင် ပိုပြီး ခေါင်းမကြည်ဖြစ်တတ်ပါတယ်။
    • အိပ်ရာထဲမှာပဲ လှဲနေတော့ လှုပ်ရှားမှုလည်းမရှိ ချွေးလည်း မထွက်တာ့ အပူပိုငုပ်နိုင်ပါတယ်။
    • နေမကောင်းတော့ အားလျော့နေတာအပြင် တစ်ချိန်လုံး အိပ်ရာထဲမှာပဲ လှဲနေတော့ ထမင်းလည်း ထမစားချင်တော့ဘဲ အာဟာရလည်းပြတ် အားမရှိဖြစ်တတ်ပါတယ်။
    • နေမကောင်းဖြစ်ရင် ဆေးသောက်ရမည့် အချိန်လည်းရှိနေတတ်တာကြောင့် တစ်ချိန်လုံး အိပ်နေရင် ဆေးသောက်ရမည့် အချိန်တွေလည်း လွန်သွားနိုင်ပါတယ်။
    • အိပ်ရာပေါ် လှဲနေတာ အရမ်းကြာရင် ခါးအောက်ပိုင်းကို ထိခိုက်တတ်ပါတယ်။ တစ်ကိုယ်လုံးက အားတွေကို ခါးအောက်ပိုင်းက ထိန်းထားရသလိုဖြစ်နေလို့ပါ။ ဒီလိုနဲ့ ကြာလာရင် ဖျားနေတာအပြင် ခါးနာတာပါ အဆစ်ထပ်တိုးလာပါတယ်။
    • နေမကောင်းလို့ အိပ်ရာထဲပဲခွေနေမယ်ဆိုရင် ဝေဒနာ အကြောင်းကိုပဲ တွေးမိနေပြီး တခြားစိတ်ပြောင်းစရာတွေလည်း မရှိတော့ ပိုပြီးစိတ်ဓာတ်ကျလာတတ်ပါတယ်။

    ဒါတွေကတော့ နေမကောင်းဖြစ်ရင် အိပ်ရာထဲခွေမနေဘဲ လှုပ်လှုပ်ရှားရှားလေး လုပ်ပေးသင့် တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။

    နေမကောင်းတုန်း ဘယ်လိုပုံစံလေးတွေနဲ့ လှုပ်လှုပ်ရှားရှားလုပ်မလဲ။ ။

    နေမကောင်းရင် အနားမယူရဘူးလို့ မဆိုလိုပါဘူး။ သင့်တော်တဲ့ အချိန်ပမာဏလောက်ကိုပဲ အနားယူပြီး ကျန်တဲ့ အချိန်တွေမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ရမှာကို ဆိုလိုတာပါ။ ကိုယ်လက်လှုပ်ရှားမှုဆိုတော့ ချက်ချင်းကြီးလေ့ကျင့်ခန်း ထလုပ်ရမယ်လို့ ဆိုလိုလည်းမဟုတ်ပါဘူး။ အပေါ့စားလုပ်နေကျ လှုပ်ရှားမှုလေးတွေ လုပ်တာကို ဆိုလိုတာပါ။ အနားယူသင့်တဲ့ အချိန်ပြည့်လောက်ပြီဆိုရင်

    • အိပ်ရာထဲက ထွက်ပါ။ အိမ်အပြင်ဘက်ကို မထွက်နိုင်ရင်တောင် ပြတင်းပေါက်နားကို ရောက်အောင်သွားပြီး လေကောင်းလေသန့်ရှူလိုက်ပါ။
    • အိမ်မှာ လှေကားရှိရင်လည်း လှေကား အတက်အဆင်းလေး ၂ခါ၊ ၃ ခါလောက်လုပ်ပြီး ချွေးလေးထွက်အောင်လုပ်လိုက်ပါ။ ဒါမှ ငုပ်နေတဲ့ အပူတွေ ချွေးနဲ့ အတူထွက်လာပါလိမ့်မယ်။
    • ဒီထက်ပိုပြီးလုပ်နိုင်သေးတယ်ဆို သွေးပူလေ့ကျင့်ခန်း၊ အကြောလျှော့လေ့ကျင့်ခန်းတွေလုပ်ပေးပါ။ ဒါမှ တစ်ချိန်လုံး ငြိမ်နေရလို့ ညောင်းနေတဲ့ အကြောတွေ ပြေသွားမှာ ဖြစ်ပါတယ်။
    • ထမင်းတွေကိုလည်း အိပ်ရာနား ယူမစားဘဲ ထမင်းစားခန်းထိသွားစားပါ။ ဒါဆို အိပ်ရာထဲမှာပဲနေရလို့ နုန်းနေတာတွေ လျော့သွားပြီး အိမ်ကလူတွေနဲ့လည်း စကားစမြည်ပြောရလို့ စိတ်လန်းဆန်းသွားမှာ အသေအချာပါ။
    • ဒါမှမဟုတ်လည်း အနွေးထည်လေးဝတ်ပြီး ခြံထဲလမ်းဆင်းလျှောက်ပါ။ အိပ်ရာထဲမှာနေရလို့ ငြီးစီစီ ဖြစ်နေတာတွေ သက်သာသွားပြီး စိတ်ကြည်သွားပါလိမ့်မယ်။

    ခုပြောပြခဲ့တာတွေကတော့ နေမကောင်းဖြစ်ရင် အိပ်ရာထဲခွေမနေဘဲ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်သင့်တဲ့ အကြောင်းပဲဖြစ်ပါတယ်။ လုံလောက်တဲ့အနားယူချိန်ပြည့်ပြီ၊ အဖျားကလည်း အရမ်းမပြင်းဘူး၊ အိပ်ရာထဲကလည်း ကိုယ့်ဘာသာ ထနိုင်နေပြီဆိုရင် အကောင်းဆုံးကတော့ ကိုယ့်စိတ်ကို အလိုမလိုက် အပျင်းမကြီးဘဲ ကိုယ်ခန္ဓာ တက်ကြွသွားအောင် လှုပ်လှုပ်ရှားရှားလေးလုပ်ပေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement