ဆရာဝန်က အကျိတ်ကို ရှာဖွေရန်နှင့် အခြားနေရာပြန့်မပြန့် ကြည့်ရန် အခြားစစ်ဆေးမှုများလည်း လုပ်နိုင်သည်။
Bronchial adenoma (လေပြွန်အကျိတ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသမှုသည် သင့် ကင်ဆာအမျိုးအစားနှင့် အဆင့်၊ အသက်၊ ကျန်းမာရေးအခြေအနေနှင့် ရွေးချယ်မှုအပေါ်လည်း မူတည်သည်။
ရွေးစရာနည်းလမ်းများမှာ
- ခွဲစိတ်ခြင်း။ အဓိကကုသမှုဖြစ်သည်။ ကင်ဆာအကျိတ်နှင့် အနီးအနားရှိ တစ်သျှူးများကို ခွဲစိတ်ဆရာဝန်က ဖြတ်ထုတ်သည်။ ရောဂါပြန့်နှံ့မှု ရပ်တန့်စေရန် အနီးတဝိုက်ရှိ ပြန်ရည်ကျိတ်များကိုလည်း ခွဲထုတ်ရသည်။
- ဓါတ်ရောင်ခြည်ပြခြင်း။ ကင်ဆာဆဲလ်များကို သတ်ရန် စွမ်းအားမြင့် X-ray ကို သုံးသည်။ ထိုနည်းဖြင့် ရောဂါခံစားရ သက်သာစေသည်။ ခွဲစိတ်ပြီးမှ လက်ကျန်ကင်ဆာဆဲလ်များကို ရှင်းရန်လည်း သုံးနိုင်သည်။ အများအားဖြင့် ခန္ဓါကိုယ်ပြင်ပရှိ စက်တစ်ခုက ဓါတ်ရောင်ခြည်ပေးခြင်း ဖြစ်သည်။ အခြားတစ်နည်းမှာ အကျိတ်အနားတွင် ရေဒီယိုသတ္တိကြွဆေးတောင့်လေးတစ်ခု မြှုပ်နှံထားခြင်းဖြစ်သည်။ ရက်အနည်းငယ်ကြာလျှင် ဆရာဝန်က ပြန်ထုတ်ပေးလိမ့်မည်။ ဓါတ်ရောင်ခြည်ကြောင့် ရနိုင်သော ဘေးထွက်ဆိုးကျိုးများမှာ
- ပင်ပန်းနွမ်းနယ်ခြင်း
- ဓါတ်ရောင်ခြည်ထိထားသော နေရာတွင် နီမြန်းခြင်း
- လည်ပင်းနှင့် ပါးစပ်နာခြင်း
- ချောင်းဆိုးခြင်း
- အသက်ရှူမဝခြင်း တို့ဖြစ်သည်။
ဓါတ်ရောင်ခြည်နှင့် ကုသမှုပြီးသည်နှင့် ထိုပြဿနာများ ရှိတော့မည်မဟုတ်ပါ။
- ကင်ဆာဆေးသွင်းကုသခြင်း။ တစ်ကိုယ်လုံးရှိ ကင်ဆာဆဲလ်များကို သတ်ရန်သုံးသောဆေးဖြစ်သည်။ အကြောဆေးသို့မဟုတ် သောက်ဆေးအနေဖြင့် ပေးသည်။ ကင်ဆာပြန့်နေပြီးဖြစ်ပါက အခြားကုသမှုများနှင့်တွဲပေးနိုင်သည်။ ခွဲစိတ်ပြီးမှ လက်ကျန်ကင်ဆာဆဲလ်များကို ရှင်းရန်လည်း သုံးနိုင်သည်။ ကင်ဆာဆေးသွင်းကုသခြင်းကြောင့် ရနိုင်သော ဘေးထွက်ဆိုးကျိုးများမှာ
- ပင်ပန်းနွမ်းနယ်ခြင်း
- ပျို့အန်ခြင်း
- ဆံပင်ကျွတ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ဝမ်းလျှောခြင်း
- ရောဂါပိုးဝင်လွယ်ခြင်း တို့ဖြစ်သည်။
- ကိုယ်ခံအားစနစ်ကိုကုသခြင်း။ ကင်ဆာကို ရှာဖွေတိုက်ထုတ်နိုင်သည့် ခန္ဓါကိုယ်ခုခံအားစနစ်ကို အားဖြည့်ပေးသော ဆေးများဖြစ်သည်။ ကင်ဆာအကျိတ်ကို သေးငယ်သွားစေပြီး ကြီးထွားမှုရပ်တန့်စေသည်။
- ပစ်မှတ်ထားကုထုံး။ သင့်ကင်ဆာအမျိုးအစားအတွက် သီးသန့်ဖြစ်သော ကြီးထွားစေသည့်ပရိုတင်း သို့မဟုတ် မျိုးဗီဇကို ကင်ဆာမပြန့်နှံ့စေရန် ပစ်မှတ်ထား တိုက်ခိုက်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လေပြွန်အကျိတ်ဖြစ်ခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် လေပြွန်အကျိတ်ဖြစ်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
လေပြွန်အကျိတ်ကို ကုသမှုခံယူရာမှာ ဖိစီးမှုများနိုင်ပါတယ်။ သင့်ခံစားချက်များကို ဆရာဝန်၊ သူနာပြုများနှင့် ကုသရေးအဖွဲ့ဝင်များကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ကုထုံးဆရာ/စိတ်ရောဂါပညာရှင်/နှစ်သိမ့်ဆွေးနွေးပေးသူ တို့ကလည်း သင့်သောကများ၊ ခံစားချက်များကို သက်သာစေဖို့ ကူညီနိုင်ပါတယ်။
ရောဂါတူသူတွေ ဖွဲ့စည်းထားတဲ့ ကူညီရေးအဖွဲ့ကိုလည်း ရှာဖွေနိုင်ပါတယ်။ သင်ခံစားနေရတဲ့အတိုင်း ကြုံတွေ့ဖူးကြတဲ့၊ သင်ဘယ်လိုခံစားနေရတယ်ဆိုတာ သိတဲ့သူတွေနဲ့ စကားပြောခြင်းဟာ အကူအညီ ဖြစ်စေပါလိမ့်မယ်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။