ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သတင်းတစ်ခုတက်လာပါတယ်။ ဒါကတော့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ Oxygen Bar ဆိုပြီး ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါပဲ။ လူတွေဟာ သန့်ရှင်းတဲ့လေကို ဝယ်ရှူနေကြရပါပြီ။ အဲ့ဒီမတိုင်ခင်လေးပဲ အိန္ဒိယမှာလည်း လေထု အဆမတန် ညစ်ညမ်းနေမှုကြောင့် ကျောင်းတွေလည်း ပိတ်ခဲ့ရပါသေးတယ်။