H1N1တုပ်ကွေး တစ်နည်းအားဖြင့် ဝက်တုပ်ကွေးလို့ခေါ်တဲ့ရောဂါကို H1N1ဗိုင်းရပ်ကြောင့်ဖြစ်ပါတယ်။ ရိုးရိုးတုပ်ကွေးနဲ့အလားတူလက္ခဏာတွေကို ဖြစ်စေတဲ့ အသွင်ပြောင်းတုပ်ကွေးဗိုင်းရပ်ဖြစ်ပါတယ်။ ဝက်တွေမှာစပေါ်လာခြင်းဖြစ်ပြီး လူလူချင်းအဓိကကူးစက်ပါတယ်။ လူတွေမှာ လတ်လလောတွေ့နေရတဲံ ရာသီတုပ်ကွေးဗိုင်းရပ်ဖြစ်ပါတယ်။ ဝက်တွေမှာရှင်သန်ပေမဲ့လည်း ချက်ပြုတ်ထားတဲ့ဝက်သားကိုစားခြင်းဖြင့် ရောဂါမရနိုင်ပါဘူး။
ဝက်တုပ်ကွေးဟာ ၂၀၀၉ခုနှစ်မှာ လူတွေမှာစတင်တွေ့ရှိခဲ့ပြီး ကူးစက်ပျံ့နှံ့မှုကြီးကျယ်တာကြောင့် သတင်းခေါင်းကြီးပိုင်းဖြစ်ခဲ့ပါတယ်။ ကူးစက်ပျံ့နှံ့ရောဂါဆိုတာ တစ်ချိန်တည်းမှာ တစ်ကမ္ဘာလုံးသို့ တိုက်နယ်အများအပြားမှာ ကူးစက်ပြန့်နှံ့ပြီး ဖြစ်ပွားတဲံရောဂါဖြစ်ပါတယ်။
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဝက်တုပ်ကွေးရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
ရိုးရိုးရာသီတုပ်ကွေးလက္ခဏာတွေနဲ့ အတော်လေးတူပါတယ်။ ရာသီတုပ်ကွေးလိုပဲ ဝက်တုပ်ကွေးကလည်း အဆုတ်ရောင်ခြင်း၊ အဆုတ်ကူးစက်ပိုးဝင်ခြင်းနဲ့ အခြားအသက်ရှူပြဿနာတွေအပါအဝင် ပြင်းထန်တဲ့အခြေအနေတွေကို ဦးတည်သွားနိုင်ပါတယ်။ ဆီးချိုနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကို ပိုဆိုးသွေားစေနိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အောက်ပါလက္ခဏာတွေတစ်ခုခုတွေ့ခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
ကလေးများတွင်
အရွယ်ရောက်ပြီးသူများတွင်
ဝက်တွေကိုသာကူးစက်လေ့ရှိတဲ့ တုပ်ကွေးဗိုင်းရပ်အသွင်တစ်မျီုးကြောင့် ဖြစ်ပါတယ်။ သန်းတွေမှက်တွေကနေကူးစက်တတ်တဲ့ အူရောင်ငန်းဖျားရောဂါနဲ့မတူတာက လူလူချင်းသာကူးစက်တတ်ပြီး တိရိစ္ဆာန်ကနေလူကို မကူးစက်စေနိုင်ပါဘူး။ ဝက်တုပ်ကွေးက အလွန်အမင်းကူးစက်ပျံ့နှ့တတ်ပါတယ်။ တံတွေး၊ ချွဲတွေကတစ်ဆင့် ပျံ့နှ့ပါတယ်။
လူတွေချောင်းဆိုးနှာချေလိုက်တဲ့အခါမှာ လေထဲကိုဗိုင်းရပ်တွေ ကျဲဖြန့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ အမှုန်တွေကိုကိုင်မိတာ၊ အမှုကျတဲ့နေရာ( တံခါးလက်ကိုင်၊ ဘေစင်) တွေကိုကိုင်မိတာ၊ ရောဂါပိုးရှိသူကိင်ထားတဲံအရာတွေကို ကိုင်မိတာတွေက သင့်ဆီကိုကူးစက်ပြန့်နှံ့စေနိုင်ပါတယ်။ လက္ခဏာမပြခင်တစ်ရက်မှာတည်းက ကူးစက်ပိုးကပြန့်နှံ့သွားနိုင်ပြိး နေမကောင်းဖြစ်ပြီး ၇ရက်လောက်ထိ ကူးစက်ပြန့်နှံသွားုနိင်ပါယ်။ ကလေးတွေမှာ ဆယ်ရက်လောက်ထိကူးစက်ပြန့်နှံ့နိုင်ပါတယ်။
ဝက်တုပ်ကွေးလို့ပြောပေမဲ့လည်း ဝက်ကင်၊ ဝက်ပေါင်ခြောက်၊ အခြားဝက်နဲ့ဆိုင်တဲ့စားသောက်ကုန်တွေကနေ မကူးစက်နိုင်ပါဘူး။
ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်ဆရာဝန်က သင့်ကိုယ်မှအရည်နမူနာယူပြီး စမ်းသပ်စစ်ဆေးပြီး ရောဂါရှာဖွေနိုင်ပါတယ်။ နမူနာယူဖို့အတွက်ဆိုရင် ဆရာဝန်သို့သူနာပြုက သင့်လည်ချောင်းသို့ နှာခေါင်းမှအရည်ကို ဂွမ်းစနဲ့တို့ယူပါလိမ့မ်ယ်။ သုတ်ယူထားတဲ့အရေည်နမူနာကို မျိုးရိုးဗီဇဆိုင်ရာနဲ့ ဓါတ်ခွဲစစ်ဆေးခြင်းနည်းလမ်းေတွေကို အသုံးပြုပြီး ဗီုင်းရပ်အမျိုးအစားကို အတိအကျခွဲထုတ်နိုင်ပါတယ်။
ဝက်တုပ်ကွေးရောဂါအများစုက ဆေးပေးကုသမှုမလိုအပ်ပါဘူး။ တုပ်ကွေးရဲ့နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ချေမရှိရင် သင်ကဆရာဝန်နဲ့ပြဖို့တောင် မလိုပါဘူး။ သင့်အနေနဲ့ လက္ခဏာတွေ သက်သာလာအောင်နဲ့ အခြားလူတွေဆီမပျံ့နှံ့အောင်ပဲ ကာကွယ်သင့်ပါတယ်။
ဗိုင်းရပ်ဆန့်ကျင်ဆေး oseltamivir (Tamiflu) and zanamivirကို အကြံပေးထောက်ခံထားပါတယ်။ ရောဂါပိုးက ဆေးယဉ်သွားနိုင်တဲ့ အကြောင်းပြချက်ကြောင့် တုပ်ကွေးနောက်ဆက်တွဲတွေရနိုင်ချေများသူတွေမှာပဲ သုံးလေ့ရှိပါတယ်။ ကျန်းမာရေးကောင်းတဲ့လူအနေနဲ့တော့ ဝက်တုပ်ကွေးကူးခဲ့ရင်တော့ ခုခံအားနဲ့ပြန်တိုက်နိုင်မှာဖြစ်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။