ဓါတ်မတည့်သော မှိုရောဂါများ (ဓါတ်မတည့်၍ အဆုတ်ယောင်ခြင်း)
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Bronchiectasis (Bronchiectasis ဆိုတာ ဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
ဒီရောဂါကို ပိုဖြစ်စေတဲ့ အချက်တွေ များစွာ ရှိပါတယ်။
လေပြွန်တွင် CFTR ဟုခေါ်သော ပရိုတိန်း မပါဝင်ခြင်း၊ ချို့တဲ့ခြင်း
ကိုယ်ခန္ဓါကိုယ် အဖွဲ့အစည်းများတွင် ဤရောဂါနှင့် ဆက်စပ်သော ရောဂါများ ဖြစ်လာခြင်း
နာတာရှည် ပြင်းထန်သော၊ အသက်ရှူလမ်းကြောင်းကို ပျက်စီးစေသော အဆုတ်ရောဂါများ (တီဘီရောဂါ) ဖြစ်လာခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Bronchiectasis (Bronchiectasis ဆိုတာ ဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ
ပုံမှန် မဟုတ်သော အသံများ၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေမှုကို သက်သေပြနိုင်ရန် အသက်ရှူသံနားထောင်ပါ။
ရောဂါပိုးဝင်ခြင်းကို သိနိုင်ရန် သွေးစစ်ပါ။
ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ် ပိုးများကို ရှာဖွေရန် သလိပ်စစ်ပါ။
အဆုတ်ရဲ့ ပုံရိပ်များကို သိနိုင်ရန် ဓါတ်မှန်ရိုက်ပါ။
အဆုတ်ထဲသို့လေကောင်းစွာ ရောက်မရောက် သိနိုင်ဖို့အတွက် အဆုတ်ရဲ့ လုပ်ငန်းတာဝန်ကို စစ်ဆေးသော စမ်းသပ်မှုများ ပြုလုပ်ပါ။
တီဘီရောဂါအတွက် PPD ဟုခေါ်သော အရေပြားစမ်းသပ်မှုများ ပြုလုပ်ပါ။
ABPA ရှိ၊ မရှိကို သိနိုင်ရန် မှိုနှင့် ပဋိဇီ၀ ဖြစ်သည့် IgE ကို စစ်ဆေးပါ။
ကိုယ်ပိုင် တစ်ရှူးကို ပြန်တိုက်သည့် ရောဂါများကို စစ်ဆေးသည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း
Bronchiectasis (Bronchiectasis ဆိုတာ ဘာလဲ) ကို ဘယ်လိုကုသပါသလဲ
ဒီရောဂါအတွက် တိကျသေချာတဲ့ ကုသမှု မရှိပါဘူး။ ဒါပေမယ့် မြန်ဆန်တဲ့ ကုသမှု ရရှိခဲ့ရင် ရောဂါ အခြေအနေကို ပြောင်းလဲနိုင်မှာပါ။ ကုသမှုရဲ့ရည်ရွယ်ချက်က ရောဂါပိုး ဝင်ခြင်းကို ထိန်းချုပ်ဖို့၊ အကျိအချွဲတွေ ထွက်မှုကို ထိန်းချုပ်ဖို့အတွက် ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း ကျဉ်းသွားမှုကို ကာကွယ်ဖို့နဲ့အဆုတ် ပျက်စီးမှု ကို လျှော့ချဖို့အတွက် အရေးကြီးပါတယ်။
ဒီရောဂါမှာ ဘတ်တီးရီးယားတွေက လေပြွန်တွေကို ပျက်စီးစေတဲ့ အတွက် ပဋိဇီဝဆေး တွေနဲ့အများဆုံး ကုပါတယ်။
Macrolides ဆိုတာ ဘတ်တီးရီးယားတွေကို သတ်တဲ့ အပြင် လေပြွန်ယောင်ခြင်းတွေကို လျော့စေတဲ့ ပဋိဇီဝဆေး တစ်မျိုးပါ။
ချွဲ၊ သလိပ်တွေကို နည်းစေတဲ့ ဆေးများကို ဆေးရှူတဲ့ ကိရိယာလေးက တစ်ဆင့် ရှူရပါတယ်၊ အဲ့ ဆေးကို ဆလိုင်းနဲ့ဖျော်ပြီး ကိရိယာလေးထဲမှာ အမှုန်အမွှား အသွင်ပြောင်းပြီး အဆုတ်ထဲကို ရှူသွင်းရပါတယ်၊ ဒီလို ရှူခြင်းက လေပြွန်ထဲက အချွဲတွေကို ပျော်ဝင်သွားစေပြီး ချောင်းဟန့်အလွယ်တကူ ထုတ်ပစ်လို့ရစေပါတယ်။
အချွဲတွေကို ပါးသွားစေသော စက်တွေက ချွဲတွေကို ရှင်းထုတ်လို့ရပါတယ်။ ဒီစက်က လူနာကို အသက်ရှူ ရတာ လွယ်စေပါတယ်။ စက်က လေပြွန် ထဲမှာ လေဝင်ရတာ လွယ်စေပြီး အချွဲတွေကို ဖျက်ဆီး ပစ်ပါတယ်။ ရင်ဘတ်ကို တုန်ခါစေပြီး အချွဲတွေကို လျော့နည် စေတဲ့ ဝတ်ဆင်လို့ရတဲ့ အခြား ပစ္စည်း တွေလဲ ရှိပါတယ်။ ဘယ်လို ပစ္စည်းက မိမိနဲ့အဆင်ပြေမလဲ ဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ပါ။
အောက်ဆီဂျင်ဖြင့် ကုသခြင်း
ဆိုးဝါးသော အခြေအနေ တွေမှာ ဆေးရုံတင်ပြီး ကုသခြင်း
Corticosteroid ဖြင့် ကုသခြင်း
မှန်ကန်သော အစားအသောက်များ ရွေးချယ် စားသောက်ခြင်း
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
အိမ်တွင်းဆေးဝါးများဖြင့် ကုသခြင်း
ဘယ်လို ဘဝနေထိုင်မှု ပုံစံ ပြောင်းလဲခြင်း နှင့် ဘယ်လို အိမ်တွင်း ဆေးဝါးများဖြင့် ကုသခြင်း က ရောဂါကို လျော့စေမလဲ
စောစော ကုသဖို့သတိရပါ။ အဆုတ်ထဲကို ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။
အပြင်သွားရင် ညစ်ညမ်းသော လေတွေ၊ ဓါတု ဓါတ်ငွေ့တွေကို မရှူမိစေရန် ကာကွယ်ပါ။
အဆုတ်ကျန်းမာလာစေဖို့ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ။
သင့် ကလေးတွေကို တုပ်ကွေးရောဂါ၊ ကြက်ညှာ ချောင်းဆိုး၊ ဝက်သက်ရောဂါ ကာကွယ်ဆေးများကို တတ်နိုင်သလောက် မြန်မြန် ထိုးပေးပါ။
မေးချင်တဲ့ မေးခွန်းရှိရင် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင့်အတွက် အကောင်းဆုံး ဖြေရှင်းမှု ကို ပေးနိုင်ပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။