လေပြွန်များ ပျက်စီးခြင်း (Bronchiectasis)
လေပြွန်များ ပျက်စီးခြင်း (Bronchiectasis) အကြောင်း လေ့လာလိုက်ရအောင်လား။ လေပြွန်များ ပျက်စီးခြင်း ဆိုတာ ဘာလဲ။ အသက်ရှူလိုက်တယ်ဆိုရင် လေတွေက လေပြွန်တွေဖြတ်ပြီး အဆုတ်ထဲကို ရောက်လာပါတယ်။ လေပြွန်တွေ ပျက်စီးခြင်း ဆိုတာကတော့ လေပြွန်ရဲ့ နံရံတွေ ပြုပြင်မရအောင် ပျက်စီးပြီး ထူထဲလာတာပဲ ဖြစ်ပါတယ်။ ဒီလို ထူလာတာနဲ့အမျှ လေပြွန်ထဲက အချွဲတွေကို ကောင်းကောင်း မဖယ်ရှားနိုင်တော့တဲ့အတွက် တဖြည်းဖြည်းစုပုံလာပြီး ပိုးမွှားတွေ ပေါက်ဖွားလာပါတယ်။ ပိုးမွှားတွေ ပေါက်တဲ့အတွက် လေပြွန်တွေ ရောင်ရမ်းတယ်။ ကျဉ်းလာတယ်။ ကျဉ်းလာတဲ့အတွက် အချွဲတွေ ပြည့်လာတယ်။ ပိုးတွေ ထပ်ပေါက်တယ်။ ဒီလိုနဲ့ သံသရာလည်ပြီး နောက်ဆုံးမှာ လေပြွန်များ ပျက်စီးပြီး အဆုတ်စွမ်းဆောင်ရည်ပါ ကျလာပါတယ်။ ဒီလို ပျက်စီးတာက လေပြွန်တစ်ခု၊ နှစ်ခုပဲ ဖြစ်နိုင်သလို လေပြွန်အများကြီးလည်း ဖြစ်နိုင်ပါတယ်။ ပျက်စီးတဲ့ လေပြွန်များလေလေ […]