backup og meta

ခွဲမွေးပြီး ကိုယ်ဝန်နောက်တစ်ကြိမ်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ

ခွဲမွေးပြီး ကိုယ်ဝန်နောက်တစ်ကြိမ်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ

ခွဲမွေးပြီး ကိုယ်ဝန်နောက်တစ်ကြိမ်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ …. ကလေးမွေးဖွားရာမှာ အများဆုံးသုံးတဲ့ နည်းလမ်းကတော့ ခွဲမွေးတာပါပဲ။ ဒီနည်းလမ်းဟာ ကလေးမွေးတဲ့အချိန်မှာ မိခင်ရဲ့ ဝမ်းဗိုက်နဲ့ သားအိမ်ကို အပေါက်သေးသေးလေး ခွဲပြီး ကလေးကို ထုတ်တာပါ။

ဒီလို ခွဲမွေးတာမျိုးဟာ သဘာဝမွေးဖွားမယ့်အချိန်ထက် ပိုစောမွေးလို့ရပေမယ့် တကယ်လို့ မိခင်မှာ အန္တရာယ်များနေတဲ့အခြေအနေတွေရှိနေတယ်ဆိုရင်လည်း မိခင်နဲ့ ကလေးကို အန္တရာယ်ကင်းစေဖို့အတွက်လည်း ခွဲမွေးနိုင်ပါတယ်။

ခွဲမွေးပြီး ကိုယ်ဝန်နောက်တစ်ကြိမ်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ

ခွဲမွေးပြီး ကိုယ်ဝန်နောက်တစ်ကြိမ်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ ဆိုတော့ ဒါက သင့်ရဲ့ အခြေအနေပေါ်မှာမူတည်ပြီး စောင့်ဆိုင်းရတဲ့အချိန်ဟာ ၆ လမှ ၂ နှစ်ထိရှိနိုင်ပါတယ်။ ဒါဟာ သဘာဝအတိုင်းမွေးဖွားထားတဲ့ မိခင်တွေ စောင့်ဆိုင်းရတဲ့ အချိန်ကာလနဲ့ အတူတူပါပဲ။

အန္တရာယ်အကင်းဆုံးကတော့ သင့်ခန္ဓာကိုယ်က ပြောင်းလဲမှုတွေနဲ့ အသားကျတဲ့အချိန်ထိ တတ်နိုင်သမျှ ကြာကြာစောင့်ဆိုင်းတာပါပဲ။ ဒါပေမဲ့ လူတိုင်းရဲ့ အခြေအနေက တူညီကြတာမဟုတ်ပါဘူး။ အကောင်းဆုံး အကြံဉာဏ်ကို ရယူနိုင်ဖို့ အတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဒီအချိန်အတွင်းမှာ သင့်ခန္ဓာကိုယ်က သူ့အလိုလိုပျောက်ကင်းဖို့ ကုသနေမှာဖြစ်ပြီး ဆုံးရှုံးသွားတဲ့ အာဟာရတွေကို ပြန်လည်ဖြည့်တင်းနေတဲ့အပြင် သင့်ကလေးအတွက်လည်း နို့ရည်တွေ ထုတ်ပေးနေရပါသေးတယ်။

ဒီလို အလုပ်တွေ အများကြီး ဆောင်ရွက်ရခြင်းဟာ သင့်ခန္ဓာကိုယ်ကို ဝန်ပိစေတဲ့အတွက် နောက်ကလေးတစ်ယောက်ကို ဆက်ယူခြင်းက သင့်ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေတဲ့အပြင် ကလေးအတွက်လည်း အန္တရာယ်မကင်းလှပါဘူး။

ဥပမာ- ကိုယ်ဝန် ဆောင်စဉ်တုန်းက ကလေးနဲ့ အချင်းကို ပို့ထားပေးရတဲ့ သံဓာတ်တွေနဲ့ သွေးတွေ ဆုံးရှုံးထားတာကြောင့် ကလေးမွေးပြီးချိန်မှာ သွေးအားနည်းရောဂါတွေ ဖြစ်နေနိုင်ပါတယ်။

ခွဲမွေးတဲ့အမျိုးသမီးတွေကတော့ ရိုးရိုးမွေးတာနဲ့စာရင် သွေးကို ၂ဆ ဆုံးရှုံးထားရတာပါ။

ကလေးမွေးပြီးတဲ့နောက် ဘာတွေကို ပြင်ဆင်မျှော်လင့်ထားရမလဲ

မွေးပြီးချိန်မှာတော့ သင်ဟာ ပင်ပန်းပြီး နာကျင်နေနိုင်ပါတယ်။ ခါးနာတာမျိုးကို မပြောနဲ့။ နာကျင်နေတဲ့ နို့သီးခေါင်းတွေနဲ့ Perineum (စအိုနဲ့ မိန်းမကိုယ်ကြားနေရာ) တွေမှာ နာကျင်နေတာဟာ ရက်သတ္တပတ်အနည်းငယ်တော့ ကြာမြင့်ဦးမှာပါ။

ကလေးတစ်ယောက် မွေးဖွားခြင်းဟာလည်း သင့်မိသားစုအပေါ်မှာ ဖိစီးမှု အနည်းနဲ့အများ ဖြစ်စေပြီး မိခင်ဘဝကို အသစ် စဖို့အတွက် သင်ချင့်ချိန်ရမှာတွေ ရှိနေပါသေးတယ်။ ဒီလို ဖိစီးမှုတွေပေးတဲ့ ကိစ္စ အားလုံးကြောင့်လည်း သင် ခါတိုင်းလို နေ့စဉ်ဘဝကို ရရှိနိုင်ဦးမှာ မဟုတ်ပါဘူး။

တကယ်လို့ ချက်ချင်းကြီး နောက်ထပ် ကလေးတစ်ယောက် ယူမယ်ဆိုရင် သားအိမ်ကွဲခြင်း ဒါမှမဟုတ် အချိန်မတိုင်မီ မွေးခြင်း ဒါမှမဟုတ် အလေးချိန် မပြည့်တဲ့ ကလေးမွေးခြင်း စတဲ့ ကိုယ်ဝန် ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

ခန္ဓာကိုယ် အနားရဖို့ အတွက်နဲ့ သူ့အလိုလို ကုသပျောက်ကင်းနိုင်ဖို့ အတွက် အချိန် တစ်ခုပေးထားပါ။ သင်ကိုယ်တိုင်လည်း အနားယူချိန်များများ ယူခြင်း အားဖြင့် ကလေးကိုလည်း ပိုပြီး ဂရုစိုက်နိုင်မယ့်အပြင် နောက်တစ်ယောက်အတွက်လည်း ပိုပြီးကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်မှာပါ။

တကယ်လို့ မွေးဖွားပြီး ၁၈လမတိုင်ခင်မှာပဲ နောက်တစ်ကြိမ် ကိုယ်ဝန် ရခဲ့မယ်ဆိုရင်လည်း သိပ်စိတ်မပူပါနဲ့။ အချို့သောအမျိုးသမီးတွေ အထူးသဖြင့် ၃၅နောက်ပိုင်းအမျိုးသမ်းတွေမှာတော့ ချက်ချင်းကလေးထပ်ယူတာက ကိုယ်ဝန် ပြဿနာတွေကို ပိုနည်းစေတယ်လို့လည်း ဆိုကြပါတယ်။

ဒါကြောင့် နောက်တစ်ကြိမ် ကိုယ်ဝန် ထပ်ယူဖို့ ဘယ်အချိန်က အကောင်းဆုံး ဖြစ်မလဲဆိုတာဟာ တစ်ယောက်ချင်းစီအပေါ် မူတည်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ပြောပြတိုင်ပင်တာက အကောင်းဆုံးအဖြေဖြစ်ပါလိမ့်မယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How soon after a caesarean can I get pregnant. https://www.babycentre.co.uk/x543066/how-soon-after-a-caesarean-can-i-get-pregnant. Accessed April 20, 2017.
How long should I wait before conceiving again after a c-section? https://www.babycenter.com/404_how-long-should-i-wait-before-conceiving-again-after-a-c-sec_1334487.bc. Accessed April 20, 2017.
How long should I wait before trying to get pregnant again after a c-section? http://www.parents.com/advice/pregnancy-birth/giving-birth/how-long-should-i-wait-before-trying-to-get-pregnant-again-after-a-c-section/. Accessed April 20, 2017.
C-sections: Giving birth by cesarean section. https://www.babycenter.com/0_c-sections-giving-birth-by-cesarean-section_160.bc?showAll=true. Accessed April 20, 2017.
What You Need to Know About Giving Birth by Cesarean Section. https://www.fitpregnancy.com/pregnancy/labor-delivery/what-you-need-know-about-giving-birth-cesarean-section. Accessed April 20, 2017.

ယခုပုံစံ

17/10/2023

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement