backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ကြီးနဲ့ သွားနှုတ်တဲ့အခါ ထိုးရတဲ့ ထုံဆေးက ဗိုက်ထဲကကလေးကို ထိခိုက်နိုင်လား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ကြီးနဲ့ သွားနှုတ်တဲ့အခါ ထိုးရတဲ့ ထုံဆေးက ဗိုက်ထဲကကလေးကို ထိခိုက်နိုင်လား ။ ။

သေချာ ဂရုမစိုက်ဘဲ ပေ့ါဆမိလို့ သွားနဲ့ခံတွင်းကျန်းမာရေး ယိုယွင်းလာပြီး သွားနှုတ်ရမယ်၊ အကြောသတ်ရမယ်လို့ သွားဆရာဝန်က ပြောလိုက်တာနဲ့ ကိုယ်ဝန်ကြီးနဲ့ မေမေတို့ ခေါင်းထဲ အရင်ဆုံးရောက်လာတာက သွားနှုတ်တဲ့အခါ သုံးတဲ့ ထုံဆေးက ကလေးကို ထိခိုက်နိုင်သလားပေါ့။ ထုံဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေက ကလေးဆီကို ရောက်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

ထုံဆေး ဘယ်လို အလုပ်လုပ်သလဲ ။ ။

ပုံမှန်ဆို နာကျင်ခြင်းမရှိရလေအောင် ခွဲစိတ်မှု ပြုလုပ်မယ့်နေရာကို ထုံဆေး ပမာဏ အနည်းငယ် ထိုးသွင်းလေ့ရှိပါတယ်။ ကိုယ်ဝန်ရှိနေတဲ့အကြောင်း ကို သင်ကပြောပြမှ ဆရာဝန်က ကိုယ်ဝန်ကို မထိခိုက်စေတဲ့ ဆေးတွေ ပေးမှာ ဖြစ်ပါတယ်။ ဒ့ါကြောင့် ကိုယ်ဝန်ရှိကြောင်း ပြောဖို့ မမေ့ပါနဲ့။

ကိုယ်ဝန်ကြီးနဲ့ ထုံဆေးထိုးရင် ဗိုက်ထဲက ကလေး ထိခိုက်သွားတတ်လား ။ ။

အဲဒီ အကြောင်းအရင် မပြောခင် ထုံဆေးအကြောင်းကို အရင်ပြောပြချင်ပါတယ်။ ထုံဆေးမှာ လိမ်းဆေးနဲ့ ထိုးဆေးဆိုပြီး ၂ မျိုးရှိပါတယ်။ လိမ်းဆေးကို အသုံးနည်းပြီး ထိုးဆေးကိုပဲ အသုံးများကြပါတယ်။ အကြောင်းကတော့ ထုံဆေးလိမ်းဆေးက လိမ်းလိုက်ရင် အငွေ့ပြန်သွားတတ်တာကြောင့် အသားအောက်ကို တိုက်ရိုက်ရောက်တဲ့ ထိုးဆေးကိုပဲ အသုံးများကြတာပါ။

သွားနှုတ်တဲ့အခါမှာလည်း ဒီ ထုံဆေးထိုးဆေးကိုပဲ သုံးတာများပါတယ်။ ဒီတော့ မေမေတို့ အတွက် စိုးရိမ်စရာဖြစ်လာတာပေါ့။ ဆေးထိုးလိုက်ပြီဆိုရင် ကလေးဆီ ထုံဆေးများရောက်သွားမလား။

ထုံဆေးကို ဆေးပညာအရ local anesthesia လို့ခေါ်ပါတယ်။ Local ဆိုတာ တစ်နေရာတည်းအတွက် ရည်ရွယ်တာဖြစ်ပြီး anesthesia ကတော့ ထုံဆေးလို့ အဓိပ္ပာယ်ရပါတယ်။ သွားနှုတ်တဲ့နေရာမှာ ဒီ local anesthesia ကိုပဲ အသုံးပြုတာ ဖြစ်တဲ့အတွက်ကြောင့် ဆေးက ထိုးလိုက်တဲ့ နေရာမှာပဲ ရှိနေပြီး အခြားနေရာကို ပြန့်သွားတာမျိုး မရှိပါဘူး။ ဒါ့ကြောင့် ထုံဆေး ရင်သွေးလေးဆီ ပြန့်သွားမလားဆိုပြီး စိုးရိမ်နေတဲ့ မေမေတို့ စိတ်အေးလိုက်ပါတော့။

ဒါ့အပြင် ထုံဆေးအဖြစ်သုံးတဲ့ Lignocaine ကလည်း ဘေးထွက် ဆိုးကျိုးနည်းတဲ့ ဆေးတစ်ခုဖြစ်တဲ့အပြင် ကိုယ်ဝန်ကြီးနဲ့ ဗိုက်ခွဲမွေးတဲ့အချိန်မှာလည်း ခါးဆစ်ရိုးထဲ ထုံဆေးထိုးပြီး ဗိုက်ခွဲတာဖြစ်တာကြောင့် ကိုယ်ဝန်ကို ထုံဆေးက ထိခိုက်စေတာမျိုး မရှိပါဘူး။ ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement