ခေါင်းတစ်ခြမ်းကိုက်ခြင်းက သင့်ကိုယ်ဝန်ဆောင်ခြင်းကိုဘယ်လိုသက်ရောက်စေလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 8, 2021 . 2 mins read
Share now

ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် သွေးကြောများကြောင့် ခေါင်းကိုက်ခြင်းဖြစ်ပြီး ဦးနှောက်အတွင်း သွေးကြောများကျယ်ရာမှ အစပြုသည်ဖြစ်သည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် ဖိစီးမှု သို့ အာရုံနောက်မှုတို့ကြောင့် ခေါင်းကိုက်ခြင်းနှင့် ကွဲပြားပါသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် သင်ကိုယ်ဝန်မဆောင်ခင်အထိ ထီထိုးနေသလိုပင်။ ကိုယ်ဝန်မရှိခင်ကတည်းက ခေါင်းတစ်ခြမ်းကိုက်ခဲမှု ရှိနေလျှင် ကိုယ်ဝန်ဆောင်စဉ် ပိုပြီးခေါင်းကိုက်နိုင်သည် သို့မဟုတ် ခေါင်းကိုက်မှုလျော့ပါးသွားနိုင်သည်။

သင်ကိုယ်ဝန်ဆောင်ချိန်တွင် ပထမဆုံးခေါင်းတစ်ခြမ်းကိုက်ခြင်းသည် ပုံမှန်သာဖြစ်သည်။ တချို့လေ့လာမှုများတွင် ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ဟော်မုန်းများ အနည်းငယ် ဆက်စပ်မှုရှိသည်ကို တွေ့ရ၏။ အမျိုးသမီးများသည် အမျိုးသားများထက် ခေါင်းတစ်ခြမ်းကိုက်နိုင်ခြေပိုများသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ။

ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် စစခြင်း ခေါင်းအုံနေရာမှ တဖြည်းဖြည်းနှင့် တဆစ်ဆစ်တဒိန်းဒိန်းနှင့် တောက်လျှောက်ကိုက်ကာ နားထင်၊ ခေါင်းအရှေ့ပိုင်း သို့ အောက်ခြေပိုင်းတွင် ကိုက်လေ့ရှိသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့် တစ်ခါတစ်ရံ ပျို့အန်နိုင်သည်။ တချို့လူများတွင် Aura (အော်ရာ) လက္ခဏာများ ခံစားရနိုင်သည်။ Aura ဆိုသည်မှာ လှိုင်းဆန်သို့မဟုတ် လွှသွားပုံလိုင်းများ သို့မဟုတ် တဖျပ်ဖျပ်လက်သောအလင်းပြောက်များ မြင်ရခြင်းဖြစ်သည်။ ဘေးမြင်ကွင်းများကွယ်ပြီး ရှေ့တည့်တည့်သို့သာမြင်ရခြင်း သို့မဟုတ် မြင်ကွင်းတွင် အမည်းပြောက်များမြင်ရခြင်းမျိုး ခံစားရနိုင်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးမှ ခေါင်းတစ်ခြမ်းကိုက်လျှင် အန္တရာယ်ရှိသလား။

  • ခေါင်းကိုက်ခြင်းသည် အဖျားနှင့်တွဲနေလျှင်
  • ခေါင်းကိုက်ခြင်းသည် နာရီအနည်းငယ်အထိကြာနေလျှင် သို့မဟုတ် မှန်မှန်ပြန်ဖြစ်နေလျှင်
  • အမြင်ဝါးလာလျှင်
  • သင်ခံစားနေရသည့် ခေါင်းကိုက်ခြင်းမျိုးကို ဆရာဝန်အား အသေးစိတ်ပြောပြရန် အရေးကြီးပါသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းအား ဘယ်လိုကုသမလဲ။

ခေါင်းကိုက်မှတ်တမ်းထားခြင်း

ဒီမှတ်တမ်းတွင် ခေါင်းကိုက်သည့်အခါ၊ ဘာကြောင့်ကိုက်ရသလဲ ၊ ဘယ်လောက်ကြာသလဲ ချမှတ်ရမည်။ ခေါင်းကိုက်မှတ်တမ်းထားရှိခြင်းဖြင့် ခေါင်းကိုက်စေသည့်အရာများကို သိနိုင်ပြီး ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။

အဖြစ်များသည့်အကြောင်းရင်းများ 

  • စိတ်ဖိစီးမှု
  • ချောကလက်
  • ချိစ်
  • ကော်ဖီ
  • ရာသီဥတု
  • ဟော်မုန်း

ဖြစ်ရသည့်အကြောင်းရင်းများသည် တစ်ဦးနှင့်တစ်ဦး မတူပါ။ ထို့ကြောင့် ခေါင်းကိုက်မှတ်တမ်းထားရန် အရေးကြီးပါသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အိမ်သုံးကုထုံးများ

  • ခေါင်းတွင် မျက်နှာသုတ်ပုဝါ အေးအေးလေးတင်ပါ
  • ရေအေးအေးနှင့် ရေချိုးလိုက်ပါ
  • တစ်ရေးတစ်မောအိပ်ပါ
  • ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပါ
  • တရားထိုင်ခြင်း သို့ ယောဂတို့လို စိတ်ပြေလျော့အောင်လုပ်နည်းများ လုပ်ပါ။

ခေါင်း၊ မျက်လုံး သို့ လည်ပင်းတစ်လျှောက် အပူ သို့ အအေးကပ်ခြင်းသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့်ဖြစ်စော နာကျင်မှုကို သက်သာစေသည့် အကောင်းဆုံးနည်းလမ်းများဖြစ်သည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းအား သက်သာစေမည့် ဆေးများ

ပါရာစီတမော – ကိုယ်ဝန်ဆောင်စဉ် ရွေးချယ်သင့်သော အကိုက်အကဲပျောက်ဆေးဖြစ်သည်။ သို့သော် ဘယ်ဆေးမှမသောက်ခင် ဆရာဝန်ကို အရင်မေးပါ။

ကိုယ်ဝန်ဆောင်များသည် အက်စ်ပရင် သို့ ibuprofen ဆေးများ (ဥပမာ Advil, Motrin) တို့ကိုမသောက်သင့်ပါ။ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အကောင်းဆုံး အကိုက်အခဲပျောက်ဆေးအတွက် ဆရာဝန်နှင့်တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

အက်ကွဲနေတဲ့ နှုတ်ခမ်းတွေဟာ ဆဲလ်သေတွေနဲ့ ကာကွယ်နေတာကြောင့် နှုတ်ခမ်းနီအဆီ ဆိုးလိုက်တဲ့ အခါအတွင်းအလွှာကိုမရောက်ဘဲ လိုအပ်တဲ့ပြုပြင်မှုမရနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

စိတ်ဖိစီးမှုဆိုတာဟာ ထိတ်လန့်ပြီး စိတ်မသက်မသာဖြစ်ရမယ့် အခြေအနေတခုခုကို သင့်ကိုယ်ခန္ဓာကနေ တုံ့ပြန်ခြင်းတမျိုးပဲ ဖြစ်ပါတယ်။ ကျန်းမာရေးထိခိုက်စေတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

COVID-19 ကြောင့် အသက်အန္တရာယ်အပြင်ဘာတွေဖြစ်နိုင်သေးလဲ

ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စမြဲပါ။ Covid -19 ရောဂါပိုး ကူးစက်ခံရရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေခံစားရနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

ဟော်မုန်း ခေါင်းကိုက်ခြင်း အမျိုးသမီး မျိုးရိုးဗီဇ ရောဂါ ကိုယ်ဝန်ဆောင် သွေးဆုံး ရာသီလာ တားဆေး ကလေးမွေး ဓမ္မတာလာ အိပ်ချိန် အရက် စိတ်ဖိစီးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ

အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
တန်ဆေးလွန်ဘေး ဗီတာမင်ဘေး

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read
ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read